Sunday, October 14, 2012

မှားသုံးမိတတ်သော စကားလုံးများ

Plenty က တကယ်တော့ Noun (နာမ်) ပေါ့။ သူက အရေအတွက် အများကို ညွှန်းချင်တဲ့ အချိန် သုံးတယ်။ တကယ်လို့ Adjective (နာမ၀ိသေသန) အနေနဲ့ သုံးရင် Plentiful ဆိုပြီး သုံးရတယ်။ ဥပမာလေး ကြည့်လိုက်ရင် ပိုရှင်းသွားမယ်။

E.g., John had plenty work to do.

ဒီဥပမာလေးမှာ Plenty ကိုသုံးထားတာ မှန်ပေမယ့် "of "ဆိုတဲ့ Preposition မပါတဲ့ အတွက် သဒ္ဒါ မမှန်ဘူးဆိုရမယ်။ တကယ် အမှန်သုံးသင့်တာက

John had plenty of work to do.
Plentiful ကို သုံးမယ်ဆိုရင်တော့
Fish are plentiful in the lake. 

ဒီ ဥပမာ မှာ Plentiful ဆိုတဲ့ Adjective ကို သုံးရမှာ ဖြစ်ပါတယ်။

Died and Dead ကိုလဲ တော်တော်များများ မှားသုံးတတ်ကြသေးတယ်။ ပထမတစ်ခုက Past Tense and Past Participle ဖြစ်လို့ သူ့ကို အတိတ်က ဖြစ်ခဲ့တဲ့ အကြောင်းတွေကို ပြောမယ့် အချိန်နဲ့ Passive Sentences တွေမှာ သုံးတယ်။ Dead ကကျတော့ Adjective အနေနဲ့ သုံးရတာပါ။ ဒါဆို ဒီစာလုံးတွေကို စာကြောင်းတွေမှာ ဘယ်လိုသုံးကြမလဲ? အောက်မှာ ပြထားတဲ့ ဥပမာလေးတွေကို ဆက်ကြည့်ရအောင်နော်။

E.g., 1. His grandfather died yesterday.
        2. His grandfather is dead. 

E.g., 1 and 2 နှစ်ခုလုံးက မှန်နေတယ်။ ဒါဆို ဘယ်လို ပုံစံနဲ့ မှားတတ်ကြလဲ ကြည့်ရအောင်။ များသောအားဖြင့် သတိထားမိတာက Eg 1 မှာ ပြထားတဲ့ died နေရာကို 
His grandfather was died yesterday. ဆိုပြီး မှားသုံးတတ်ကြတယ်။

With best wishes,
Chaos



Monday, October 8, 2012

သဘောတူလား၊ မတူဘူးလား

Yes တို့ No တို့ ဆိုတာ အင်္ဂလိပ်စကားပြောမှာ အများဆုံးသုံးတဲ့ စကားလုံးတွေထဲက အပါအဝင်ပါ။ တစ်ဖက်လူက ပြောတဲ့ အကြောင်းအရာကို သဘောတူတယ် မတူဘူး ဆိုတာကို Yes သို့မဟုတ် No နဲ့ ပြောကြရတာပါပဲ။ အကြောင်းသင့်လို့ မြန်မာဘာသာနဲ့ အင်္ဂလိပ်ဘာသာ နှစ်ခုမှာ ဟုတ်ကဲ့၊ ဟင့်အင်း ပြောပုံ မတူတာလေး ပြောပါရစေ။ ဥပမာပေါ့ဗျာ။ မောင်ဖြူဟာ မနေ့က ကျောင်းကို သွားခဲ့တယ်။ အဲဒါကို မောင်မဲက သိချင်လို့ မေးတယ်ဆိုပါစို့။

မောင်မဲ - မနေ့က မင်း ကျောင်းသွားသလား။ လို့ မေးရင်
မောင်ဖြူ - ဟုတ်ကဲ့၊ သွားပါတယ်။ လို့ ဖြေမယ်။
မောင်မဲ - မနေ့က မင်း ကျောင်းမသွားဘူးလား။ လို့ မေးရင်
မောင်ဖြူ - မဟုတ်ဘူး၊ သွားပါတယ်။ လို့ ဖြေလိမ့်မယ်။ ကဲ အင်္ဂလိပ်နဲ့ ဘာကွာသလဲ ဆိုတာ သိရအောင် ကျနော် အင်္ဂလိပ်လို မေးဖြေလုပ်ပြမယ်။
A : Did you go to school yesterday?
B : Yes, I did.
A : Didn't you go to school yesterday?
B : Yes, I did. (No, I did လို့ ဖြေလို့ မရဘူး)

ကဲ ဘာထူးသလဲ သတိထားမိလား။ မြန်မာစာမှာက မေးခွန်းတစ်ကြောင်းလုံးရဲ့ အဓိပ္ပာယ်ပေါ် မူတည်ပြီး Yes/No ဖြေတယ်။ မောင်မဲရဲ့ ဒုတိယအမေးဟာ မှားတဲ့အတွက် မောင်ဖြူက ဟင့်အင်း ဆိုပြီး ငြင်းပါတယ်။ အင်္ဂလိပ်မှာကြတော့ တစ်ကြောင်းလုံးရဲ့ အဓိပ္ပာယ်ကို မယူတော့ဘူး။ ရိုးရိုးမေးခွန်လား (Did you?)၊ အငြင်းမေးခွန်းလား (Didn't you?) ဆိုတာ ခဏ မေ့ထားတယ်။ ကျောင်းသွားခြင်း၊ မသွားခြင်းကိုပဲ အဓိကထား ဖြေတယ်။ ကျောင်းမသွားဘူးလားလို့ မေးပေမယ့် ကျောင်းသွားတာ မှန်တယ်တဲ့အတွက် Yes လို့ပဲ ဖြေရပါတယ်။ အဲဒါကို လူအတော်များများ မှားကြတယ်။ ကျနော်လည်း ငယ်ငယ်က သောက်သောက်လဲ မှားခဲ့တာပါ။ နောက်ပိုင်း စေ့စေ့ပေါက်ပေါက် လေ့လာမှ ကွာမှန်း သိလာရတယ်။ အင်္ဂလိပ်စာမှာ "သွားလား" လို့ပဲ မေးမေး၊ "မသွားဘူးလား" လို့ပဲ မေးမေး၊ သွားရင် Yes မသွားရင် No လို့ ဖြေရုံပါပဲ။ ဗဟုသုတအနေနဲ့ ပြောရရင်တော့ ပြင်သစ်စာမှာတော့ ထူးထူးခြားခြား ရိုးရိုးအမေးကို ထောက်ခံချင်ရင် (Oui) (အွီ) လို့ ဖြေပြီး အငြင်းမေးခွန်းကို ထောက်ခံချင်ရင် (Si) (စီ) လို့ ဖြေရတယ်။ သဘောကတော့ Yes နှစ်မျိုး ရှိတဲ့ သဘောပေါ့။ အင်္ဂလိပ်မှာတော့ Yes က တစ်မျိုးတည်း ရှိပါတယ်။ အဲဒါကို မမှားရအောင် အရင်ဆုံး ပြောပြရတာပါ။ Yes နဲ့ No များ ဘာခက်တာမို့လို့ ဆိုပြီး အထင်မသေးလိုက်ပါနဲ့။

ဒါဆို Yes မြင်တာနဲ့ သဘောတူတယ်လို့ ယူပြီး No မြင်တာနဲ့ ငြင်းတာပဲလို့ ယူဆလို့ ရနိုင်ပါ့မလား။ အဲဒီလို ယူဆလို့ မရတဲ့ အခြေအနေတချို့ကို တင်ပြပါ့မယ်။ အငြင်းနဲ့ ထောက်ခံလို့ ရတဲ့ အနေအထားတွေ ရှိပါတယ်။ ဥပမာ ကြည့်ကြစို့။
A : It isn't fair.
B : No, it isn't.
ကဲ ... အထက်က စာကြောင်းကို လေ့လာကြည့်ကြစို့။ အေ ပြောလိုက်တာက ဒါ မတရားဘူး လို့ ပြောတယ်။ ဘီရဲ့ အဖြေက ရုတ်တရက် No ကို မြင်တော့ မြန်မာအတွေးနဲ့ ဘာသာပြန်မယ်ဆိုရင် "မဟုတ်ဘူး၊ မတရားဘူး" လို့ ပြန်မိတတ်ကြတယ်။ အဲဒီ စာကြောင်းရဲ့ ဘာသာပြန်အမှန်က "ဟုတ်တယ်၊ မတရားဘူး" လို့ပဲ ပြန်ရလိမ့်မယ်။ အရှေ့စာပိုဒ်မှာ ကျနော် ရှင်းပြခဲ့သလိုပါပဲ။ အင်္ဂလိပ်စာမှာ အကြောင်းရပ်ကို အဓိကထား စဉ်းစားပြီးမှ အဖြေဖြေတယ်။ တရားသလား မတရားဘူးလားပဲ စဉ်းစားတယ်။ ဘယ်လို မေးထားသလဲဆိုတာ အဓိက မကျဘူး။ မတရားဘူးလို့ ယူဆတာကြောင့် it isn't လို့ ဖြေရတယ်။ မတရားတာကို ပြောလိုတာကြောင့် No လို့ သုံးရတယ်။ အဲဒီမှာ မြန်မာအများစုက Yes, it isn't လို့ မြန်မာစာလိုတွေးပြီး ဖြေမိတတ်ကြတယ်။ သတိထားစရာပါ။ ဒါကို ကြည့်ခြင်းအားဖြင့် အင်္ဂလိပ်စာမှာ No မြင်တိုင်း ငြင်းတာမဟုတ်ဘူး ဆိုတာ သေသေချာချာ မှတ်ထားပေးပါ။

တချို့ကျတော့ သဘောတူတာကို Yes တွေ No တွေ မသုံးဘဲ ပြန်ဖြေတတ်ကြတယ်။ that's right, that's true, I agree, sure စတဲ့ စကားလုံးတွေနဲ့လည်း သဘောတူကြောင်း ဖြေလို့ ရပါတယ်။ ဥပမာ
'She isn't usually late.' 'No, that's true.' ("ဟုတ်တယ်၊ အဲဒါ အမှန်ပဲ" လို့ အဓိပ္ပာယ်ရတယ်။)
'It's worth a try.' 'I agree.'
'We can discuss it again tomorrow.' 'Sure'

တကယ်လို့ တစ်ဦးတစ်ယောက်က ဘာကြိုက်တယ်၊ ဘာထင်မြင်တယ် ဆိုတာကို သင့်အနေနဲ့ ထောက်ခံသဘောတူချင်တယ် ဆိုရင်တော့ So do I သို့မဟုတ် I do too နဲ့လည်း ဖြေလို့ ရပါတယ်။ ဥပမာ
'I love it when it's still light at night.' 'Yes, so do I.'
'Anyway, I think Geoffrey's a nice name.' 'I do too.'
ဒီမှာ တစ်ခု မှတ်ရမှာက တကယ်လို့ တစ်ဦးတစ်ယောက်က သူတို့ ဘာမကြိုက်ဘူး၊ (အဲဒီလို) ဘာမထင်ဘူး ဆိုတာကို သင့်အနေနဲ့ ထောက်ခံသဘောတူချင်ရင်တော့ Nor do I, Neither do I သို့မဟုတ် I don't either နဲ့ ပြန်ဖြေရပါမယ်။ ဥပမာ
'I don't approve.' 'Neither (or nor) do I.'
'I don't think it's necessary.' 'I don't either.'

တကယ်လို့ အားရပါးရ သဘောတူချင်တယ် ဆိုရင်တော့ absolutely, quite သို့မဟုတ် exactly သုံးပြီး ဒီဂရီမြှင့်လို့ ရပါတယ်။ ဥပမာ 
'The police should try harder.' 'Yes, absolutely.'
'She's over-reacting a bit.' 'You're absolutely right.'

တကယ်လို့ သဘောတူရမယ့် ကိစ္စမှာ မတူတတူလို အခြေအနေမျိုး၊ မတူချင်တူချင်နဲ့ တူရတဲ့ အနေအထားမျိုးမှာ (တစ်ဝက်တစ်ပျက် သဘောတူတာ) I suppose so သို့မဟုတ် I suppose not ကို သုံးနိုင်ပါတယ်။ ဥပမာ
'It's the only way.' 'I suppose so.'
'It's not a very nice thing to say, is it?' 'No, I suppose not.'

တကယ်လို့ မရဲတရဲနဲ့ သဘောတူရမယ် ဆိုရင်တော့ I think so သို့မဟုတ် you're probably right ကို သုံးပြီး ပြန်ဖြေနိုင်ပါတယ်။ မြန်မာလိုတော့ "ထင်တာပဲလေ၊ ဟုတ်လောက်ပါတယ်" ဆိုတာမျိုးပေါ့။ ဥပမာအနေနဲ့
'She's German isn't she?' 'I think so.'

အခု ပြောသွားသမျှက သဘောတူတဲ့အခါမှာ ဘယ်လို ဖြေရမလဲဆိုတာ စုစည်းပြီး တင်ပြသွားတာပါ။ နောက်နေ့မှ သဘောမတူဘူး ဆိုရင်ကော၊ ဘယ်လို သုံးနှုန်းရမလဲဆိုတာ ဆက်လက်ဆွေးနွေးပေးပါ့မယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ပီကေ

Friday, October 5, 2012

Infinitive ရှေ့တွင် To ထည့်ရန်မလိုသော အခြေအနေများ


Infinitive ဆိုတာ ဥပမာအနေနဲ့ (to) write, (to) read စတဲ့ ပုံစံတွေကို ခေါ်တာပါ။ သူက ရိုးရိုးကြိယာနဲ့ ဘာကွာသလဲဆိုတော့ သူတို့မှာ ရိုးရိုးကြိယာတွေလို အချိန်ကာလကို မဖော်ပြနိုင်ဘူး။ ဆိုလိုတာက အတိတ်၊ အနာဂတ် စတဲ့ အချိန်ကာလကို မရည်ညွှန်းနိုင်ဘူး။ ငယ်ငယ်က သင်ထားခဲ့တာနဲ့ ပြောရရင် V2 တို့ V3 တို့ မရှိဘူးဆိုတဲ့ သဘောပါ။ Infinitive တွေဟာ လုပ်ရပ်နဲ့ အဖြစ်အပျက်ကိုပဲ ဖော်ပြနိုင်စွမ်းရှိတယ်။ infinitive အများစုဟာ ယေဘုယျအားဖြင့် သူတို့ရဲ့ အရှေ့မှာ TO ပါရတယ်။ TO ပါမှ သုံးလို့ ရနိုင်မယ့် သဘောပေါ့။ ဥပမာ
  • I want to visit Japan.
  • It's nice to be sitting here with you.
  • The main thing is to stay calm.

ဒါပေမယ့် Infinitive အကုန်လုံးလား ဆိုတော့ မဟုတ်ပါဘူး။ ချွင်းချက်အနေနဲ့ တချို့ နေရာတွေမှာ TO မပါဘဲ Infinitive ကို သုံးလို့ရတဲ့ အခြေအနေတွေ ရှိပါတယ်။ အခု ဒီပို့စ်မှာ အဲဒီ အခြေအနေတွေကို စုစည်းတင်ပြပေးသွားပါ့မယ်။

(၁) Modal Auxillary Verb တွေရဲ့နောက်မှာ
Modal Auxillary Verb တွေက ဘာတွေလဲဆိုတော့ အများသိကြတဲ့အတိုင်း will, would, shall, should, can, could, may, might, must စတာတွေပါ။ ကျနော်တို့ ငယ်ငယ်က သင်ထားတဲ့အတိုင်း သူတို့ရဲ့ အနောက်မှာ Verb 1 လိုက်ရမယ်လို့ အများသိနေပြီးသားပါ။ အဲဒီ သိနှင့်ပြီးသား Verb 1 ဆိုတဲ့ဟာကိုပဲ Infinitive လို့ ခေါ်ပါတယ်။ 
  • I must go now. (I must to go now မဟုတ်)
  • Can you help me? 
  • I would rather go alone.
  • Do you think she might be joking?
  • She will probably be elected.
  • I will have finished by tomorrow morning.
  • They would have won if they had played a bit harder.

တချို့ အခြေအနေတွေဟာ need, dare နဲ့ had better တွေရဲ့ နောက်မှာလည်း Infinitive ကို TO မပါဘဲ သုံးလို့ ရပါတယ်။
  • Need I do the washing up?
  • How dare you call me a liar?
  • You'd better see what she wants.

အထူးမှတ်ရမှာကတော့ ought, used, be နဲ့ have တွေရဲ့ နောက်မှာ သုံးမယ့် Infinitive တွေကိုတော့ TO မပါဘဲ သုံးလို့ မရပါဘူး။ ငယ်ငယ်ကတော့ ought to, used to, be to, have to လို့ နဲ့ TO တွဲကျက်ထားတော့ TO ထည့်ဖို့ မမေ့တော့ဘူးပေါ့။

(၂) Let, make, see, hear, feel, watch နဲ့ notice တို့ရဲ့ နောက်မှာ
ကဲ ... ခေါင်းစဉ်မှာ ပြထားတဲ့ ကြိယာတွေရဲ့ အနောက်မှာ Infinitive ထည့်သုံးချင်ဆိုရင် TO ကို လုံးဝ သုံးစရာမလိုဘူးဆိုတာ မှတ်ထားရမယ်။ ဥပမာ ကြည့်ကြည့်ရအောင်။
  • She lets her childern stay up very late. 

(She lets her childern to stay မဟုတ်) (She lets her childern staying လည်းမဟုတ်)
  • I made them give me the money back.
  • I didn't see you come in.
  • We both heard him say that I was leaving.
  • Did you feel the earth move?

Help, have နဲ့ know စတဲ့ ကြိယာတွေကတော့ တချို့အခြေအနေတွေမှာ TO မပါတဲ့ Infinitive တွေနဲ့ တွဲသုံးလို့ရပါတယ်။ ဥပမာ
  • Could you help me (to) unload the car? (to ကို ထည့်ချင်လည်းရတယ်၊ မထည့်ချင်လည်း ရတယ်)
  • Have Mrs Hansen come in, please. (US အသုံး)
  • I've never known him (to) pay for a drink. (Perfect Tense မြန်မာအခေါ် Verb 3 ဖြစ်တဲ့ known နဲ့ပဲ သုံးလို့ရပါတယ်)


အထူးမှတ်ရမှာက အထက်မှာပြခဲ့တဲ့ ကြိယာတွေထဲက (make, see, hear, help နဲ့ know) တွေကို Passive version ပုံစံနဲ့ ရေးပြီဆိုရင်တော့ TO သုံးကို သုံးရတော့မယ်။
  • He was made to pay back the money.
  • She was heard to say that she disagreed.


(၃) Why နဲ့ Why not ရဲ့ နောက်မှာ
တကယ်လို့ Why သို့မဟုတ် Why not နဲ့ စပြီး မေးခွန်းမေးမယ်၊ ဒါမှမဟုတ် အကြံပြုမယ်ဆိုရင်တော့ အနောက်မှာ ထည့်သုံးကို Infinitive ကို TO မပါဘဲ သုံးလို့ ရပါတယ်။ ဥပမာ ကြည့်ရအောင်။
  • Why pay more at other shops? We have the lowest prices.
  • Why stand up if you can sit down?
  • Why sit down if you can lie down?
  • You're looking tired. Why not take a holiday?


(၄) and, or, except, but, than, as နဲ့ like တို့ရဲ့နောက်မှာ
တကယ်လို့များ and, or, except, but, than, as နဲ့ like ကို ကြားခံသုံးပြီး Infinitive နှစ်ခုကို ဆက်ခဲ့ရင် ဒုတိယ Infinitive ကို TO ထည့်ပြီး ရေးစရာ မလိုတော့ပါဘူး။
  • I'd like to lie down and go to sleep.
  • Do you want to have lunch now or wait till later?
  • We had nothing to do except look at the cinema posters.
  • I'm ready to do anything but work on a farm.
  • It's easier to do it yourself than explain to somebody else how to do it.
  • It's as easy to smile as frown.
  • I have to feed the animals as well as look after the childern.
  • Why don't you do something useful like clean the flat?

Rather than ရဲ့ နောက်မှာလည်း ရံဖန်ရံခါ Infinitive ကို TO မပါဘဲ သုံးနိုင်ပါတယ်။
  • Rather than wait any more, I decided to go home by taxi.


(၅) Do ရဲ့ နောက်မှာ
All I did was, What I do is စတဲ့ Expression တွေရဲ့ အနောက်မှာ Infinitive ကို TO မထည့်ဘဲလည်း သုံးလို့ရသလို TO ပါလို့လည်း ရပါတယ်။ ဥပမာ -
  • All I did was (to) give him a little push.
  • What a fire-door does is (to) delay the spread of a fire.

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ပီကေ

Thursday, October 4, 2012

Work Vs Works

Work က ရေတွက်လို့မရသော (uncountable noun) ဖြစ်လို့ s ထဲ့သုံးလို့မရပါဘူး။ ဒါကြောင့် သူ့ကို Many, few အစရှိတဲ့ Plural (အများ)  မှာ တွဲသုံးတဲ့ စာလုံးတွေနဲ့ သုံးရင် မမှန်တော့ဘူး။ 

e.g., I have many works to do.

ဒီစာကြောင်းဟာ သဒ္ဒါ အထားအသို၊ သဒ္ဒါ စည်းကမ်းနဲ့ မညီပါဘူး။ အဲ့ဒီအစား ရေတွက်လို့မရသော  (uncountable noun) နဲ့ တွဲသုံးတဲ့ Much, little တို့နဲ့ သုံးမယ်၊ s ကိုဖြုတ်ထားမှသာ မှန်ပါမယ်။ ဒီလိုလေး သုံးလို့ရတယ်။             e.g., I have much work to do.

နောက်တစ်ခုက a lot of ဆိုတဲ့ စကားစုက ရေတွက်လို့ရသော (countable noun)၊ ရေတွက်လို့ မရသော (uncountable noun) နှစ်မျိုးလုံးနဲ့ တွဲသုံးလို့ ရတယ်။ Countable နဲ့ သုံးရင် s, es တွေ ထဲ့ပေးမယ်၊ Plural ကို ပြောင်းပေးမယ်။ ဒါပေမယ့် Uncountable နဲ့သုံးရင် သူ့ Grammar Rule အရ s,es မထဲ့ပါဘူး။ ဒါကတော့ a lot of ရဲ့ သုံးပုံသုံးနည်းလေးပါ။ 

e.g., I have a lot of things to do today.
        I have a lot of free time during these days.

ခုနက work အကြောင်းကို ပြန်ပြောရအောင်။ တစ်ချို့သော နေရာတွေမှာ works ဆိုပြီး သုံးနိုင်တယ်။ ဘယ်လို အခြေအနေတွေလဲ ဆိုရင်..  စက်ရုံ (factory) နဲ့ သက်ဆိုင်သော ဒါမှမဟုတ် စာရေးဆရာ၊ ပန်းချီဆရာ တွေရဲ့ အနုပညာ လက်ရာတွေ အကြောင်းကို ပြောမယ်ဆိုရင်တော့ သူ့ကို Plural အနေနဲ့ သုံးလို့ရတယ်။ 

e.g., The works of Shakespeare are remarkable. 

ဒါကတော့ စာရေးဆရာရဲ့ လက်ရာတွေကို ပြောတဲ့ အနေနဲ့ သုံးထားတယ်။

e.g., The steel works could be seen from miles.

ဒီဥပမာလေးကတော့ စက်ရုံနဲ့ ဆိုင်တဲ့ အခြေအနေ၊ အရာဝတ္ထုတွေကို ညွှန်းတဲ့ အချိန် သုံးထားတာပါ။



ခုရေးတဲ့ စာတွေထဲက တစ်ခုခု မသိသေးတာကို ဖတ်မိသွားလို့ မှတ်မိသွားမယ်ဆိုရင် ကျေနပ်ပါပီ.

ခေးရော့စ် 



Thursday, September 27, 2012

Advice and Information

ဒီနေ့တော့ Nouns မှာမှ အရေအတွက် ကို ဖော်ပြတာနဲ့ ပတ်သက်ပြီး မှားတတ်တာလေးတွေ ပြောပြချင်တယ်။ ကဲ စလိုက်ရအောင်နော်..

ပထမဆုံး စာလုံးအနေနဲ့ " advice " သူ ဟာ Uncountable noun ( ရေတွက်လို့မရဘူး) ဒါကြောင့် သူ့အနောက်မှ s, es ထဲ့ပြီး advices ဆိုပြီး သုံးလို့မရဘူး။ တကယ်လို့  အကြံဥာဏ် တစ်ခုပေးတယ် လို့ ပြောချင်ရင် သုံးလို့ရတာက " A piece of advice" ဆိုပြီး သုံးလို့ရတယ်။

 ဥပမာ

 John gave me some good advice. 

ဒီစာကြောင်းမှာ some ဆိုတာကို သုံးထားတယ်။ some က  Joker လိုပဲ countable nouns( ရေတွက်လို့ရတဲ့ နာမ်) နဲ့ uncountable nouns ( ရေတွက်လို့ မရတဲ့ နာမ်) နှစ်မျိုးလုံးမှာ သုံးလို့ရတယ်။့အပေါ်က ပေးထားတဲ့ ဥပမာမှာ some ကို Uncountable noun ဖြစ်တဲ့ " advice" ရှေ့မှာသုံးထားတယ်။

နောက်တစ်ခုကတော့ "Information" ပါ။
ဒီစာလုံးဟာနဲ့ advice လိုပဲ Uncountable Noun ဖြစ်တယ်။ ဒါကြောင့် သူ့ကို s,es ထဲ့သုံးလို့ မရသလို အရှေ့မှာ
articles a,an တွေနဲ့လဲ တွဲသုံးလို့မရဘူး။

ဥပမာ

I need much information about this subject.
I need many informations about this subject.

ပထမ ဥပမာမှာ Much and Information ကို အတူတူ သုံးထားတယ်။ ဆိုလိုတာက Uncountable Nouns အတွက် သုံးလို့ရတာက Much ...သူက အရေအတွက်ကို ပြတာ မှန်ပေမယ့် ရေတွက်လို့မရတဲ့ နာမ်နဲ့ တွဲသုံးတာ ဖြစ်တဲ့အတွက် s, es မထဲ့ရဘူး။ ဒုတိယ ဥပမာကို ကြည့်လိုက်ရင် ပိုရှင်းသွားတယ်။ Information ( Uncountable Noun) ကို s,es ထဲ့လို့မရတဲ့ အပြင် many ဆိုတဲ့ Countable Nouns ( ရေတွက်လို့ရသော နာမ်) တွေ အတွက်ပဲ သုံးတဲ့ အရေအတွက်ပြ စာလုံးနဲ့ တွဲသုံးထားလို့ ဒုတိယ ဥပမာဟာ မမှန်ပါဘူး။

ကဲ ဒီနေ့တော့ ဒီလောက်နဲ့ပဲ ခဏရပ်ထားလိုက်မယ်။ ဒီသင်ခန်းစာ အဆက်ကို နောက်ရက် နောက်ရက်တွေမှာ အချိန်ရအောင်ရှာပြီး အင်္ဂလိပ်စာ ဘလော့မှာ တင်နိုင်အောင် ကြိုးစားသွားပါမယ်။

ခေးရော့စ် (chaos)

Sunday, November 16, 2008

alone / lonely

တစ်လနေမှ တစ်ပုဒ်တင်ပေးနိုင်တယ်။ စိတ်မကောင်းပါဘူး။ အခုဆိုရင် ဒီဘလော့လေးမှာ လေ့လာတဲ့သူတွေလဲ အတော်လေးကို များလာပါပြီ။ စာဖတ်သူရှိနေခြင်းက စာရေးသူရဲ့ အားတစ်ရပ်ပါပဲ။ တတ်နိုင်သလောက်တော့ တင်ပေးနိုင်အောင် ကြိုးစားပေးနေဦးမယ်။ နောင်တစ်ချိန် အကြောင်းအမျိုးမျိုးကြောင့် ပို့စ်အသစ်တွေ မတင်ပေးနိုင်ခဲ့တော့ရင်လဲ အားလုံးကို နားလည်ခွင့်လွှတ်ပေးပါလို့ ကြိုတင် မေတ္တာ ရပ်ခံပါရစေနော်။ ဒီတစ်ခေါက် ပို့စ်လေးကတော့.

Alone ဆိုတဲ့ စာလုံးကို Adj အနေနဲ့ သုံးနိုင်သလို Adv အနေနဲ့လဲ သုံးနိုင်ပါတယ်။ ဘယ်လိုပဲသုံးသုံး သူ့အဓိပ္ပါယ်ကတော့ ဘယ်လူတစ်ဦးတစ်ယောက်မှ မရှိနေပဲ ကိုယ်တစ်ယောက်ထဲ ရှိနေတာကို ဆိုလိုတာပါ။

For example: "He likes living alone."
ဥပမာလေးကို ကြည့်မယ်ဆိုရင် သူသည် တစ်ယောက်တည်း နေရခြင်းကို ကြိုက်နှစ်သက်သည်။

"I think we're alone now."
ဒီ Example လေးမှာကျတော့ တစ်ခြားဘယ်သူမှ မရှိတော့ဘဲ နှစ်ယောက်ထဲပဲ ကျန်ခဲ့ခြင်းကို ဆိုလိုတာပါ။

Lonely ကတော့ Adj ဖြစ်တယ်။ ဒါက ရှည်ရှည်ဝေးဝေး ပြောမယ်ဆိုရင် ကိုယ်နားမှာ တစ်ခြား ဘယ်သူမှမရှိတော့တဲ့ အတွက် စိတ်မချမ်းမြေ့နေဘူး။ တစ်နည်းအားဖြင့် အထီးကျန်နေခြင်းကို ဆိုလိုတာပါ။

For example: "Mother feels lonely now because all the children have left home."
အမေက အထီးကျန်နေတယ်….ကလေးတွေ အကုန်လုံး အိမ်မှာရှိမနေလို့…

တစ်ခုသတိထားရမှာက ကိုယ်က တစ်ယောက်တည်းရှိနေခြင်းကို အထီးကျန်နေခြင်း ဖြစ်တယ်လို့ မဆိုလိုပါဘူး။ တစ်ယောက်တည်း ကျန်ခဲ့ပေမယ့် အထီးကျန်ချင်မှကျန်မယ်။ တစ်ခါတစ်ခါ အများနဲ့ ရှိနေပေမယ့်လည်း ကိုယ်က အထီးကျန်တယ်ဆိုတဲ့ ဝေဒနာရဲ့ နှိပ်စက်ခြင်းကို ခံခြင်းလဲခံနေရမယ်။ ဒါကြောင့် alone လို့ပြောတိုင်း lonely မဖြစ်နိုင်ဘူး။ ဒါကတော့ ဒီစာလုံးနှစ်လုံးရဲ့ ကွာခြားချက်လေးပါပဲ။

စာလာဖတ်သူအားလုံး ရွှင်လန်းချမ်းမြေ့တဲ့ နေ့သစ်များစွာကို ပိုင်ဆိုင်နိုင်ပါစေ။
May all readers have a bright future. As learning is a never ending process, the more we learn the more we realize that we don't have enough knowledge. That's how learning makes people keep alive.Thanks to all readers.
chaos

Monday, October 13, 2008

accept vs except AND advice vs advise

အခုတစ်လော အင်္ဂလိပ်စာ ဘလော့လေးအတွက် နဲနဲလေး ရောနှောတတ်တဲ့ စာလုံးဆင်တူလေးတွေကို တင်ပေးဖို့ စိတ်ကူးထားမိတယ်။ စိတ်ကူးထားတယ်ဆိုတော့ ဖြစ်အောင်လုပ်ဖို့လဲ စိတ်ထည့်ထားပါတယ်။ တော်တော်ကြာမှ တစ်ပုဒ်လောက်ပဲတင်တင်ပေးနိုင်တာ စိတ်မကောင်းပါဘူး။ ဆက်လက်ပြီး ကြိုးစားတင်ပြပေးပါ့မယ်။ အားပေးမှု၊ လေ့လာမှု အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

accept vs except

Accept is a verb, which means to agree to take something .

Accept ဆိုတဲ့ စာလုံးလေးရဲ့ အဓိပ္ပါယ်က တစ်စုံတစ်ခုကို ယူဖို့ သဘောတူညီခြင်း။ တစ်နည်းအားဖြင့်ပြောရင် လက်ခံခြင်းပေါ့။

For example: "I always accept good advice."
ဥပမာ။ ။ ကျွန်ုပ်သည် အကြံဥာဏ်ကောင်များကို အမြဲတစ်စေ လက်ခံလေ့ရှိသည်။

Except is a preposition or conjunction, which means not including.
Except ကတော့ စကားဆက်ပုဒ် တစ်ခုပေါ့။ သူ့ ရဲ့အဓိပ္ပါယ်က "မပါဝင်ဘူး" "မှလွဲ၍" လို့ ဆိုလိုပါတယ်။

For example: "I teach every day except Sunday(s)."
ဥပမာ။ ။ ကျွန်ုပ် နေ့တိုင်း တနင်္ဂနွေနေ့မှ လွဲ၍ နေ့တိုင်း စာသင်ပေးတယ်။

advice vs advise

Advice is a noun, which means an opinion that someone offers you about what you should do or how you should act in a particular situation.
Advice ကတော့ နာမ်ပုဒ်တစ်ခုဖြစ်ပြီး အခြေအနေတစ်ခုမှာ တစ်စုံတစ်ယောက်က သင့်ကို ဘယ်လိုပြောဆိုသင့်တယ်။ ဘယ်လိုလေးတော့ ပြုမူသင့်တယ် ဆိုပြီးမှ အကြံပေးပြောဆိုတဲ့ စကားနဲ့ ထင်မြင်ချက်လေးတွေပေါ့။ တစ်နည်းအားဖြင့် အကြံဥာဏ်ကို ဆိုလိုခြင်းဖြစ်ပါတယ်။

For example: "I need someone to give me some advice."
ဥပမာ။ ။ တစ်စုံတစ်ယောက်က ကျွန်ုပ်ကို အကြံဥာဏ် တစ်ချို့ပေးဖို့လိုအပ်နေပြီ။
ဒီနေရာမှာ advice ကို some advice လို့သုံးသလို တစ်ခါတစ်ရံ a piece of advice ဆိုပြီးလဲ သုံးနှုန်းလို့ ရပါတယ်။

Advise is a verb, which means to give information and suggest types of action.
Advise ကတော့ ကြိယာပေါ့။ ဆိုလိုတာက လိုအပ်တဲ့ သတင်းအချက်အလက်တွေကိုပေးမယ်။ ဒါမှမဟုတ်ရင် အကြောင်းအရာတစ်ချို့အတွက်၊ လုပ်ဆောင်ချက်တွေအတွက် အကြံပြုမယ်ပေါ့။

For example: "I advise everybody to be nice to their teacher."
ဥပမာ။ ။ လူတိုင်းကို ကျွန်ုပ် အကြံပြုချင်တာကတော့ သူတို့ရဲ့ ဆရာသမား အပေါ်မှာ ကောင်းမွန်စွာ ဆက်ဆံဖို့ပါပဲ။

သြော် …ပြောဖို့ကျန်တော့မလို့။
အင်္ဂလိပ်စာမှာ များသောအားဖြင့် Noun form တွေဟာ ……ice ဆိုတဲ့ စာလုံးလေးနဲ့ အဆုံးသတ်လေ့ရှိပြီး Verb form တွေကတော့ ……ise ဆိုတဲ့ စာလုံးလေးနဲ့ အဆုံးသတ် လေ့ရှိပါတယ်။

chaos

Wednesday, September 10, 2008

i.e vs e.g

i.e. and e.g ၏ခြားနားချက်များ

e.g. ဆိုသော စကားလုံးမှာ “ exempli gratia ” ဆိုသော စကားလုံးမှဆင်းသက်လာခြင်းဖြစ်ပါတယ်။ ဗမာလို အဓိပ္ပါယ်ပြန်ရရင်တော့ “ဥပမာအားဖြင့်” လို့ဆိုလိုနိုင်ပါတယ်။

For example: "I like fast cars, e.g. Ferrari and Porche

အမြန်ကားတွေကို ကျွန်ုပ် နှစ်သက်သည်။ ဒီ စာကြောင်းမှာ နှစ်သက်မိတဲ့ ကားနှစ်မျိုးနှစ်စားကို e.g. Ferrari and Porche ဟုရေးထားပါတယ်။ ဒီဥပမာက ရိုရိုးလေးပါ။ ဥပမာအားဖြင့်ဆိုပြီး ကိုယ်နှစ်သက်ရာ အမျိုးအစားကို ဖော်ပြသွားခြင်းပါတယ်။

i.e. ကတော့ “id est” ကို ကိုယ်စားပြုပါတယ်။ အဓိပ္ပါယ်ကတော့ “that is” ပေါ့။ ကိုယ်ရှင်းပြနေတဲ့ စာပိုဒ်ထဲကားနေ ပြန်ညွှန်းပြခြင်းကို ဆိုလိုပါတယ်။

For example: "I like fast cars, i.e. any car that can go over 150mph."

ဒီအပေါ်က ဥပမာလေးကို ကြည့်ရင် သိသာနိုင်ပါတယ်။ အမြန်ကားတွေကို သဘောကျတယ်။ “i.e.” က အဲ့စာကြောင်းလေးမှာ ဘယ်အမြန်ကားမဆို ညွှန်းထားတာ ဖြစ်ပါတယ်။

ရောတတ်တာလေးတွေကို တတ်သလောက် မှတ်သလောက် စုစည်းတင်ပြခြင်းဖြစ်ပါတယ်။ အဆင်ပြေကြပါစေနော်။
ခေးရော့စ်

Friday, August 1, 2008

အင်္ဂလိပ်စာ ဘာကြောင့်မတတ်ကြသလဲ..

အင်္ဂလိပ်စာ ဘာကြောင့်မတတ်ကြသလဲ..တဲ့

အဟိ နာလဲ ချင်ကာပူမှာ ကလယ်ရိုက်နေတယ် singlish နဲ့ စီလုပ်သံတွေကြားမှာ

ပြီးတော့ အထာမသိတာ

ရန်ကုန်မှာတုန်းကတော့ ခရီးသွားလုပ်ငန်းဆိုတော့ နိုင်ငံခြားသားနဲ့စကားပြောတဲ့ကိစ္စကမစိမ်းပဲ ထမင်းစားရေသောက်ပေမဲ့ ဒီရောက်မှ သူတို့ ဘာပြောမှန်းကို logic နဲ့ပြန်ပြန်စဉ်းစားနေရတယ် အဟတ်ဟတ် (ကိုယ်ညံ့ရင်ညံ့တယ်ပေါ့နော်)

ထားပါတော့ အခုဒီပို့စ်ကတော့ ဟိုးရှေးရှေးတုန်းက အရင် ၁၀နှစ်လောက်က ဘ၀သစ် ဦးအောင်ကျော်မှာ အင်္ဂလိပ်စာသင်တန်းတက်တုန်းက စာအုပ်နောက်ကျောဖုံးမှာ ပါတာလေးကို ရိုက်ပီး တင်ပေးလိုက်ပါတယ်နော်

- ကိုယ်တိုင် တကယ်တတ်ပြီး တပည့်တွေကို တကယ်တတ်အောင် သင်ပေးနိုင်တဲ့ ဆရာတွေရှားနေလို့

- ကျောင်းတွေ တက္ကသိုလ်တွေမှာ သင်ရတဲ့ အင်္ဂလိပ်စာနဲ့ မလုံလောက်လို့။

- အင်္ဂလိပ်စာကို အချန်ယူလေ့လာမှ၊ ဖတ်သမျှနားလည်၊ ပြောချင်ရာပြော၊ရေးချင်ရာရေးနိုင်တဲ့ အဆင့်ကိုရောက်မယ်၊ တကယ်တတ်မယ်ဆိုတာကို သဘောမပေါက်ကြပဲ၊ သုံးလေး ငါးလလောက်သင်လိုက်ရင် တတ်သွားလိမ့်မယ်လို့ အထင်အမှားကြီးမှားပြီး ကြာရှည်မသင်ချင်ကြလို့၊ ခဏတဖြုတ်ပဲ သင်ချင်ကြလို့။

- အင်္ဂလိပ်စာအုပ်မျိုးစုံဖတ်မှ တကယ်ပြောတတ်၊ ရေးတတ်ဖြစ်မယ်ဆိုတာ နားမလည်ကြတဲ့အတွက် ၊ အင်္ဂလိပ်စာကို ဖြစ်ဖြစ်မြောက်မြောက် မဖတ်ကြလို့။

- အင်္ဂလိပ်စာ တကယ်တော်အောင် လုပ်ဖို့ လိုအပ်တဲ့သင်တန်း ကြာရှည်တက်ရတာတို့ အရေးလေ့ကျင့်ရတာတို့လို ကယိကထတွေကို မခံနိုင်ကြလို့။ ဇွဲမရှိလို့၊ တချို့ကြတော့ အင်္ဂလိပ်စာတတ်မြောက်ရေးအတွက် ငွေကုန်ကြေးကျ မခံနိုင်ကြလို့၊ ဒါမှမဟုတ်မခံချင်ကြလို့။

- တချို့ကတော့ ဘာအလုပ် ညာအလုပ် ရှုပ်နေကြပြီး အင်္ဂလိပ်စာ တတ်မြောက်ရေးအတွက် အချိန်ကောင်းကောင်းမပေးနိုင်ကြလို့။

- အချုပ်ကတော့ တတ်သာတတ်ချင်ကြပြီး တကယ်တတ်အောင် ဒုက္ခမခံနိုင်ကြလို့ ဖြစ်ပါတယ်။

တတ်အောင် ဒါတွေလုပ်ပါ..တဲ့

- အင်္ဂလိပ်စာအုပ်မျိုးစုံ အသံထွက်ဖတ်ပါ။ လွယ်တာတွေ စဖတ်ပါ။

- အင်္ဂလိပ်စာသင်တန်း ကြာကြာတက်ပါ။ အလုပ်များရင် ခဏနားပြီး အားတော့ဆက်တက်ပါ။ တော်ရုံတန်ရုံ အလုပ်များရုံနဲ့ သင်တန်းမရပ်ပါနဲ့။

- အင်္ဂလိပ်စကားပြော အခွေတွေကြည့်ပါ နားထောင်ပါ။ အင်္ဂလိပ်တီဗီ၊ ရုပ်ရှင်တွေကြည့်ပါ။ အင်္ဂလိပ်ရေဒီယို နားထောင်ပါ။

- စိတ်တူသဘောတူ သူငယ်ချင်းတွေနဲ့ အင်္ဂလိပ်စကားပြောလေ့ကျင့်ပါ။ မရှက်ပါနဲ့။ တစ်ယောက်တည်းလဲ အပြောကျင့်နေပါ။(သူများတော့မကြားစေနဲ့ပေါ့)တဲ့


ကဲ.. အားလုံးပဲ တကယ်လုပ်ရင်တကယ်တတ်တာမို့ ကြိုးစားကြဖို့လို့ တိုက်တွန်းလိုက်ပါတယ်နော်...


Thursday, July 24, 2008

ise and ize

အင်္ဂလိပ်လူမျိုး တစ်ချို့ ယုံကြည်ထားတာက ize နဲ့ဆုံးတဲ့ စကားလုံးတွေ...... ဥပမာပြောရရင် " organize " ။ အဲ့ဒါကို အမေရိကန် စာလုံးဆိုပြီးယူဆထားပြီး တကယ့် စာလုံးပေါင်း အမှန်က " organise" ဖြစ်ရမယ်ပေါ့။

Oxford University က computerize, capitalize, capsize, organize, organization, privatize, publicize, realize အစရှိတဲ့ စာလုံးတွေမှာဆိုရင် ize နဲ့ဆုံးသင့်တယ်ပေါ့။
analyse, advertise, advise, arise, compromise, disguise, despise, enterprise, exercise, merchandise, revise, supervise, surprise အစရှိတဲ့ စာလုံးတွေကိုတော့ ise နဲ့ဆုံးရမယ်ပေါ့။

Concise Oxford Dictionary
မှာ ရှာမယ်ဆိုရင်တော့ နှစ်မျိုးလုံး သုံနှုန်းထားတာ တွေ့နိုင်တယ်။
e.g., 'realise' or 'realize', 'organise' or 'organize' ။ တစ်ချို့ စာလုံးတွေကို ကျပြန်တော့လည်း
'analyse' = British English, 'analyze' = American English ဆိုပြီး ခွဲထားပေးတာရှိတယ်။

ဒါပေမယ့် ise နဲ့ ize စာလုံးပေါင်းနဲ့ ပါတ်သက်လို့ ဒီအောက်က အချက်လေးတွေက ထောက်အကူပြုနိုင်ပါတယ်။
  1. Noun and verb: စာလုံးတစ်လုံးထဲကပဲ Noun ကိုရော၊ Verb ကိုရော ကိုယ်စားပြုပြီး စာလုံးပေါင်းလို့ရမယ်ဆိုရင် ise ကိုသုံးတယ်။ (like “exercise”)
  2. Pronunciation: ဥပမာ စာလုံးတစ်လုံး -eyes (အိုင်း) လိုအသံမထွက်တဲ့ဟာမျိုးဆိုရင ise ကိုသုံးတယ်။ ဥပမာ အားဖြင့် “promise”
  3. Stem: နောက်ပြီး Latin, Greek စာလုံးက ဆင်းသက်လာတဲ့ အင်္ဂလိပ်စာလုံး မှာ is နဲ့ဆုံးတယ်ဆိုရင် ise ကိုသုံးတယ်။ ဥပမာ vis နဲ့ဆုံးတဲ့ စာလုံးတစ်လုံးဆိုပါစို့။ ဒါဆိုရင် သူ့ကို "televise" ဆိုပြီးတော့သုံးပါတယ်။

* အခုအပေါ်မှာ ဖော်ပြထားတဲ့ အချက်နဲ့မကိုက်ညီတဲ့ စာလုံးတွေကိုတော့ ize သုံးတယ်။ *

တော်လွန်းတတ်လွန်း၍ ဆရာလုပ်နေခြင်းမဟုတ်ပါ။ ဆက်လက်သင်ယူရင်း၊ လေ့လာရင်း၊ အသုံးတည့်မည် ထင်သော သင်ခန်းစာများကို မျှဝေပေးခြင်းသာ ဖြစ်ပါတယ်။

ခေးရော့စ်

Friday, March 28, 2008

Learn English Links

ဂျာနယ်ထဲမှာ တွေ့လိုက်လို့ www.engish4myanmar.com တဲ့ ။ သွားလေ့လာချင်စရာ တခုမလို့ ညွှန်လိုက်တယ်နော်။
အောက်က လင့်ခ်တွေကတော့ ကိုချမ်းဆီက မလာတာ။

IELTS

Listening

Writing

Vocabulary

Grammar

Online Dictionary



Master of All Dictionary http://en.wikipedia.org

IDIOM

Dictionary of Computing

P.S: မချိတ်ထားတဲ့ တချို့ လင့်ခ်တွေ နောက်ရက် ထပ်ထည့်ပါမယ်နော်။ ခဏစောင့်ပါ။ သို့မဟုတ် ဒီမှာ သွားယူပါရှင်။ http://cmsmdy.blogspot.com/2006/06/lern-english.html

Wednesday, March 5, 2008

ဝါကျဖွဲ့စည်းပုံ..(၁)

အရင်ပို့စ်မှာ ၀ါကျဖွဲ့စည်းပုံလေးကို ပဏာမ ပြောသွားပါတယ်။

S+V+O(PTMR) ဆိုပြီး အလွယ်မှတ်ခဲ့ပါတယ်။
အဲဒီမှာမှ subject နဲ့ object တွေမှာ noun, pronoun နဲ့ singular, plural ပုံစံတွေ ထပ်မံသိဖို့ လိုအပ်သလို verb မှာလဲ verb to do, verb to be, helping verb နဲ့ phrasal verb တွေအကြောင်း verb တွေရဲ့ tense တွေအကြောင်း၊ active, passive ပုံစံတွေအကြောင်းလဲ ထပ်မံသိဖို့ လိုအပ်ပါသေးတယ်။ ပြီးတော့ ဒီ noun တွေ verb တွေကို ထူးခြားအောင် လာလုပ်ပေးတဲ့ adjectives, adverbs (နာမ၀ိသေသန၊ ကြိယာဝိသေသန) တွေ အကြောင်းလဲ ဆင့်ပွားသိရှိ အသုံးချရပါမယ်။ အဲဒါတွေကိုတော့ နောက်မှ ထပ်ပြီး ဆွေးနွေးပြောပြချင်ပါတယ်။

ဒီပို့စ်မှာတော့ verb to be နဲ့ ပါတ်သက်ပြီး be, am, is, are, was, were, been, being တွေရဲ့ အဓိပ္ပါယ် သက်ရောက်ပုံ ရှိသည်၊ ဖြစ်သည် ပေါ်မှာ မူတည်ပြီး အနောက်မှာ လိုက်တဲ့ noun သည် object အနေနဲ့ မဟုတ်တော့ပဲ complement(ဖြည့်စွက်ပုဒ်) အဖြစ် ခေါ်ဝေါ်သုံးစွဲပုံလေးကို ပြောပြချင်တာပါ။
ဥပမာ-
Mg Mg is a teacher.
မောင်မောင် သည် ဆရာ တစ်ယောက် ဖြစ်ပါသည်။
Mg Mg = Subject
is = verb to be
a teacher= complement (ကံပုဒ် object မဟုတ်တော့ပါ)။

နောက်ထပ် ဥပမာတခုအနေနဲ့ There was a very pretty girl in this ancient city. ဆိုပါတော့
ဤရှေးဟောင်းမြို့တော်တစ်ခုတွင် အလွန်လှပသော မိန်းကလေးတစ်ယောက် ရှိခဲ့သည်။
a very pretty girl = complement
There = subject
was = verb to be
in this ancient city = place(adverb)

အဲတော့ S+V+complement ဆိုပြီးဖြစ်ပါတယ်။
နားလည်လွယ်ပါတယ်နော်။

တလက်စတည်း adjective လို့မခေါ်ဝေါ်ပဲ Nouns in position (မြန်မာလို ဘယ်လိုခေါ်ပ၊ သိရင်ပြောပေးကြပါဦး)
အနေနဲ့ အသုံးပြုတဲ့ ပုံစံတခုကို ပြောပြချင်ပါတယ်။
အဲဒါကတော့ ကိုယ်ပိုင်နာမ်(private noun) တခုကို ထူးခြားအောင် ဖေါ်ပြချင်တဲ့ အခါမျိုးမှာ နာမ၀ိသေသနနဲ့ တွဲဖက်ဖေါ်ပြလို့ မရပဲ အဲဒီ nouns in position ပုံစံလေးနဲ့ အသုံးပြုရပါတယ်။
ဥပမာ- Mg Mg, a young business man, donate 10,000 $ to MBS for fire rescue fund.
မြန်မာလိုမှာတော့ လူငယ်စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ မောင်မောင်သည် မီးဘေးကယ်ဆယ်ရေး ရံပုံငွေအတွက် ဒေါ်လာ တစ်သောင်းကို MBS သို့ လှူဒါန်းပါသည်။ အဲလို ရေးလို့ဖြစ်ပေမဲ့
အင်္ဂလိပ်လိုမှာကတော့ မောင်မောင်ကို တိုက်ရိုက် adjective နဲ့ အထူးပြုဖေါ်ပြလို့ မရတဲ့ အတွက် ကော်မာခံပြီးမှ အဲလို ဖြည့်စွက်ဖေါ်ပြသွားရပါတယ်။ ဘာသာပြန်တဲ့အခါမှာတော့ မောင်မောင်သည် မီးဘေးကယ်ဆယ်ရေး ရံပုံငွေအတွက် ဒေါ်လာ တစ်သောင်းကို MBS သို့ လှူဒါန်းပါသည်။ မောင်မောင်ဆိုသည်မှာ လူငယ်စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်ပါသည် ဆိုပြီး နှစ်ကြောင်း အဓိပ္ပါယ် ပြန်ရပါမယ်။

နောက်ဥပမာ တခု ထပ်စဉ်းစားကြည့်ရအောင်နော်။
Mandalay, the second largest city, was the last Kingdom of the Myanmar Dynasty before the British took over.
အဲဒီမှာ မန်းလေးကို ဒုတိယအကြီးဆုံးမြို့တော်ဆိုပြီး ဖြည့်စွက် အထူးပြုသုံးနှုံးထားတာပါ။

စကားစပ်တုန်း ဘာသာပြန်တာလေးရဲ့ အစီအစဉ်ကိုလဲ ပြောပါရစေ။
အင်္ဂလိပ်မှာ subject, verb, object တွေနဲ့ ၀ါကျထဲမှာ ပါဝင်မှုတွေကို ABC လို့ အစဉ်လေးလုပ်ကြည့်ရင် မြန်မာလို ဘာသာပြန်တဲ့ အခါ CBA အဖြစ်ဘာသာပြန်ရပါမယ်။ လောလောဆယ်မှတ်ရုံမှတ်ထားပေးပါ။ နောက်များ ကြုံရင် ဥပမာလေးနဲ့ တကွ တင်ပြပါမယ်နော်။

လာဖတ်သွားရင် ကျမပြောသွားတဲ့ ထဲက လိုအပ်ချက်လေးများတွေ့ခဲ့ရင် ညွှန်ပြဝေဖန်အကြံပေးသွားကြပါဦးလို့..
ကျေးဇူးတင်ပါတယ်။

Tuesday, February 26, 2008

ဝါကျ ဖွဲ့စည်းပုံ

ပထမဦးဆုံး စတင်ဆွေးနွေးလိုတာကတော့ အင်္ဂလိပ်စာရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ Eight Parts of Speech ကို ဆွေးနွေးလိုပါတယ်. မြန်မာသဒ္ဒါမှာတော့ ၀ါစက (၈) မျိုးလို့ ခေါ်ပါတယ်ခင်ဗျာ. အဲဒါတွေကတော့

1. Noun (နာမ်)
2. Pronoun (နာမ်စား)
3. Verb (ကြိယာ)
4. Adverb (ကြိယာဝိသေသန)
5. Adjectives (နာမ၀ိသေသန)
6. Preposition (ရှေ့ဆောင်ပုဒ် (၀ါ) ၀ိဘတ်) (နေရာရှေ့ဆက်များ)
7. Conjunction (စကားဆက် (၀ါ) သမ္ဗန္ဓ)
8. Interjection (အာမေဍိတ်)

စသည်တို့ပဲ ဖြစ်ပါတယ်.

အဲဒီ့ ၀ါစက ရှစ်မျိုးကို အသုံးပြုပြီးတော့ ၀ါကျများကို တည်ဆောက်ထားခြင်းပဲ ဖြစ်ပါတယ်ခင်ဗျာ. ဒီ ၀ါစကရှစ်မျိုးကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ရင်တော့ English Grammar ကို ပိုင်နိုင်သူတစ်ယောက် ဖြစ်ဖို့ ရာခိုင်နှုန်းအများကြီး ရှိသွားပါပြီလို့ ဦးဦးကထိက က ပြောပါတယ်။

အခု ဆရာမ မယ်လိုဒီမောင်ကနေပြီးတော့ ဒီဝါစင်္ဂ ၈မျိုးကို အခြေခံ ဘယ်လို ထားသိုရေးသားရမလဲဆိုတာ ဆက်လက် ပြောပြချင်တာပါ။
English မှာ sentence construction (၀ါကျ ဖွဲ့စည်းပုံ) မှာ နှစ်မျိုး အရင် ခွဲခြားလိုပါတယ်။ အဲဒါကတော့
Simple sentence (ရိုးရှင်းလွယ်ကူသော ၀ါကျ) နှင့် Complex sentence (ထွေပြားသောရှုပ်ထွေးသော ၀ါကျ) လို့ပဲ မြင်ကြည့်ချင်ပါတယ်။

Simple sentence Construction အနေနဲ့ဆိုရင် S+V+O(PTMR) ဆိုပြီး အလွယ်မှတ်ကြပါစို့။
ဒီနေရာမှာ S ဆိုတာ Subject (ပြုလုပ်သူ) ကိုပြောတာပါ။
V ကတော့ Verb(ပြုခြင်း၊လုပ်ခြင်း သို့မဟုတ် ကြိယာ) ကိုဆိုလိုပြီးတော့ O ကတော့ Object(အပြုခံရသူ) ဖြစ်ပါတယ်။ PTMR ကတော့ ကြိယာဝိသေသန (Adverbs များဖြစ်ကြတဲ့ place, time, manner, reason) နေရာ၊ အချိန်၊ အပြုအမူနဲ့ အကြောင်းပြချက်တို့ဖြစ်ပါတယ်။

အဲဒီတော့ ကျမဆိုလိုချင်တာက ရိုးရှင်းသောဝါကျတစ်ကြောင်းဖွဲ့စည်းဖို့ ဒီအစီအစဉ်ကို အလွတ်မှတ်သားစေချင်ပါတယ်။ မြန်မာသဒ္ဒါလိုဆိုရင် ကတ္တား+ကြိယာ+ကံပုဒ် နှင့် ကြိယာဝိသေသန တို့ ဆိုတဲ့ အတိုင်းဖြစ်ပါတယ်။
နမူနာလေးတွေ ရေးကြည့်မယ်ဆိုရင်..

I drink coffee daily. Where as I = S; drink= V; coffee= O and daily = T

Mg Mg held Birthday Party at Park Royal Hotel Last Night. Where as Mg Mg= S; held= V; Birthday Party=O; at Park Royal Hotel=P and Last Night=T

တကယ်လို့ ဥာဏ်ကွန့်မြူးမယ်ဆိုရင် Happily ဆိုပြီး အပြုအမူ Manner ကို သူ့နေရာ အလိုက် နောက်ဆုံးမှာ ထည့်သုံးလို့ ရပါတယ်။ (မှတ်ချက်၊။ အကယ်၍ Last Night ဆိုတဲ့ အချိန်ကို ရှေ့ဆုံးမှာ ကော်မာခံပြီးရေးမယ်ဆိုလဲ ဦးစားပေးရေးတဲ့အနေနဲ့ ရေးလို့ရပါတယ်။ ဒီလိုခြွင်းချက်တွေကိုတော့ နောက်မှ ဆက်ပြောပါရစေ)

ဒါဆိုရင် ခုလို simple sentence လေးတွေကို ၁၀ကြောင်းလောက် စိတ်ကူးထဲမှာဖြစ်ဖြစ် စာရွက်ပေါ်မှာဖြစ်ဖြစ် စမ်းတွေးရေးကြပါဦးလို့ အရင် တိုက်တွန်းလိုက်ပါတယ်။

နောက်ရက်များမှ ဆက်လက်ပြီး Simple sentence ရဲ့ တခြားမတူညီမှုလေးကို ဆက်ရေးပါမယ်နော်။

Sunday, February 24, 2008

Names of Seafood

ကမာ - oyster
ကနုကမာ - scallops
ကကတစ် -
ကကူရံ(ငါးလက်ခွာ) - giant sea perch; Bectic
ကဘီလူး - king fish; tasselfish
ကသပိုး - bluespot grey mullet
ကင်းမွန် - bar-eyed goby
ကဏန်း - squid
ကဏန်းလက်မ - crab
ကျောက်ပုဇွန် -crab claw
ကျော်စံကေး - lobster
ခုံးကောင် - small frog
ခုံးတစ်ခြမ်း - clam
ခရု - abalone
ငါးကျည်း - winkle
ငါးကျည်းခြောက် - sccobranch catfish; scorpion cat fish
ငါးကြင်း - smoked sccobranch catfish
ငါးကွမ်းရှပ် - mrigal
ငါးခူ - thunnus tonggol
ငါးခွေးလျှာ - catfish
ငါးခုံးမ - tongue sole
ငါးစင်ရိုင်း - barb
ငါးဇင်းပြား - striped dwarf cat fish
ငါးတန် - bigeye ilisha
ငါးတီး - striped catfish
ငါးတံခွန် - false trevally
ငါးထွေ - largehead hairtail
ငါးနုသန်း - whisker sheatfish; silvery catfish
ငါးနှပ် - bummalo
ငါးနီတူ - commerson's anchovy
ငါးပနော် - Great snake-head fish
ငါးပါးနီ - humpback red snapper
ငါးပုဏ္ဏား - mango fish
ငါးပုတ်သင် - soldier croaker
ငါးပြေမ - climbing perch
ငါးဖောင်ရိုး - Garfish
ငါးဖောင်ရိုးခြောက် - dried garfish
ငါးဖန်းမ - carplet
ငါးဖယ် - featherback
ငါးဖယ်အောင်း - smelt; siamese river abramine
ငါးဘဲဖြူ - longfin mogarra
ငါးဘတ် - great white sheatfish
ငါးမွေထိုး - spotted spingeel
ငါးမုတ်ဖြူ - silver pomfret
ငါးမုတ်မည်း - black pomfret
ငါးမန်း - shark
ငါးမန်းတောင် - shark's fin
ငါးမျက်ဆန်နီ - red-eyed hudgeon
ငါးမြင်း - mekong giant catfish
ငါးမြင်းရင်း - large barbuleless catfish
ငါးမြစ်ချင်း - rohu
ငါးရံ့ - striped snakehead
ငါးရှဉ့် - eel
ငါးရွှေ - yellow pike-conger
ငါးလင်ပန်း - long-finned eel; level finned eel
ငါးသလဲထိုး - loach
ငါးသလောက် - hilsa
ငါးသလောက်ယောက်ဖ - toli shad
ငါးသလောက်ဥ - hilsa roe
ငါးသံချိတ် - dwarf catfish
ငါးသိုင်း - rohita carp
ငါးသိုင်းခေါင်းပွ - catla
ငါးအုပ်ဖား(ငါးမြင်းအုပ်ဖား) - fat-headed catfish
ပုဇွန်ကျား - tiger prawn
ပုဇွန်ကျော့ - medium-sized prawn
ပုဇွန်ချဉ် - pickled shrimps
ပုဇွန်ဆိတ် - shrimp

လုလုမီးဖိုချောင်က မလာတာ လို့ ထင်မိတာပဲ။ (မေ့နေပီ ဘယ်ကလဲဆိုတာ)

Saturday, February 16, 2008

သိုးကလေ (Poem of Bagan Period) မြန်မာ+အင်္ဂလိပ်ဘာသာပြန်

၁။ သိုးကလေ၊ ပုပ္ပားနတ်တောင်၊

အခေါင်မြင့်ဖျား၊ စုံတောပြား၌၊

နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည်၊

ရွှေနှင့်ယိုးမှား ပန်းစကား။

  1. Oh Nat-spirit with the headdress of Tho-saung

In the thicket of dense forest on the summit of lofty Mt.Popa

Are the fragrant Champac flowers which bloom seasonally.

And their colour can be mistaken for gold.

၂။ သိုးကလေ၊ စကားပွင့်နှင့်၊

နှိုင်းတင့်နိုးသည်၊ ရဲမျိုးသမီး၊

မောင်ကြီးနှမ၊ ညက်လှပြာစင်၊

မယ့်သည်ပင်သည် ခရီးသား။

  1. Oh Nat-spirit with the headdress of Tho-saung

She was the daughter of the brave man

Her beauty could be compared to the Champac flower.

She was brought up under the care of the good brother.

She had a lover kept in the heart of her heart.

He was not with her. He was a serviceman away on a journey.

၃။ သိုးကလေ၊ မြိတ်လွတ်စုလည်း၊

အငယ်တည်းက၊ ကျွမ်းဝင်ကြသည်၊

မွေးဖတူရင်း၊ မျိုးသည်မင်းနှင့်၊

ချစ်ခြင်းစုရုံး၊ သက်ထက်ဆုံးသည်၊ နှလုံးမခြား စောင့်တရား။

  1. Oh Nat-spirit with the headdressof Tho-saung

Since childhood while she still wore

Myeiklutsu hair knot on her head

The twain were fond of each other

He was a nephew of her father

He was thus related to her

The twain were united by attachment

till the end of their lives

They kept their mutual faith.

၎။ ဆွေမိမင်း၊ မျက်သုတ်နီစင်၊

ရထည်းဖျင်နှင့်၊ ကျိုင်းစဉ်မြ၀ါ၊

မတ်ကြီးလျာကို၊ မယ်သာကြိုက်မိ တုမရှိ။

  1. Her relative lover wore a red towel

And a fine Lenin jacket

He was strong, handsome and manly,

He was a knight-designate

She loved him so much

Her love for him was beyond measure.

(Anonymous, Bagan Period)

Notes

This Linka (လင်္ကာ), the simplest form of Myanmar verse which has exact meter, rhyme and rhythm, was a sort of ode to the Nat-spirit of Mt.Popa composed by an unknown poet.

The content of this Linka suggests the tragic story of a mighty Blacksmith Tint De (ပန်းပဲမောင်တင့်တယ်) and his cousin sister both of whome met violent death and were believed to have become Nat-spirits dwelling on Mt.Popa till today.

(from An Outline History of Myanmar Literature by Dr. Khin Maung Nyunt, p 11-12)

(ကိုဘကောင်း ကမကထပြုတဲ့ Burmafication မှာလည်း တင်ထားပါတယ်။ အဲဒီမှာ ရှေးခေတ်ဟောင်းကဗျာ၊ လင်္ကာ အင်္ဂလိပ်ဘာသာပြန်တွေကို ကျနော်ဆက်တင်ပေးမှာဖြစ်ပါတယ်။)

Posted by mm thinker

Thursday, January 24, 2008

အီဒီယမ်သင်ခန်းစာ(၄)

To take advantage
To make use of (someone or something) in such a way as to benefit oneself

တစ်စုံတစ်ခု (သို့) တစ်စုံတစ်ရာ ကိုအသုံးပြု၍ မိမိအတွက် အကျိုးအမြတ်ရှိအောင် ပြုလုပ်ခြင်း
e.g., She was so kind and generous that people tended to take advantage of her.
လူတွေက သူမ၏ ကြင်နာတတ်မှု၊ သဘောကောင်းမှု အပေါ်တွင် အမြဲ အမြတ်ထုတ်ဖို့ အားထုတ်ကြံစည်နေသည်။

To advantage
So that the good points are easily seen:
ကောင်းကွက်များကို အလွယ်တကူ မြင်သာခြင်း။
e.g., The evening suit showed off his tall elegant figure to advantage.
ညနေခင်း ၀တ်စုံက သူရဲ့ မြင့်မားတဲ့ အရပ်နဲ့ ရည်မွန်တဲ့ ပုံစံကို အလွယ်တကူ ပေါ်လွင်စေခဲ့တယ်။

The aftermath
The situation etc resulting from an important, especially unpleasant, event:
အရေးကြီးသော အဖြစ်အပျက်၊ အထူးသဖြင့် စိတ်မချမ်းမြေ့ဖွယ် ကိစ္စများ၊ ဖြစ်ရပ်များမှ ရရှိလာသော အခြေအနေတစ်ခု
e.g., The country is still recovering from the aftermath of the war.
နိုင်ငံ၏ အခြေအနေသည် စစ်ပြီးကာလမှ နလံပြန်ထူနိုင်ရန် အားထုတ်နေရဆဲဖြစ်သည်။

Be after
To be looking for or hoping to be given something:
တစ်စုံတစ်ခုကို ရှာဖွေခြင်း၊ တစ်ခုခုရရှိရန် မျှော်လင့်ချက်ထားရှိခြင်း။
e.g., The police are after him; What are you after?
ရဲသားများက သူ့ကိုလိုက်ရှာနေကြတယ်။ မင်းက ဘာကိုလိုက်ရှာနေတာလဲ?

Be up against
To be in a position where one has to deal with very severe, often apparently impossible difficulties:
အခက်အခဲ၊ ဒုက္ခများကို ရင်ဆိုင်ကြုံတွေ့ရခြင်း။
e.g., We have only just enough money to live on now, and if my husband loses his job we’ll be up against it.
အခုလက်ရှိငါတို့မှာ ငွေလက်ကျန်နဲနဲလေးနဲ့ နေနေရတယ်. တကယ်လို့များ ငါ့ခင်ပွန်းသာ သူ့အလုပ်ကို လက်လွှတ်လိုက်ရရင် ငါတို့တော့ ကျဉ်းထဲကျပ်ထဲမှာ ဒုက္ခပင်လယ်ဝေပြီ။

Come of age
To become old enough to be considered legally an adult
အရွယ်ရောက်လာပြီ ဖြစ်ကြောင်းကို တရားဝင်သတ်မှတ်ခံရခြင်း။
e.g., My uncle will look after my inheritance until I come of age.
ကျွန်တော့ ရပိုင်ခွင့်အမွေများကို ကျွန်တော်အရွယ်မရောက်ခင် အထိ ဦးလေးက တာဝန်ယူထိန်းသိမ်းထားမည်။

Aid and abet
To provide help and encouragement in some
တရားမ၀င်သော၊ ဆိုးဝါးသော လုပ်ငန်းဆောင်တာများအတွက် အကူအညီပေးခြင်း၊ အားပေးအားမြှောက်ပြုခြင်း။
e.g., His wife aids and abets him in his dishonest deeds.
သူ့ရဲ့ မရိုးသားတဲ့ အပြုအမူများ၊ လုပ်ငန်းများကို သူ၏ ဇနီးက အကူအညီပေးလျက်ရှိသည်။

Thursday, January 10, 2008

Vocabulary Chapter-2

Dictionary ကိုအသုံးမပြုပဲနဲ့Vocabulary များ၏အဓိပ္ပာယ်တွေကို စာကြောင်းတွေကနေခန့်မှန်းပြီးတော့ အောက်တွင်ဖော်ပြထားသောသုံးလုံးထဲမှအနီးစပ်ဆုံးစာလုံးကိုရွေးပါ။

1) dialog - n
  • The movie was shown with English subtitles because all its dialog was in French.
  • At the PCA meeting last night, a dialog between parents and the faculty helped to clear up some differences between them.

Dialog means- a. a title b. a conversation c. an action

2) erratic - n

  • Children's eating habits are erratic. One day they'll barely eat, and the next they'll eat enough for three.
  • The driver ahead of me was erratic - he kept changing his speed and his lame.

Erratic means- a. noisy b. healthy c. irregular

3) extensive - adj

  • Selina did extensive research for her paper - it took her several weeks.
  • To save the wounded police officer, doctors performed extensive surgery that lasted for hours.

Extensive means- a. done quickly b. risky c. large in amount

4) forfeit - v

  • The basketball players were upset when the team bus broke down and they had to forfeit an important game.
  • If Phil damages his parents' car againg, he will forfeit the right to drive more.

Forfeit means- a. to give up b. to win c. to ignore

5) fortify - v

  • The night before running a marathon, Elsa fortifies herself by eating a large plate of pasta.
  • The builders plan to fortify the old tower with steel beams.

Fortify means- a. to relax b. to strengthen c. to prove

6) illuminate - v

  • Before electricity, streets were illuminated by gaslight.
  • On Halloween, we made our trick-or-treat rounds with a flashlight to illuminate the way.

Illuminate means- a. to lose b. to clean c. to light up

7) isolate - v

  • I thought I would enjoy isolating myself at the vacation cabin, but I soon felt lonely.
  • Freddy was such a troublemaker that the teacher put his desk in a far corner to isolate him from the other students.

Isolate means- a. to protect b. to separate c. to recognize

8) refuge - n

  • A motorcycle offers no refuge in bad weather.
  • My boyfriend and I first met when we took refuge in the same doorway during a sudden rain.

Refuge means- a. a shelter b. transportation c. a reason

9) reminisce- v

  • On their wedding anniversary, Lenny and Jean reminisced about their first date.
  • My father showed me his trophy and reminisced about his years as a star basketball player.

Reminisce means- a. to remember b. to forget c. to ask

10) urban- adj

  • Skyscrapers make for tightly packed urban populations. For example, some 16,000 people work in the Sears Tower in Chicago.
  • Gladys likes urban living because she grew up in the city, but Emilio, who grew up on a farm, prefers country life.

Urban means- a. country b. city c. national

--------------------------------------------
အဖြေများ

1) dialog- B [ အပြန်အလှန်စကားပြော ]

2) erratic- C [ တစ်သမတ်တည်းမဟုတ်သော၊ အပြောင်းအလဲမြန်သော ]

3) extensive- C [ ကျယ်ပြန့်သော ]

4) forfeit- A [ လက်လွှတ်အဆုံးရှုံးခံသည် ]

5) fortify- A [ ခုခံနိုင်ရန် အခိုင်အခံ့ ပြုလုပ်သည် ]

6) illuminate- C [ မီးထွန်းသည် ]

7) isolate- B [ သီးသန့်ထားသည်၊ သီးခြားရှိစေသည် ]

8) refuge- A [ ခိုလှုံရာ ]

9) reminisce- A [ ပြန်စဉ်းစားသည်၊ စားမြုံ့ပြန်သည် ]

10) urban- B [ မြို့ပြနှင့်သက်ဆိုင်သော ]

Matching Words with Definitions

1) To light up

2) To lose through some fault; to be forced to give up by way of penalty

3) Shelter; protection

4) Of or in a city

5) A conversation; the conversation between characters in a story, novel, or play

6) To separate from others

7) Large in space or amount

8) To strengthen

9) To remember and talk about the past

10) Not consistent

အဖြေများ

1) illuminate

2) forfeit

3) refuge

4) urban

5) dialog

6) isolate

7) extensive

8) fortify

9) reminisce

10) erratic

----------------------------------------------------

မှတ်ချက်.. Building Vocabulary Skills စာအုပ်မှကူးယူဖော်ပြပါသည်။

ဝင်္ကပါ

Thursday, December 27, 2007

မှားလေတဲ့ စာလုံးပေါင်း

အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ ဟာသလေးတွေပါ။ သင်ခန်းစာတွေချည်းဖတ်ရတာ ပျင်းနေကြမှာစိုးလို့။




Saturday, December 22, 2007

Vocabulary Chapter-1 (EX)

Last post: Vocabulary Chapter-1

အရင်ပို့စ်က အဖြေတွေပါ။
1) comply
2) appropriate
3) alternative
4) drastic
5) acknowlege
6) compel
7) candid
8) anecdote
9) concise
10) avert
----------------------------
Exercise I: Fill in the blanks

1) Because Frank seems so _____ , everyone believes him even when he tells a lie.
2) The drummer told interesting ____s about famous rock singers he had played for.
3) People often take ____ steps in anger, and they later regret their extreme actions.
4) When he saw no way to ____ the plane crash, the pilot parachuted to saftety.
5) In a traditional wedding, the clergyman or clergy woman is often wordy, while the bride and groom are very ____ , saying just " I do."
6) Any player who does not ___ with the rules will be dropped from the team.
7) A couple of older boys tried to ____ some first-gradders to hand over their lunch money.
8) To earn money for college, Theo felt he had to either join the army or get a job. He didn't like either ____ .
9) When the real ax-murderer confessed, the police had to ____ that the wrong man had been jailed.
10) In most American schools, it is not ____ for students to call their teachers by their first names.
>>>

Exercise II: Fill in the blanks

1-2. " I ___ that you have a perfect right to do whatever you like with your hair, " said the teenage girl's mother. " But, to be ___, I don't find green curls attractive."

3-4. In colonial America, it was thought ____ for a wife to ____ with all her husband's commands.

5-6. " The poor economic situation leaves me no ____, " said the company president. " It ____s me to lay off some of our workers. "

7-8. Our business instructor told an ____ about a company that ____(e)d failure by sharing ownership with all its workers.

9-10. The sale sign was huge but ____. It said only, " _____ price cuts."


------------------------------------


အဖြေများ။ ။
Exericise I >>
1) candid
2) anecdote
3) drastic
4) avert
5) concise
6) comply
7) compel
8) alternative
9) acknowledge
10) appropriate

Exercise II>>
1) acknowledge
2) candid
3) appropriate
4) comply
5) alternative
6) compel
7) anecdote
8) avert
9) concise
10) drastic

မှတ်ချက်.. Building Vocabulary Skills စာအုပ်မှကူးယူဖော်ပြပါသည်။

ဝင်္ကပါ

Thursday, December 20, 2007

Vocabulary Chapter-1

Last post: Vocabulary Intro

ပထမစစချင်း ဝေါဟာရတွေရဲ့အဓိပ္ပာယ်ကို dictionary ထဲမှာမရှာပဲနဲ့ အောက်ကလေ့ကျင့်ခန်းလေးနဲ့စမ်းကြည့်ပါ။

Vocabulary များ၏အဓိပ္ပာယ်တွေကို စာကြောင်းတွေကနေခန့်မှန်းပြီးတော့ အောက်တွင်ဖော်ပြထားသောသုံးလုံးထဲမှအနီးစပ်ဆုံးစာလုံးကိုရွေးပါ။

1) acknowledge - v

  • Stubborn people often find it difficult to acknowledge their errors. They hate to admit they were wrong.
  • Even after most of the votes had been counted, Senator Rice refused to acknowledge that he had lost.

Acknowledge means- a. to deny b. to admit c. to remember

2) alternative - n

  • The teacher stated the alternatives to Tim-retake the test or get a D for the course.
  • When her dog began to suffer from cancer, Wanda felt she had no alternative. He would have to be put to sleep.

Alternative means- a. a choice b. a command c. an assignment

3) anecdote - n

  • Dad told the children an anecdote about getting his tie caught in a file cabinet at work just as the boss walked in.
  • I once heard an anecdote about a stagehand's revenge on a bossy actor. The stagehand put wheels on a table used in the play, so when the actor leaped onto the table during the most dramatic scene, he rolled straight off into the wings.

Anecdote means- a. an error b.a short, interesting story c. an article

4) appropriate- adj

  • Chuck has little sense of what is socially appropriate. For example, he went to his sister's wedding in running shoes.
  • Although it is appropriate for a man to take his hat off in church, in a synagogue it is proper for a man to cover his head.

Appropriate means- a.illegal b. fun c. proper

5) avert- v

  • Renata averted an unpleasant meeting with her ex-boyfriend by leaving the store before he saw her.
  • To avert an accident, Larry turned his car sharply to the right and ran into a stop sign.

Avert means- a. to begin b. to prevent c. to report

6) candid- adj

  • I'll give you my candid opinion, but you may not like what you hear.
  • My heart always sinks when Robbie invites me to his house for dinner. He's a wonderful person, but to be candid, he's a terrible cook.

Candid means- a. honest b. friendly c. careful

7) compel- v

  • My history teacher would often compel us to do useless work, such as memorizing the date each state entered the union.
  • If the law did not compel people to pay taxes, no one would pay them.

Compel means- a. to help b. to forbid c. to force

8) comply- v

  • If someone with an iron pipe demands your wallet, it is safer to comply than to resist.
  • "My wife is so used to being the boss at work, " Martin said, "that she is annoyed when I don't comply with her every request at home."

Comply means- a. to argue b. to do as asked c. to hear

9) concise- adj

  • Because of limited space, most newspaper articles must be concise.
  • Unlike many politicians, our mayor is concise- his speeches are short but say much.

Concise means- a. wordy b. correct c. clear and brief

10) drastic- adj

  • The company's new president took drastic steps, closing two factories and laying off three hundred employees.
  • "This time I will let you off with just an hour of staying after school, " the pricncipal said, " But if it happens again, the punishment will be more drastic."

Drastic means- a. unimportant b. extreme c. easy

--------------------------------------------

အဖြေများ

1) acknowlege- C [ ၀န်ခံသည် ]

2) alternative - A [ ရွေးချယ်ခြင်း ]

3) anecdote - B [ ပုံပြင်တို ]

4) appropriate - C [ သင့်တော်သည် ]

5) avert - B [ ကာကွယ်သည် ]

6) candid - A [ ပွင့်လင်းသည် ]

7) compel - C [ အတင်းအကျပ်ခိုင်းစေသည် ]

8) comply - B [ လိုက်နာသည် ]

9) concise- C [ လိုရင်းတိုရှင်း]

10) drastic- B [ ပြင်းထန်ထိရောက်သော]

အခုအဓိပ္ပာယ်တွေသိသွားပြီဆိုတော့ ဒီလေ့ကျင့်ခန်းလေးကိုစမ်းဖြေကြည့်ပါဦး။ Defintions တွေကိုသက်ဆိုင်ရာစာလုံးများနှင့်တွဲပေးပါ။

1) To do as commanded or asked

2) Proper; suitable to the situation

3) A choice

4) Extreme; harsh or intense

5) To admit or confess

6) To force

7) Very honest

8) An interesting short story about an event

9) Saying much in a few clear words

10) To prevent; to avoid

----------------------------------------------------

ဤလေ့ကျင့်ခန်း၏အဖြေနှင့် နောက်ဆက်တွဲလေ့ကျင့်ခန်းများကို နောက်နေ့တွင် ဆက်လက်တင်ဆက်ပါမည်။

မှတ်ချက်.. Building Vocabulary Skills စာအုပ်မှကူးယူဖော်ပြပါသည်။

ဝင်္ကပါ