Showing posts with label Grammar. Show all posts
Showing posts with label Grammar. Show all posts

Wednesday, March 5, 2008

ဝါကျဖွဲ့စည်းပုံ..(၁)

အရင်ပို့စ်မှာ ၀ါကျဖွဲ့စည်းပုံလေးကို ပဏာမ ပြောသွားပါတယ်။

S+V+O(PTMR) ဆိုပြီး အလွယ်မှတ်ခဲ့ပါတယ်။
အဲဒီမှာမှ subject နဲ့ object တွေမှာ noun, pronoun နဲ့ singular, plural ပုံစံတွေ ထပ်မံသိဖို့ လိုအပ်သလို verb မှာလဲ verb to do, verb to be, helping verb နဲ့ phrasal verb တွေအကြောင်း verb တွေရဲ့ tense တွေအကြောင်း၊ active, passive ပုံစံတွေအကြောင်းလဲ ထပ်မံသိဖို့ လိုအပ်ပါသေးတယ်။ ပြီးတော့ ဒီ noun တွေ verb တွေကို ထူးခြားအောင် လာလုပ်ပေးတဲ့ adjectives, adverbs (နာမ၀ိသေသန၊ ကြိယာဝိသေသန) တွေ အကြောင်းလဲ ဆင့်ပွားသိရှိ အသုံးချရပါမယ်။ အဲဒါတွေကိုတော့ နောက်မှ ထပ်ပြီး ဆွေးနွေးပြောပြချင်ပါတယ်။

ဒီပို့စ်မှာတော့ verb to be နဲ့ ပါတ်သက်ပြီး be, am, is, are, was, were, been, being တွေရဲ့ အဓိပ္ပါယ် သက်ရောက်ပုံ ရှိသည်၊ ဖြစ်သည် ပေါ်မှာ မူတည်ပြီး အနောက်မှာ လိုက်တဲ့ noun သည် object အနေနဲ့ မဟုတ်တော့ပဲ complement(ဖြည့်စွက်ပုဒ်) အဖြစ် ခေါ်ဝေါ်သုံးစွဲပုံလေးကို ပြောပြချင်တာပါ။
ဥပမာ-
Mg Mg is a teacher.
မောင်မောင် သည် ဆရာ တစ်ယောက် ဖြစ်ပါသည်။
Mg Mg = Subject
is = verb to be
a teacher= complement (ကံပုဒ် object မဟုတ်တော့ပါ)။

နောက်ထပ် ဥပမာတခုအနေနဲ့ There was a very pretty girl in this ancient city. ဆိုပါတော့
ဤရှေးဟောင်းမြို့တော်တစ်ခုတွင် အလွန်လှပသော မိန်းကလေးတစ်ယောက် ရှိခဲ့သည်။
a very pretty girl = complement
There = subject
was = verb to be
in this ancient city = place(adverb)

အဲတော့ S+V+complement ဆိုပြီးဖြစ်ပါတယ်။
နားလည်လွယ်ပါတယ်နော်။

တလက်စတည်း adjective လို့မခေါ်ဝေါ်ပဲ Nouns in position (မြန်မာလို ဘယ်လိုခေါ်ပ၊ သိရင်ပြောပေးကြပါဦး)
အနေနဲ့ အသုံးပြုတဲ့ ပုံစံတခုကို ပြောပြချင်ပါတယ်။
အဲဒါကတော့ ကိုယ်ပိုင်နာမ်(private noun) တခုကို ထူးခြားအောင် ဖေါ်ပြချင်တဲ့ အခါမျိုးမှာ နာမ၀ိသေသနနဲ့ တွဲဖက်ဖေါ်ပြလို့ မရပဲ အဲဒီ nouns in position ပုံစံလေးနဲ့ အသုံးပြုရပါတယ်။
ဥပမာ- Mg Mg, a young business man, donate 10,000 $ to MBS for fire rescue fund.
မြန်မာလိုမှာတော့ လူငယ်စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ မောင်မောင်သည် မီးဘေးကယ်ဆယ်ရေး ရံပုံငွေအတွက် ဒေါ်လာ တစ်သောင်းကို MBS သို့ လှူဒါန်းပါသည်။ အဲလို ရေးလို့ဖြစ်ပေမဲ့
အင်္ဂလိပ်လိုမှာကတော့ မောင်မောင်ကို တိုက်ရိုက် adjective နဲ့ အထူးပြုဖေါ်ပြလို့ မရတဲ့ အတွက် ကော်မာခံပြီးမှ အဲလို ဖြည့်စွက်ဖေါ်ပြသွားရပါတယ်။ ဘာသာပြန်တဲ့အခါမှာတော့ မောင်မောင်သည် မီးဘေးကယ်ဆယ်ရေး ရံပုံငွေအတွက် ဒေါ်လာ တစ်သောင်းကို MBS သို့ လှူဒါန်းပါသည်။ မောင်မောင်ဆိုသည်မှာ လူငယ်စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်ပါသည် ဆိုပြီး နှစ်ကြောင်း အဓိပ္ပါယ် ပြန်ရပါမယ်။

နောက်ဥပမာ တခု ထပ်စဉ်းစားကြည့်ရအောင်နော်။
Mandalay, the second largest city, was the last Kingdom of the Myanmar Dynasty before the British took over.
အဲဒီမှာ မန်းလေးကို ဒုတိယအကြီးဆုံးမြို့တော်ဆိုပြီး ဖြည့်စွက် အထူးပြုသုံးနှုံးထားတာပါ။

စကားစပ်တုန်း ဘာသာပြန်တာလေးရဲ့ အစီအစဉ်ကိုလဲ ပြောပါရစေ။
အင်္ဂလိပ်မှာ subject, verb, object တွေနဲ့ ၀ါကျထဲမှာ ပါဝင်မှုတွေကို ABC လို့ အစဉ်လေးလုပ်ကြည့်ရင် မြန်မာလို ဘာသာပြန်တဲ့ အခါ CBA အဖြစ်ဘာသာပြန်ရပါမယ်။ လောလောဆယ်မှတ်ရုံမှတ်ထားပေးပါ။ နောက်များ ကြုံရင် ဥပမာလေးနဲ့ တကွ တင်ပြပါမယ်နော်။

လာဖတ်သွားရင် ကျမပြောသွားတဲ့ ထဲက လိုအပ်ချက်လေးများတွေ့ခဲ့ရင် ညွှန်ပြဝေဖန်အကြံပေးသွားကြပါဦးလို့..
ကျေးဇူးတင်ပါတယ်။

Tuesday, February 26, 2008

ဝါကျ ဖွဲ့စည်းပုံ

ပထမဦးဆုံး စတင်ဆွေးနွေးလိုတာကတော့ အင်္ဂလိပ်စာရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ Eight Parts of Speech ကို ဆွေးနွေးလိုပါတယ်. မြန်မာသဒ္ဒါမှာတော့ ၀ါစက (၈) မျိုးလို့ ခေါ်ပါတယ်ခင်ဗျာ. အဲဒါတွေကတော့

1. Noun (နာမ်)
2. Pronoun (နာမ်စား)
3. Verb (ကြိယာ)
4. Adverb (ကြိယာဝိသေသန)
5. Adjectives (နာမ၀ိသေသန)
6. Preposition (ရှေ့ဆောင်ပုဒ် (၀ါ) ၀ိဘတ်) (နေရာရှေ့ဆက်များ)
7. Conjunction (စကားဆက် (၀ါ) သမ္ဗန္ဓ)
8. Interjection (အာမေဍိတ်)

စသည်တို့ပဲ ဖြစ်ပါတယ်.

အဲဒီ့ ၀ါစက ရှစ်မျိုးကို အသုံးပြုပြီးတော့ ၀ါကျများကို တည်ဆောက်ထားခြင်းပဲ ဖြစ်ပါတယ်ခင်ဗျာ. ဒီ ၀ါစကရှစ်မျိုးကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ရင်တော့ English Grammar ကို ပိုင်နိုင်သူတစ်ယောက် ဖြစ်ဖို့ ရာခိုင်နှုန်းအများကြီး ရှိသွားပါပြီလို့ ဦးဦးကထိက က ပြောပါတယ်။

အခု ဆရာမ မယ်လိုဒီမောင်ကနေပြီးတော့ ဒီဝါစင်္ဂ ၈မျိုးကို အခြေခံ ဘယ်လို ထားသိုရေးသားရမလဲဆိုတာ ဆက်လက် ပြောပြချင်တာပါ။
English မှာ sentence construction (၀ါကျ ဖွဲ့စည်းပုံ) မှာ နှစ်မျိုး အရင် ခွဲခြားလိုပါတယ်။ အဲဒါကတော့
Simple sentence (ရိုးရှင်းလွယ်ကူသော ၀ါကျ) နှင့် Complex sentence (ထွေပြားသောရှုပ်ထွေးသော ၀ါကျ) လို့ပဲ မြင်ကြည့်ချင်ပါတယ်။

Simple sentence Construction အနေနဲ့ဆိုရင် S+V+O(PTMR) ဆိုပြီး အလွယ်မှတ်ကြပါစို့။
ဒီနေရာမှာ S ဆိုတာ Subject (ပြုလုပ်သူ) ကိုပြောတာပါ။
V ကတော့ Verb(ပြုခြင်း၊လုပ်ခြင်း သို့မဟုတ် ကြိယာ) ကိုဆိုလိုပြီးတော့ O ကတော့ Object(အပြုခံရသူ) ဖြစ်ပါတယ်။ PTMR ကတော့ ကြိယာဝိသေသန (Adverbs များဖြစ်ကြတဲ့ place, time, manner, reason) နေရာ၊ အချိန်၊ အပြုအမူနဲ့ အကြောင်းပြချက်တို့ဖြစ်ပါတယ်။

အဲဒီတော့ ကျမဆိုလိုချင်တာက ရိုးရှင်းသောဝါကျတစ်ကြောင်းဖွဲ့စည်းဖို့ ဒီအစီအစဉ်ကို အလွတ်မှတ်သားစေချင်ပါတယ်။ မြန်မာသဒ္ဒါလိုဆိုရင် ကတ္တား+ကြိယာ+ကံပုဒ် နှင့် ကြိယာဝိသေသန တို့ ဆိုတဲ့ အတိုင်းဖြစ်ပါတယ်။
နမူနာလေးတွေ ရေးကြည့်မယ်ဆိုရင်..

I drink coffee daily. Where as I = S; drink= V; coffee= O and daily = T

Mg Mg held Birthday Party at Park Royal Hotel Last Night. Where as Mg Mg= S; held= V; Birthday Party=O; at Park Royal Hotel=P and Last Night=T

တကယ်လို့ ဥာဏ်ကွန့်မြူးမယ်ဆိုရင် Happily ဆိုပြီး အပြုအမူ Manner ကို သူ့နေရာ အလိုက် နောက်ဆုံးမှာ ထည့်သုံးလို့ ရပါတယ်။ (မှတ်ချက်၊။ အကယ်၍ Last Night ဆိုတဲ့ အချိန်ကို ရှေ့ဆုံးမှာ ကော်မာခံပြီးရေးမယ်ဆိုလဲ ဦးစားပေးရေးတဲ့အနေနဲ့ ရေးလို့ရပါတယ်။ ဒီလိုခြွင်းချက်တွေကိုတော့ နောက်မှ ဆက်ပြောပါရစေ)

ဒါဆိုရင် ခုလို simple sentence လေးတွေကို ၁၀ကြောင်းလောက် စိတ်ကူးထဲမှာဖြစ်ဖြစ် စာရွက်ပေါ်မှာဖြစ်ဖြစ် စမ်းတွေးရေးကြပါဦးလို့ အရင် တိုက်တွန်းလိုက်ပါတယ်။

နောက်ရက်များမှ ဆက်လက်ပြီး Simple sentence ရဲ့ တခြားမတူညီမှုလေးကို ဆက်ရေးပါမယ်နော်။

Monday, November 26, 2007

Eight Parts of Speech အကြောင်းသိကောင်းစရာများ


အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ပထမဦးဆုံး စတင်ဆွေးနွေးလိုတာကတော့ အင်္ဂလိပ်စာရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ Eight Parts of Speech ကို ဆွေးနွေးလိုပါတယ်. မြန်မာသဒ္ဒါမှာတော့ ၀ါစက (၈) မျိုးလို့ ခေါ်ပါတယ်ခင်ဗျာ. အဲဒါတွေကတော့

1. Noun (နာမ်)
2. Pronoun (နာမ်စား)
3. Verb (ကြိယာ)
4. Adverb (ကြိယာဝိသေသန)
5. Adjectives (နာမ၀ိသေသန)
6. Preposition (ရှေ့ဆောင်ပုဒ် (၀ါ) ၀ိဘတ်)
7. Conjunction (စကားဆက် (၀ါ) သမ္ဗန္ဓ)
8. Interjection (အာမေဍိတ်)

စသည်တို့ပဲ ဖြစ်ပါတယ်.

အဲဒီ့ ၀ါစက ရှစ်မျိုးကို အသုံးပြုပြီးတော့ ၀ါကျများကို တည်ဆောက်ထားခြင်းပဲ ဖြစ်ပါတယ်ခင်ဗျာ. ဒီ ၀ါစကရှစ်မျိုးကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ရင်တော့ English Grammar ကို ပိုင်နိုင်သူတစ်ယောက် ဖြစ်ဖို့ ရာခိုင်နှုန်းအများကြီး ရှိသွားပါပြီ.

ဥပမာလေးတွေနဲ့ ကြည့်လိုက်ကြရအောင်လား…


1. Noun

နာမ်လို့ ခေါ်ပါတယ်. အမည်နာမကို ကိုယ်စားပြုပါတယ်. ဒါကတော့ အားလုံး ရင်းနှီးကျွမ်းဝင်ပြီးသားပဲ ဖြစ်ပါတယ်. Noun ကို ထပ်မံခွဲခြမ်းစိတ်ဖြာထားတာတွေ ရှိပါသေးတယ်.

Proper Nouns
Common Nouns
Abstract Nouns
Combined Nouns စတာတွေ ရှိပါသေးတယ်. အဲဒါတွေကိုတော့ နောက်မှပဲ အသေးစိတ် ဆွေးနွေးပါဦးမယ်.

Definition လေးနဲ့ ပြောရရင်တော့

A word which is a person, place, thing or idea.

e.g. Johnny, Rangoon, Giraffe (သစ်ကုလားအုတ်), Ostrich (ငှက်ကုလားအုတ်), Camel (ကုလားအုတ်), Cuckoo (ဥဩ)… စသည်တို့ပဲ ဖြစ်ပါတယ်.

2. Pronoun (နာမ်စား)

နာမ်အစားသုံးတဲ့ ပုဒ်ကို နာမ်စားလို့ခေါ်ပါတယ်.

A word that is used to take the place of a noun.

e.g. I, they, their, ourselves, itself, your, my, nobody, who, which, her, we

(i) Angelina Jolie is an amazing actress. She helps the poor as much as she can.
(ii) A dog never bites its feeding hands.

3. Adjective (နာမ၀ိသေသန)

နာမ်၏ ရှေ့မှဖြစ်စေ၊ နောက်မှဖြစ်စေ နာမ်ကို အထူးပြုနေသော ပုဒ်၊ စကားလုံးကို နာမ၀ိသေသနလို့ ခေါ်ပါတယ်.

A word that is used to describe a noun or pronoun.

e.g. proud, purple, French, few, this, huge, sad, second, none

the white horse

မြင်း… ဘယ်လိုမြင်းလဲ… မြင်းဖြူ… ဒီနေရာမှာ white ဆိုတဲ့ စကားလုံးက Horse ဆိုတဲ့ Noun ကို အထူးပြုနေတယ်. ဘယ်လို Horse ဖြစ်တယ် ဆိုတာကို ဖော်ပြနေပါတယ်.

He won the first place in the competition.

ပြိုင်ပွဲမှာ နိုင်တယ်. ဘယ်လိုနိုင်လဲ. ပထမနေရာကိုရတယ်. ဒီနေရာမှာ place ဆိုတဲ့ noun ကို first ဆိုတဲ့ စကားလုံး က အထူးပြုနေတယ်. ဘယ်လိုနေရာကို ရရှိတယ် ဆိုတာကို ဖော်ပြနေပါတယ်. ဒါကြောင့် first ဟာ adj ဖြစ်တယ်.

4. Verb (ကြိယာ)

ပြုခြင်းကိုဖြစ်စေ၊ ဖြစ်ခြင်းကိုဖြစ်စေ၊ ရှိခြင်းကိုဖြစ်စေ ပြသောပုဒ်ကို ကြိယာဟုခေါ်သည် လို့ မှတ်သားခဲ့ဖူးပါတယ်.

A word that indicates an action, being or state or being.

e.g. play, run, think, study, smell, wait, be, drive, announce, blog

U Mya feels proud of his daughter when she is chosen for the school’s choir.
(choir ဆိုတာက ကျောင်းတွေ၊ Church တွေမှာ အုပ်စုလိုက် သီချင်းဆိုတဲ့ အဖွဲ့မျိုးကို ခေါ်ပါတယ်.)

5. Adverb (ကြိယာဝိသေသန)

ကြိယာ၏နောက်မှဖြစ်စေ ရှေ့မှဖြစ်စေ ကြိယာ၏ အဓိပ္ပါယ်ကို လေးနက်စေရန် အထူးပြုသောပုဒ်ကို ကြိယာဝိသေသနဟု ခေါ်သည် လို့ မြန်မာသဒ္ဒါက ဆိုထားပါတယ်.

A word that is used to describe a verb which tells how, where, or when something is done.

e.g. carefully, often, very, intelligently, quite, too, rarely, never.

Since it is raining, Zaw Zaw drives his care carefully.

ဇော်ဇော်ကားမောင်းတယ်. ဘယ်လိုမောင်းလဲ. သတိထားမောင်းတယ်. ဒီနေရာမှာ carefully ဆိုတဲ့ စကားလုံးက drives ဆိုတဲ့ verb ကို အထူးပြုနေတယ်. ဘယ်လိုမောင်းတယ်ဆိုတာကို ဖော်ပြနေတယ်. ဒါကြောင့် carefully ဟာ adverb ဖြစ်တယ်.

Don’t be superstitious! Ghost never exists.

အယူမသည်းစမ်းပါနဲ့. သရဲဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး.

ဒီနေရာမှာ never ဆိုတဲ့ စကားလုံးက exists ဆိုတဲ့ ကြိယာကို အထူးပြုနေပါတယ်. မရှိခဲ့ဖူးဘူး. ဘယ်လိုမျိုးလဲ. ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူးလို့ အလေးအနက်ထားပြီး ပြောလိုက်တယ်. ဒါကြောင့် never ဟာ adverb ဖြစ်တယ်.

6. Preposition (ရှေ့ဆောင်ပုဒ် (၀ါ) ၀ိဘတ်)

ဝိဘတ်ဆိုတာ နာမ် (သို့မဟုတ်) နာမ်စားတစ်ခုရှေ့မှာ ထားရတဲ့ စကားလုံးဖြစ်ပါတယ်. ဘာကြောင့်ထားရသလဲ ဆိုရင် အဲဒီ့နာမ်၊ နာမ်စားနဲ့ အခြားနာမ်၊ နာမ်စားတို့ရဲ့ ဆက်သွယ်ပုံကို ဖော်ပြပေးဖို့ပဲ ဖြစ်ပါတယ်.

A word used indicating the relationship of a noun or pronoun to another word.

e.g. in, until, of, from, after, under, beyond, across, toward

The baby is in the cradle.

ကလေးငယ် ပုခက်ထဲမှာ ရှိနေတယ်. ဒီနေရာမှာ in ဆိုတဲ့ စကားလုံးဟာ ဘာကိုပြောသလဲဆိုတော့ ကလေးငယ်ဆိုတဲ့ နာမ်နဲ့ ပုခက်ဆိုတဲ့ နာမ်နှစ်ခုကြားက ဆက်သွယ်မှုကို ဖော်ပြနေပါတယ်. ဘယ်လိုဖော်ပြနေလဲ.

ကလေးငယ်ဟာ ပုခက်… ဘာလဲ….

ပုခက်ထဲမှာလား. ပုခက်ပေါ်မှာလား. ပုခက်အောက်မှာလား… in တဲ့ . ပုခက်ထဲမှာပါလို့ ပြောလိုက်တယ်. ဒီလိုမျိုး Noun နှစ်ခုရဲ့ ဆက်သွယ်မှုကို ဖော်ပြပေးလို့ in ဆိုတဲ့ စကားလုံးဟာ preposition ဖြစ်တယ်.

7. Conjunction (စကားဆက် (၀ါ) သမ္ဗန္ဓ)

စကားဆက်ဆိုတာ ဆက်သွယ်ပေးတဲ့ စကားလုံးပါ. စကားလုံးတစ်လုံးကို အခြားစကားလုံးတစ်လုံးနဲ့၊ ၀ါကျတစ်ခုကို အခြားဝါကျတစ်ခုနဲ့ ဆက်သွယ်ပေးပါတယ်.

A word that is used to join words or groups of words.

e.g. and, or, but, neither, because, while, since, although

Physics and Chemistry are science subjects.

Phyiscs နဲ့ Chemistry ဆိုတဲ့ နာမ်နှစ်ခုကို ဆက်ထားတယ်. ဒါကြောင့် and ဟာ conjunction ဖြစ်တယ်.

I can’t do this but I will do this because I love you so much.

ဒီနေရာမှာ စာကြောင်းသုံးကြောင်းရှိပါတယ်.

I can’t do this. I will do this. နဲ့ I love you so much ပါ.

အဲဒီ့သုံးကြောင်းကို ဆက်ထားပါတယ်. ဒါကြောင့် but နဲ့ because တို့ဟာ conjunction တွေဖြစ်ပါတယ်.

8. Interjection (အာမေဋိတ်)

စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ ပြင်းပြတဲ့ ရုတ်တရက် ခံစားချက်တွေကို ဖော်ပြဖို့ သုံးတဲ့ စကားလုံးတွေပါပဲ.

A single word used to express strong emotion.

e.g. Wow! Ah! Oh! No! Oh my God! Bravo! What a pity!

Wow! Look at that! It’s unbelievable. My blog is on google.

ကဲကဲ. ဒီလောက်ဆို အားလုံး သဘောပေါက်လောက်ပြီ ထင်ပါတယ်ခင်ဗျာ. မပေါက်သေးရင်လည်း နောက်တစ်ခေါက် ထပ်ဖတ်စေချင်ပါတယ်. မရှင်းလင်းတာများကို ကော်မန့်မှာ ၀င်ရောက်မေးမြန်းနိုင်ပါတယ်.

ဖတ်ပြီးရင်တော့ ဒီ exercise လေးကို ကြိုးစားဖြေကြည့်ပါခင်ဗျာ. အဖြေမှန်ကို နောက်ရက်မှာ တင်ပေးသွားပါမယ်.

ဒီအောက်က စာကြောင်းတွေမှာ ဘယ်ဟာက noun, pronoun, verb, conjunction စသည်ဖြင့် ခွဲခြမ်းစိတ်ဖြာဖို့ပါပဲ. ကဲ. စပါပြီ.

ဒီစာကြောင်းလေးတွေထဲမှာ အဆင့်မြင့်တဲ့ မြုပ်ကွက်လေးတွေလည်း ထည့်သွင်းထားပါသေးတယ်. ဘာကြောင့်လဲဆိုတော့ ဒီသင်ခန်းစာကိုလေ့လာနေသူများဟာ Level အမျိုးမျိုးဖြစ်နိုင်လို့ပါပဲ. အားလုံးတစ်စုံတစ်ခုကိုတော့ ရသွားစေချင်ပါတယ်. ဒါကြောင့် ကြိုးစားပြီး ဖြေဆိုကြည့်စေလိုပါတယ်ခင်ဗျာ.

1. Naing Ye comes from a rich family. He is well-raised by his father.

2. The poet writes poems while the composer composes the songs.

3. Ouch! Take it easy, man! It really hurts.

4. Among many actors, Arnold is not only the actor but also the politician.

5. Love is stronger than justice.

6. Art is a marriage of the conscious and the unconscious.

7. I saw a saw on a saw.

8. It takes a long time to become young.

9. Man is the only animal that laughs and has a state legislature. (Samuel Butler)

10. We forfeit three-fourths of ourselves in order to be like other people. (Arthur Schopenhauer)

11. Love is composed of a single soul inhabiting two bodies. (Aristotle)

12. As for me, all I know is that I know nothing. (Socrates)

13. A good decision is based on knowledge and not on numbers. (Plato)

14. I am not an Athenian or a Greek, but a citizen of the world. (Diogenes)

15. Character is long-standing habit. (Plutarch)


ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ.
ဦးဦးကထိက