Showing posts with label PK. Show all posts
Showing posts with label PK. Show all posts

Monday, October 8, 2012

သဘောတူလား၊ မတူဘူးလား

Yes တို့ No တို့ ဆိုတာ အင်္ဂလိပ်စကားပြောမှာ အများဆုံးသုံးတဲ့ စကားလုံးတွေထဲက အပါအဝင်ပါ။ တစ်ဖက်လူက ပြောတဲ့ အကြောင်းအရာကို သဘောတူတယ် မတူဘူး ဆိုတာကို Yes သို့မဟုတ် No နဲ့ ပြောကြရတာပါပဲ။ အကြောင်းသင့်လို့ မြန်မာဘာသာနဲ့ အင်္ဂလိပ်ဘာသာ နှစ်ခုမှာ ဟုတ်ကဲ့၊ ဟင့်အင်း ပြောပုံ မတူတာလေး ပြောပါရစေ။ ဥပမာပေါ့ဗျာ။ မောင်ဖြူဟာ မနေ့က ကျောင်းကို သွားခဲ့တယ်။ အဲဒါကို မောင်မဲက သိချင်လို့ မေးတယ်ဆိုပါစို့။

မောင်မဲ - မနေ့က မင်း ကျောင်းသွားသလား။ လို့ မေးရင်
မောင်ဖြူ - ဟုတ်ကဲ့၊ သွားပါတယ်။ လို့ ဖြေမယ်။
မောင်မဲ - မနေ့က မင်း ကျောင်းမသွားဘူးလား။ လို့ မေးရင်
မောင်ဖြူ - မဟုတ်ဘူး၊ သွားပါတယ်။ လို့ ဖြေလိမ့်မယ်။ ကဲ အင်္ဂလိပ်နဲ့ ဘာကွာသလဲ ဆိုတာ သိရအောင် ကျနော် အင်္ဂလိပ်လို မေးဖြေလုပ်ပြမယ်။
A : Did you go to school yesterday?
B : Yes, I did.
A : Didn't you go to school yesterday?
B : Yes, I did. (No, I did လို့ ဖြေလို့ မရဘူး)

ကဲ ဘာထူးသလဲ သတိထားမိလား။ မြန်မာစာမှာက မေးခွန်းတစ်ကြောင်းလုံးရဲ့ အဓိပ္ပာယ်ပေါ် မူတည်ပြီး Yes/No ဖြေတယ်။ မောင်မဲရဲ့ ဒုတိယအမေးဟာ မှားတဲ့အတွက် မောင်ဖြူက ဟင့်အင်း ဆိုပြီး ငြင်းပါတယ်။ အင်္ဂလိပ်မှာကြတော့ တစ်ကြောင်းလုံးရဲ့ အဓိပ္ပာယ်ကို မယူတော့ဘူး။ ရိုးရိုးမေးခွန်လား (Did you?)၊ အငြင်းမေးခွန်းလား (Didn't you?) ဆိုတာ ခဏ မေ့ထားတယ်။ ကျောင်းသွားခြင်း၊ မသွားခြင်းကိုပဲ အဓိကထား ဖြေတယ်။ ကျောင်းမသွားဘူးလားလို့ မေးပေမယ့် ကျောင်းသွားတာ မှန်တယ်တဲ့အတွက် Yes လို့ပဲ ဖြေရပါတယ်။ အဲဒါကို လူအတော်များများ မှားကြတယ်။ ကျနော်လည်း ငယ်ငယ်က သောက်သောက်လဲ မှားခဲ့တာပါ။ နောက်ပိုင်း စေ့စေ့ပေါက်ပေါက် လေ့လာမှ ကွာမှန်း သိလာရတယ်။ အင်္ဂလိပ်စာမှာ "သွားလား" လို့ပဲ မေးမေး၊ "မသွားဘူးလား" လို့ပဲ မေးမေး၊ သွားရင် Yes မသွားရင် No လို့ ဖြေရုံပါပဲ။ ဗဟုသုတအနေနဲ့ ပြောရရင်တော့ ပြင်သစ်စာမှာတော့ ထူးထူးခြားခြား ရိုးရိုးအမေးကို ထောက်ခံချင်ရင် (Oui) (အွီ) လို့ ဖြေပြီး အငြင်းမေးခွန်းကို ထောက်ခံချင်ရင် (Si) (စီ) လို့ ဖြေရတယ်။ သဘောကတော့ Yes နှစ်မျိုး ရှိတဲ့ သဘောပေါ့။ အင်္ဂလိပ်မှာတော့ Yes က တစ်မျိုးတည်း ရှိပါတယ်။ အဲဒါကို မမှားရအောင် အရင်ဆုံး ပြောပြရတာပါ။ Yes နဲ့ No များ ဘာခက်တာမို့လို့ ဆိုပြီး အထင်မသေးလိုက်ပါနဲ့။

ဒါဆို Yes မြင်တာနဲ့ သဘောတူတယ်လို့ ယူပြီး No မြင်တာနဲ့ ငြင်းတာပဲလို့ ယူဆလို့ ရနိုင်ပါ့မလား။ အဲဒီလို ယူဆလို့ မရတဲ့ အခြေအနေတချို့ကို တင်ပြပါ့မယ်။ အငြင်းနဲ့ ထောက်ခံလို့ ရတဲ့ အနေအထားတွေ ရှိပါတယ်။ ဥပမာ ကြည့်ကြစို့။
A : It isn't fair.
B : No, it isn't.
ကဲ ... အထက်က စာကြောင်းကို လေ့လာကြည့်ကြစို့။ အေ ပြောလိုက်တာက ဒါ မတရားဘူး လို့ ပြောတယ်။ ဘီရဲ့ အဖြေက ရုတ်တရက် No ကို မြင်တော့ မြန်မာအတွေးနဲ့ ဘာသာပြန်မယ်ဆိုရင် "မဟုတ်ဘူး၊ မတရားဘူး" လို့ ပြန်မိတတ်ကြတယ်။ အဲဒီ စာကြောင်းရဲ့ ဘာသာပြန်အမှန်က "ဟုတ်တယ်၊ မတရားဘူး" လို့ပဲ ပြန်ရလိမ့်မယ်။ အရှေ့စာပိုဒ်မှာ ကျနော် ရှင်းပြခဲ့သလိုပါပဲ။ အင်္ဂလိပ်စာမှာ အကြောင်းရပ်ကို အဓိကထား စဉ်းစားပြီးမှ အဖြေဖြေတယ်။ တရားသလား မတရားဘူးလားပဲ စဉ်းစားတယ်။ ဘယ်လို မေးထားသလဲဆိုတာ အဓိက မကျဘူး။ မတရားဘူးလို့ ယူဆတာကြောင့် it isn't လို့ ဖြေရတယ်။ မတရားတာကို ပြောလိုတာကြောင့် No လို့ သုံးရတယ်။ အဲဒီမှာ မြန်မာအများစုက Yes, it isn't လို့ မြန်မာစာလိုတွေးပြီး ဖြေမိတတ်ကြတယ်။ သတိထားစရာပါ။ ဒါကို ကြည့်ခြင်းအားဖြင့် အင်္ဂလိပ်စာမှာ No မြင်တိုင်း ငြင်းတာမဟုတ်ဘူး ဆိုတာ သေသေချာချာ မှတ်ထားပေးပါ။

တချို့ကျတော့ သဘောတူတာကို Yes တွေ No တွေ မသုံးဘဲ ပြန်ဖြေတတ်ကြတယ်။ that's right, that's true, I agree, sure စတဲ့ စကားလုံးတွေနဲ့လည်း သဘောတူကြောင်း ဖြေလို့ ရပါတယ်။ ဥပမာ
'She isn't usually late.' 'No, that's true.' ("ဟုတ်တယ်၊ အဲဒါ အမှန်ပဲ" လို့ အဓိပ္ပာယ်ရတယ်။)
'It's worth a try.' 'I agree.'
'We can discuss it again tomorrow.' 'Sure'

တကယ်လို့ တစ်ဦးတစ်ယောက်က ဘာကြိုက်တယ်၊ ဘာထင်မြင်တယ် ဆိုတာကို သင့်အနေနဲ့ ထောက်ခံသဘောတူချင်တယ် ဆိုရင်တော့ So do I သို့မဟုတ် I do too နဲ့လည်း ဖြေလို့ ရပါတယ်။ ဥပမာ
'I love it when it's still light at night.' 'Yes, so do I.'
'Anyway, I think Geoffrey's a nice name.' 'I do too.'
ဒီမှာ တစ်ခု မှတ်ရမှာက တကယ်လို့ တစ်ဦးတစ်ယောက်က သူတို့ ဘာမကြိုက်ဘူး၊ (အဲဒီလို) ဘာမထင်ဘူး ဆိုတာကို သင့်အနေနဲ့ ထောက်ခံသဘောတူချင်ရင်တော့ Nor do I, Neither do I သို့မဟုတ် I don't either နဲ့ ပြန်ဖြေရပါမယ်။ ဥပမာ
'I don't approve.' 'Neither (or nor) do I.'
'I don't think it's necessary.' 'I don't either.'

တကယ်လို့ အားရပါးရ သဘောတူချင်တယ် ဆိုရင်တော့ absolutely, quite သို့မဟုတ် exactly သုံးပြီး ဒီဂရီမြှင့်လို့ ရပါတယ်။ ဥပမာ 
'The police should try harder.' 'Yes, absolutely.'
'She's over-reacting a bit.' 'You're absolutely right.'

တကယ်လို့ သဘောတူရမယ့် ကိစ္စမှာ မတူတတူလို အခြေအနေမျိုး၊ မတူချင်တူချင်နဲ့ တူရတဲ့ အနေအထားမျိုးမှာ (တစ်ဝက်တစ်ပျက် သဘောတူတာ) I suppose so သို့မဟုတ် I suppose not ကို သုံးနိုင်ပါတယ်။ ဥပမာ
'It's the only way.' 'I suppose so.'
'It's not a very nice thing to say, is it?' 'No, I suppose not.'

တကယ်လို့ မရဲတရဲနဲ့ သဘောတူရမယ် ဆိုရင်တော့ I think so သို့မဟုတ် you're probably right ကို သုံးပြီး ပြန်ဖြေနိုင်ပါတယ်။ မြန်မာလိုတော့ "ထင်တာပဲလေ၊ ဟုတ်လောက်ပါတယ်" ဆိုတာမျိုးပေါ့။ ဥပမာအနေနဲ့
'She's German isn't she?' 'I think so.'

အခု ပြောသွားသမျှက သဘောတူတဲ့အခါမှာ ဘယ်လို ဖြေရမလဲဆိုတာ စုစည်းပြီး တင်ပြသွားတာပါ။ နောက်နေ့မှ သဘောမတူဘူး ဆိုရင်ကော၊ ဘယ်လို သုံးနှုန်းရမလဲဆိုတာ ဆက်လက်ဆွေးနွေးပေးပါ့မယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ပီကေ

Friday, October 5, 2012

Infinitive ရှေ့တွင် To ထည့်ရန်မလိုသော အခြေအနေများ


Infinitive ဆိုတာ ဥပမာအနေနဲ့ (to) write, (to) read စတဲ့ ပုံစံတွေကို ခေါ်တာပါ။ သူက ရိုးရိုးကြိယာနဲ့ ဘာကွာသလဲဆိုတော့ သူတို့မှာ ရိုးရိုးကြိယာတွေလို အချိန်ကာလကို မဖော်ပြနိုင်ဘူး။ ဆိုလိုတာက အတိတ်၊ အနာဂတ် စတဲ့ အချိန်ကာလကို မရည်ညွှန်းနိုင်ဘူး။ ငယ်ငယ်က သင်ထားခဲ့တာနဲ့ ပြောရရင် V2 တို့ V3 တို့ မရှိဘူးဆိုတဲ့ သဘောပါ။ Infinitive တွေဟာ လုပ်ရပ်နဲ့ အဖြစ်အပျက်ကိုပဲ ဖော်ပြနိုင်စွမ်းရှိတယ်။ infinitive အများစုဟာ ယေဘုယျအားဖြင့် သူတို့ရဲ့ အရှေ့မှာ TO ပါရတယ်။ TO ပါမှ သုံးလို့ ရနိုင်မယ့် သဘောပေါ့။ ဥပမာ
  • I want to visit Japan.
  • It's nice to be sitting here with you.
  • The main thing is to stay calm.

ဒါပေမယ့် Infinitive အကုန်လုံးလား ဆိုတော့ မဟုတ်ပါဘူး။ ချွင်းချက်အနေနဲ့ တချို့ နေရာတွေမှာ TO မပါဘဲ Infinitive ကို သုံးလို့ရတဲ့ အခြေအနေတွေ ရှိပါတယ်။ အခု ဒီပို့စ်မှာ အဲဒီ အခြေအနေတွေကို စုစည်းတင်ပြပေးသွားပါ့မယ်။

(၁) Modal Auxillary Verb တွေရဲ့နောက်မှာ
Modal Auxillary Verb တွေက ဘာတွေလဲဆိုတော့ အများသိကြတဲ့အတိုင်း will, would, shall, should, can, could, may, might, must စတာတွေပါ။ ကျနော်တို့ ငယ်ငယ်က သင်ထားတဲ့အတိုင်း သူတို့ရဲ့ အနောက်မှာ Verb 1 လိုက်ရမယ်လို့ အများသိနေပြီးသားပါ။ အဲဒီ သိနှင့်ပြီးသား Verb 1 ဆိုတဲ့ဟာကိုပဲ Infinitive လို့ ခေါ်ပါတယ်။ 
  • I must go now. (I must to go now မဟုတ်)
  • Can you help me? 
  • I would rather go alone.
  • Do you think she might be joking?
  • She will probably be elected.
  • I will have finished by tomorrow morning.
  • They would have won if they had played a bit harder.

တချို့ အခြေအနေတွေဟာ need, dare နဲ့ had better တွေရဲ့ နောက်မှာလည်း Infinitive ကို TO မပါဘဲ သုံးလို့ ရပါတယ်။
  • Need I do the washing up?
  • How dare you call me a liar?
  • You'd better see what she wants.

အထူးမှတ်ရမှာကတော့ ought, used, be နဲ့ have တွေရဲ့ နောက်မှာ သုံးမယ့် Infinitive တွေကိုတော့ TO မပါဘဲ သုံးလို့ မရပါဘူး။ ငယ်ငယ်ကတော့ ought to, used to, be to, have to လို့ နဲ့ TO တွဲကျက်ထားတော့ TO ထည့်ဖို့ မမေ့တော့ဘူးပေါ့။

(၂) Let, make, see, hear, feel, watch နဲ့ notice တို့ရဲ့ နောက်မှာ
ကဲ ... ခေါင်းစဉ်မှာ ပြထားတဲ့ ကြိယာတွေရဲ့ အနောက်မှာ Infinitive ထည့်သုံးချင်ဆိုရင် TO ကို လုံးဝ သုံးစရာမလိုဘူးဆိုတာ မှတ်ထားရမယ်။ ဥပမာ ကြည့်ကြည့်ရအောင်။
  • She lets her childern stay up very late. 

(She lets her childern to stay မဟုတ်) (She lets her childern staying လည်းမဟုတ်)
  • I made them give me the money back.
  • I didn't see you come in.
  • We both heard him say that I was leaving.
  • Did you feel the earth move?

Help, have နဲ့ know စတဲ့ ကြိယာတွေကတော့ တချို့အခြေအနေတွေမှာ TO မပါတဲ့ Infinitive တွေနဲ့ တွဲသုံးလို့ရပါတယ်။ ဥပမာ
  • Could you help me (to) unload the car? (to ကို ထည့်ချင်လည်းရတယ်၊ မထည့်ချင်လည်း ရတယ်)
  • Have Mrs Hansen come in, please. (US အသုံး)
  • I've never known him (to) pay for a drink. (Perfect Tense မြန်မာအခေါ် Verb 3 ဖြစ်တဲ့ known နဲ့ပဲ သုံးလို့ရပါတယ်)


အထူးမှတ်ရမှာက အထက်မှာပြခဲ့တဲ့ ကြိယာတွေထဲက (make, see, hear, help နဲ့ know) တွေကို Passive version ပုံစံနဲ့ ရေးပြီဆိုရင်တော့ TO သုံးကို သုံးရတော့မယ်။
  • He was made to pay back the money.
  • She was heard to say that she disagreed.


(၃) Why နဲ့ Why not ရဲ့ နောက်မှာ
တကယ်လို့ Why သို့မဟုတ် Why not နဲ့ စပြီး မေးခွန်းမေးမယ်၊ ဒါမှမဟုတ် အကြံပြုမယ်ဆိုရင်တော့ အနောက်မှာ ထည့်သုံးကို Infinitive ကို TO မပါဘဲ သုံးလို့ ရပါတယ်။ ဥပမာ ကြည့်ရအောင်။
  • Why pay more at other shops? We have the lowest prices.
  • Why stand up if you can sit down?
  • Why sit down if you can lie down?
  • You're looking tired. Why not take a holiday?


(၄) and, or, except, but, than, as နဲ့ like တို့ရဲ့နောက်မှာ
တကယ်လို့များ and, or, except, but, than, as နဲ့ like ကို ကြားခံသုံးပြီး Infinitive နှစ်ခုကို ဆက်ခဲ့ရင် ဒုတိယ Infinitive ကို TO ထည့်ပြီး ရေးစရာ မလိုတော့ပါဘူး။
  • I'd like to lie down and go to sleep.
  • Do you want to have lunch now or wait till later?
  • We had nothing to do except look at the cinema posters.
  • I'm ready to do anything but work on a farm.
  • It's easier to do it yourself than explain to somebody else how to do it.
  • It's as easy to smile as frown.
  • I have to feed the animals as well as look after the childern.
  • Why don't you do something useful like clean the flat?

Rather than ရဲ့ နောက်မှာလည်း ရံဖန်ရံခါ Infinitive ကို TO မပါဘဲ သုံးနိုင်ပါတယ်။
  • Rather than wait any more, I decided to go home by taxi.


(၅) Do ရဲ့ နောက်မှာ
All I did was, What I do is စတဲ့ Expression တွေရဲ့ အနောက်မှာ Infinitive ကို TO မထည့်ဘဲလည်း သုံးလို့ရသလို TO ပါလို့လည်း ရပါတယ်။ ဥပမာ -
  • All I did was (to) give him a little push.
  • What a fire-door does is (to) delay the spread of a fire.

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ပီကေ

Thursday, December 6, 2007

Emotion - စိတ်ခံစားမှုကို ဖော်ဆောင်သော စကားလုံးများ (၁)

ကျနော်တို့ ဘာသာစကား တစ်ခုကို လေ့လာတဲ့နေရာမှာ လုံးဝကို မသိမဖြစ် အရေးပါပြီး လျစ်လျူရှုလို့ မရတဲ့ အရာတစ်ခုကတော့ ဝေါဟာရပါ။ စကားလုံးသိမှ စာကြောင်း ဖွဲ့စည်းလို့ ရမယ်လေ။ ပထမဆုံး အဆင့်အနေနဲ့ စကားလုံး မသိလို့ ဘယ်လိုမှ မရပါဘူး။ စကားလုံးကို သိပြီ ဆိုမှ စာကြောင်းကို ဖွဲ့စည်းဖို့ စ ကြိုးပမ်းရပါတယ်။ ဒါပေမယ့် စကားလုံးလေး သိရုံလောက်နဲ့လည်း ဘာမှတော့ လုပ်လို့ မရသေးပါဘူး။ ဒါပေမယ့် စကားလုံးမှ မသိရင်တော့ ဘာမှ ဆက်လုပ်လို့ မရတော့ဘူးပေါ့။ ကျနော်တို့ ကံကောင်းတာက ဘာသာစကား တစ်ခုမှာ စာလုံးပေါင်း ၃၀၀၀ သိလျှင်ဖြင့် အဲဒီ ဘာသာစကားကို ကောင်းကောင်း အသုံးချနိုင်ပြီလို့ သိပ္ပံပညာရှင်တွေက လေ့လာ တွေ့ရှိထားပါတယ်။

တနယ်တကျေးမှာ အင်္ဂလိပ်လို ပြောကြ ဆိုကြပြီ ဆိုရင် ကျနော့် အနေနဲ့ အမြဲ အခက်တွေ့တဲ့ အရာကတော့ စကားလုံး ရှာမရခြင်းပါ။ စီးပွားရေး စကားပြောမယ်ဆိုရင် သိပ်မခက်လှပါဘူး။ ဒါပေမယ့် ခင်မင်ဖို့ ရောက်တက်ရာရာတွေ လျှောက်ပြောတော့မယ် ဆိုရင်ဖြင့် ဒုက္ခ စရောက်ပါတယ်။ သူအကြောင်း ကိုယ့်အကြောင်း ပြောကြမယ်။ သူ့ခံစားချက် ကိုယ့်ခံစားချက် ပြောကြမယ်။ သူ့အကြိုက် ကိုယ့်အကြိုက် ပြောကြတယ်။ ဥပမာအနေနဲ့ ကျနော် မြန်မာလို စကားတစ်ခွန်း ပြောကြည့်မယ်။ အဲဒါကို အင်္ဂလိပ်လို ဘာသာ ပြန်ကြည့်ပါလား။ `ကျနော့် နားထဲကို စူးခနဲ အသံတစ်ခု ကြားလိုက်ရင်ဖြင့် စိတ်ထဲက ဒိန်းခနဲ ဖြစ်သွားပြီး မျက်နှာကို ပူထူလို့ ဘယ်လို နေရမှန်းတောင် မသိဘူး။´ ကဲ ဒီစာကြောင်းမှာ ခံစားချက်တွေ ပါတယ်။ ဖြစ်ရပ်တွေ ပါတယ်။ အပြုအမူတွေ ပါတယ်။ မြည်သံစွဲ အလင်္ကာတွေ ပါတယ်။ အဲဒီထက် မလှတောင် အဲဒီလို စကားလှအောင် ကျနော်တို့ ဘယ်လို ပြောကြမလဲ။ စဉ်းစားကြည့်ပါဦး။ ကျနော် ပြောတတ်လို့ လိုက်မေးနေတာ မဟုတ်ပါဘူး။ ကျနော်လည်း လေ့လာတုန်းပါ။

ကျနော် စုဆောင်းထားတဲ့ ဝေါဟာရ တချို့ကို ဝေမျှ ချင်ပါတယ်။ ပထမဆုံး အနေနဲ့ ကျနော် စုစည်း တင်ပြပေးချင်တာက စိတ်ခံစားချက်တွေနဲ့ သက်ဆိုင်တဲ့ နာမ်တွေ၊ ကြိယာတွေနဲ့ နာမ၀ိသေသနတွေပါ။ ဒီစကားလုံးတွေရဲ့ မြန်မာလို အဓိပ္ပါယ်ရယ်၊ နောက် အင်္ဂလိပ်လို အဓိပ္ပါယ် ဖွင့်ဆိုချက်ရယ်၊ သူတို့ကို ထည့်သုံးထားတဲ့ ဥပမာ တချို့ရယ်ကို တစ်စုတစ်စည်းတည်း တင်ပြ ပေးလိုက်ပါတယ်။ လက်တွေ့ အသုံးဝင်လို့ အသုံးချ နိုင်ပါစေလို့ .....

NOUNS နာမ် အနေနဲ့ စုစုပေါင်း အလုံး (၆၀) ရှိပါတယ်။

1. affection - fond attachment, devotion, or love.
ချစ်ခင်မှု။ ခင်တွယ်မှု။ ချစ်ခြင်းမေတ္တာ။ အချစ်။

the affection of a parent for an only child.
He felt great affection for his sister.
The old king was held in great affection.
She had a deep affection for the countryside.
I tried to win her affection(s).

2. aggravation - making an illness or a bad or unpleasant situation worse; annoying sb, especially deliberately.
ပိုမို ဆိုးဝါးစေရန် ဖန်တီးမှု။ အနှောင့်အယှက်ပေးခြင်း။

on aggravation of the problem
The drug may cause an aggravation of the condition.
I don't need all this aggravation at work.

3. amusement - the feeling that you have when sth is funny or amusing, or it entertains you.
ရယ်ချင်စိတ်။ ရယ်ရခြင်း။

She could not hide her amusement at the way he was dancing.
She could not disguise her amusement at his mistake.
To my great amusement his false beard fell off.

4. anger - the strong feeling that you have when sth has happened that you think is bad and unfair.
ဒေါသ။

He was filled with anger and resentment at the way he had been tricked.
His voice shook/ trembled with anger.
She sensed my growing anger.
It was said in a moment of anger.
He was filled with anger at the way he had been treated.
Jan slammed her fist on the desk in anger.
the growing anger and frustration of young unemployed people.

5. anguish - severe pain, mental suffering or unhappiness
မချိတင်ကဲ ဝေဒနာ။

He groaned in anguish.
Tears of anguish filled her eyes.
Behind all the crowning there is a terrible sense of anguish.

6. annoyance - the feeling of being slightly angry.
မခံမရပ်နိုင် ဖြစ်ခြင်း။

a look of annoyance.
much to our annoyance.
He could not conceal his annoyance at being interrupted.
Much to our annoyance, they decided not to come after all.
She stamped her foot in annoyance.

7. anxiety - the state of being nervous worried that sth bad is going to happen; a worry or fear about sth; a strong feeling of wanting to do sth or of wanting sth to happen.
စိုးကြောက်စိတ်။ စိုးရိမ်သောက။ စိတ်စောနေမှု။

Some hospital patients experience high level of anxiety.
sleepless nights due to anxiety and depression.
If you're worried about your health, share your anxieties with your doctor.
We waited for news with a growing sense of anxiety.
The candidate's anxiety to win the vote.
the people's anxiety for the war to end

8. awe - feeling of respect and slight fear; feelings of being very impressed by sth/sb
အံ့သြခြင်း။ လေးစားခြင်း။ ခန့်ညားခြင်း။

He speaks of her with awe.
'It's magnificent,' she whispered in awe.
Her first view of the pyramids filled her with awe.
My brother was much older and cleverer than me so I always held him in awe.
I was/ lived/ stood in awe of my father until I was at least fifteen.

9. belligerence - a natural disposition to be hostile; aggressiveness.
ရန်လိုခြင်း (စစ်မက်ဖြစ်ပွားရန်)။

10. bitterness - feeling of very fierce and unpleasant, with a lot of anger and hatred invloved.
ခါးသီးမှု။ နာကျည်းမှု။ အမျက်ခြောင်းခြောင်း ထွက်ခြင်း။ ခါးခါးသီးသီး မုန်းခြင်း။

The pay cut caused bitterness and resentment among the staff.

11. bliss - extreme happiness; joy.
အတိသုခ။ ချမ်းမြေ့ပျော်ရွင်မှု။

married/ wedded/ domestic bliss.
a life of bliss.
What bliss! I don't have to go to work today.
My idea of bliss is a month in the Bahamas

12. boredom - the state of being bored; the quality of being very boring.
ငြီးငွေ့ခြင်း။

a look of boredom on her face.
I started eat too much out of sheer boredom.
Televison helps to relieve the boredom of the long winter evenings.

13. bravery - a quality of spirit that enables you to face danger or pain without showing fear.
ရဲစွမ်းသတ္တိ။

an award for outstanding bravery.
a medal for bravery in battle.

14. cheer - an atmosphere of happiness.
ပျော်ရွှင်ခြင်း။

Christmas should be a time of good cheer.
New year is a time of good cheer in the company of family and friends.

15. courage - the ability to do sth dangerous, or to face pain or opposition, without showing fear.
သတ္တိ။

He showed great courage and determination in battle.
I haven't yet plucked up the courage to ask her.
courage in the face of danger.
She didn't have the courage to refuse.