Sunday, October 14, 2012

မှားသုံးမိတတ်သော စကားလုံးများ

Plenty က တကယ်တော့ Noun (နာမ်) ပေါ့။ သူက အရေအတွက် အများကို ညွှန်းချင်တဲ့ အချိန် သုံးတယ်။ တကယ်လို့ Adjective (နာမ၀ိသေသန) အနေနဲ့ သုံးရင် Plentiful ဆိုပြီး သုံးရတယ်။ ဥပမာလေး ကြည့်လိုက်ရင် ပိုရှင်းသွားမယ်။

E.g., John had plenty work to do.

ဒီဥပမာလေးမှာ Plenty ကိုသုံးထားတာ မှန်ပေမယ့် "of "ဆိုတဲ့ Preposition မပါတဲ့ အတွက် သဒ္ဒါ မမှန်ဘူးဆိုရမယ်။ တကယ် အမှန်သုံးသင့်တာက

John had plenty of work to do.
Plentiful ကို သုံးမယ်ဆိုရင်တော့
Fish are plentiful in the lake. 

ဒီ ဥပမာ မှာ Plentiful ဆိုတဲ့ Adjective ကို သုံးရမှာ ဖြစ်ပါတယ်။

Died and Dead ကိုလဲ တော်တော်များများ မှားသုံးတတ်ကြသေးတယ်။ ပထမတစ်ခုက Past Tense and Past Participle ဖြစ်လို့ သူ့ကို အတိတ်က ဖြစ်ခဲ့တဲ့ အကြောင်းတွေကို ပြောမယ့် အချိန်နဲ့ Passive Sentences တွေမှာ သုံးတယ်။ Dead ကကျတော့ Adjective အနေနဲ့ သုံးရတာပါ။ ဒါဆို ဒီစာလုံးတွေကို စာကြောင်းတွေမှာ ဘယ်လိုသုံးကြမလဲ? အောက်မှာ ပြထားတဲ့ ဥပမာလေးတွေကို ဆက်ကြည့်ရအောင်နော်။

E.g., 1. His grandfather died yesterday.
        2. His grandfather is dead. 

E.g., 1 and 2 နှစ်ခုလုံးက မှန်နေတယ်။ ဒါဆို ဘယ်လို ပုံစံနဲ့ မှားတတ်ကြလဲ ကြည့်ရအောင်။ များသောအားဖြင့် သတိထားမိတာက Eg 1 မှာ ပြထားတဲ့ died နေရာကို 
His grandfather was died yesterday. ဆိုပြီး မှားသုံးတတ်ကြတယ်။

With best wishes,
Chaos



7 comments:

Unknown said...

ဆက်လက် ရေးသားနိုင်ပါစေ

Crack Faqs said...

It's a great article. In the future, I hope you will write more like this.

KMSPICO ACTIVATOR

Crack Name said...

I like your post style as it's unique from the others I'm seeing on the page
HitFilm Pro

Activators4Windows said...

The article is excellent. I hope to see more writings like this from you in the future.

Microsoft Toolkit

Activators4Windows said...

Many Thanks for the shared this informative and interesting post with me. Windows 7 Ultimate Activator

crack Store said...

Many thanks for the shared this informative and interesting post with me. https://crackstores.com/wondershare-dvd-creator-crack/

Crackedway said...


Many thanks for the shared this informative and interesting post with me.
kilohearts-toolbox-ultimate