Thursday, September 27, 2012

Advice and Information

ဒီနေ့တော့ Nouns မှာမှ အရေအတွက် ကို ဖော်ပြတာနဲ့ ပတ်သက်ပြီး မှားတတ်တာလေးတွေ ပြောပြချင်တယ်။ ကဲ စလိုက်ရအောင်နော်..

ပထမဆုံး စာလုံးအနေနဲ့ " advice " သူ ဟာ Uncountable noun ( ရေတွက်လို့မရဘူး) ဒါကြောင့် သူ့အနောက်မှ s, es ထဲ့ပြီး advices ဆိုပြီး သုံးလို့မရဘူး။ တကယ်လို့  အကြံဥာဏ် တစ်ခုပေးတယ် လို့ ပြောချင်ရင် သုံးလို့ရတာက " A piece of advice" ဆိုပြီး သုံးလို့ရတယ်။

 ဥပမာ

 John gave me some good advice. 

ဒီစာကြောင်းမှာ some ဆိုတာကို သုံးထားတယ်။ some က  Joker လိုပဲ countable nouns( ရေတွက်လို့ရတဲ့ နာမ်) နဲ့ uncountable nouns ( ရေတွက်လို့ မရတဲ့ နာမ်) နှစ်မျိုးလုံးမှာ သုံးလို့ရတယ်။့အပေါ်က ပေးထားတဲ့ ဥပမာမှာ some ကို Uncountable noun ဖြစ်တဲ့ " advice" ရှေ့မှာသုံးထားတယ်။

နောက်တစ်ခုကတော့ "Information" ပါ။
ဒီစာလုံးဟာနဲ့ advice လိုပဲ Uncountable Noun ဖြစ်တယ်။ ဒါကြောင့် သူ့ကို s,es ထဲ့သုံးလို့ မရသလို အရှေ့မှာ
articles a,an တွေနဲ့လဲ တွဲသုံးလို့မရဘူး။

ဥပမာ

I need much information about this subject.
I need many informations about this subject.

ပထမ ဥပမာမှာ Much and Information ကို အတူတူ သုံးထားတယ်။ ဆိုလိုတာက Uncountable Nouns အတွက် သုံးလို့ရတာက Much ...သူက အရေအတွက်ကို ပြတာ မှန်ပေမယ့် ရေတွက်လို့မရတဲ့ နာမ်နဲ့ တွဲသုံးတာ ဖြစ်တဲ့အတွက် s, es မထဲ့ရဘူး။ ဒုတိယ ဥပမာကို ကြည့်လိုက်ရင် ပိုရှင်းသွားတယ်။ Information ( Uncountable Noun) ကို s,es ထဲ့လို့မရတဲ့ အပြင် many ဆိုတဲ့ Countable Nouns ( ရေတွက်လို့ရသော နာမ်) တွေ အတွက်ပဲ သုံးတဲ့ အရေအတွက်ပြ စာလုံးနဲ့ တွဲသုံးထားလို့ ဒုတိယ ဥပမာဟာ မမှန်ပါဘူး။

ကဲ ဒီနေ့တော့ ဒီလောက်နဲ့ပဲ ခဏရပ်ထားလိုက်မယ်။ ဒီသင်ခန်းစာ အဆက်ကို နောက်ရက် နောက်ရက်တွေမှာ အချိန်ရအောင်ရှာပြီး အင်္ဂလိပ်စာ ဘလော့မှာ တင်နိုင်အောင် ကြိုးစားသွားပါမယ်။

ခေးရော့စ် (chaos)