Sunday, November 16, 2008

alone / lonely

တစ်လနေမှ တစ်ပုဒ်တင်ပေးနိုင်တယ်။ စိတ်မကောင်းပါဘူး။ အခုဆိုရင် ဒီဘလော့လေးမှာ လေ့လာတဲ့သူတွေလဲ အတော်လေးကို များလာပါပြီ။ စာဖတ်သူရှိနေခြင်းက စာရေးသူရဲ့ အားတစ်ရပ်ပါပဲ။ တတ်နိုင်သလောက်တော့ တင်ပေးနိုင်အောင် ကြိုးစားပေးနေဦးမယ်။ နောင်တစ်ချိန် အကြောင်းအမျိုးမျိုးကြောင့် ပို့စ်အသစ်တွေ မတင်ပေးနိုင်ခဲ့တော့ရင်လဲ အားလုံးကို နားလည်ခွင့်လွှတ်ပေးပါလို့ ကြိုတင် မေတ္တာ ရပ်ခံပါရစေနော်။ ဒီတစ်ခေါက် ပို့စ်လေးကတော့.

Alone ဆိုတဲ့ စာလုံးကို Adj အနေနဲ့ သုံးနိုင်သလို Adv အနေနဲ့လဲ သုံးနိုင်ပါတယ်။ ဘယ်လိုပဲသုံးသုံး သူ့အဓိပ္ပါယ်ကတော့ ဘယ်လူတစ်ဦးတစ်ယောက်မှ မရှိနေပဲ ကိုယ်တစ်ယောက်ထဲ ရှိနေတာကို ဆိုလိုတာပါ။

For example: "He likes living alone."
ဥပမာလေးကို ကြည့်မယ်ဆိုရင် သူသည် တစ်ယောက်တည်း နေရခြင်းကို ကြိုက်နှစ်သက်သည်။

"I think we're alone now."
ဒီ Example လေးမှာကျတော့ တစ်ခြားဘယ်သူမှ မရှိတော့ဘဲ နှစ်ယောက်ထဲပဲ ကျန်ခဲ့ခြင်းကို ဆိုလိုတာပါ။

Lonely ကတော့ Adj ဖြစ်တယ်။ ဒါက ရှည်ရှည်ဝေးဝေး ပြောမယ်ဆိုရင် ကိုယ်နားမှာ တစ်ခြား ဘယ်သူမှမရှိတော့တဲ့ အတွက် စိတ်မချမ်းမြေ့နေဘူး။ တစ်နည်းအားဖြင့် အထီးကျန်နေခြင်းကို ဆိုလိုတာပါ။

For example: "Mother feels lonely now because all the children have left home."
အမေက အထီးကျန်နေတယ်….ကလေးတွေ အကုန်လုံး အိမ်မှာရှိမနေလို့…

တစ်ခုသတိထားရမှာက ကိုယ်က တစ်ယောက်တည်းရှိနေခြင်းကို အထီးကျန်နေခြင်း ဖြစ်တယ်လို့ မဆိုလိုပါဘူး။ တစ်ယောက်တည်း ကျန်ခဲ့ပေမယ့် အထီးကျန်ချင်မှကျန်မယ်။ တစ်ခါတစ်ခါ အများနဲ့ ရှိနေပေမယ့်လည်း ကိုယ်က အထီးကျန်တယ်ဆိုတဲ့ ဝေဒနာရဲ့ နှိပ်စက်ခြင်းကို ခံခြင်းလဲခံနေရမယ်။ ဒါကြောင့် alone လို့ပြောတိုင်း lonely မဖြစ်နိုင်ဘူး။ ဒါကတော့ ဒီစာလုံးနှစ်လုံးရဲ့ ကွာခြားချက်လေးပါပဲ။

စာလာဖတ်သူအားလုံး ရွှင်လန်းချမ်းမြေ့တဲ့ နေ့သစ်များစွာကို ပိုင်ဆိုင်နိုင်ပါစေ။
May all readers have a bright future. As learning is a never ending process, the more we learn the more we realize that we don't have enough knowledge. That's how learning makes people keep alive.Thanks to all readers.
chaos

Monday, October 13, 2008

accept vs except AND advice vs advise

အခုတစ်လော အင်္ဂလိပ်စာ ဘလော့လေးအတွက် နဲနဲလေး ရောနှောတတ်တဲ့ စာလုံးဆင်တူလေးတွေကို တင်ပေးဖို့ စိတ်ကူးထားမိတယ်။ စိတ်ကူးထားတယ်ဆိုတော့ ဖြစ်အောင်လုပ်ဖို့လဲ စိတ်ထည့်ထားပါတယ်။ တော်တော်ကြာမှ တစ်ပုဒ်လောက်ပဲတင်တင်ပေးနိုင်တာ စိတ်မကောင်းပါဘူး။ ဆက်လက်ပြီး ကြိုးစားတင်ပြပေးပါ့မယ်။ အားပေးမှု၊ လေ့လာမှု အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

accept vs except

Accept is a verb, which means to agree to take something .

Accept ဆိုတဲ့ စာလုံးလေးရဲ့ အဓိပ္ပါယ်က တစ်စုံတစ်ခုကို ယူဖို့ သဘောတူညီခြင်း။ တစ်နည်းအားဖြင့်ပြောရင် လက်ခံခြင်းပေါ့။

For example: "I always accept good advice."
ဥပမာ။ ။ ကျွန်ုပ်သည် အကြံဥာဏ်ကောင်များကို အမြဲတစ်စေ လက်ခံလေ့ရှိသည်။

Except is a preposition or conjunction, which means not including.
Except ကတော့ စကားဆက်ပုဒ် တစ်ခုပေါ့။ သူ့ ရဲ့အဓိပ္ပါယ်က "မပါဝင်ဘူး" "မှလွဲ၍" လို့ ဆိုလိုပါတယ်။

For example: "I teach every day except Sunday(s)."
ဥပမာ။ ။ ကျွန်ုပ် နေ့တိုင်း တနင်္ဂနွေနေ့မှ လွဲ၍ နေ့တိုင်း စာသင်ပေးတယ်။

advice vs advise

Advice is a noun, which means an opinion that someone offers you about what you should do or how you should act in a particular situation.
Advice ကတော့ နာမ်ပုဒ်တစ်ခုဖြစ်ပြီး အခြေအနေတစ်ခုမှာ တစ်စုံတစ်ယောက်က သင့်ကို ဘယ်လိုပြောဆိုသင့်တယ်။ ဘယ်လိုလေးတော့ ပြုမူသင့်တယ် ဆိုပြီးမှ အကြံပေးပြောဆိုတဲ့ စကားနဲ့ ထင်မြင်ချက်လေးတွေပေါ့။ တစ်နည်းအားဖြင့် အကြံဥာဏ်ကို ဆိုလိုခြင်းဖြစ်ပါတယ်။

For example: "I need someone to give me some advice."
ဥပမာ။ ။ တစ်စုံတစ်ယောက်က ကျွန်ုပ်ကို အကြံဥာဏ် တစ်ချို့ပေးဖို့လိုအပ်နေပြီ။
ဒီနေရာမှာ advice ကို some advice လို့သုံးသလို တစ်ခါတစ်ရံ a piece of advice ဆိုပြီးလဲ သုံးနှုန်းလို့ ရပါတယ်။

Advise is a verb, which means to give information and suggest types of action.
Advise ကတော့ ကြိယာပေါ့။ ဆိုလိုတာက လိုအပ်တဲ့ သတင်းအချက်အလက်တွေကိုပေးမယ်။ ဒါမှမဟုတ်ရင် အကြောင်းအရာတစ်ချို့အတွက်၊ လုပ်ဆောင်ချက်တွေအတွက် အကြံပြုမယ်ပေါ့။

For example: "I advise everybody to be nice to their teacher."
ဥပမာ။ ။ လူတိုင်းကို ကျွန်ုပ် အကြံပြုချင်တာကတော့ သူတို့ရဲ့ ဆရာသမား အပေါ်မှာ ကောင်းမွန်စွာ ဆက်ဆံဖို့ပါပဲ။

သြော် …ပြောဖို့ကျန်တော့မလို့။
အင်္ဂလိပ်စာမှာ များသောအားဖြင့် Noun form တွေဟာ ……ice ဆိုတဲ့ စာလုံးလေးနဲ့ အဆုံးသတ်လေ့ရှိပြီး Verb form တွေကတော့ ……ise ဆိုတဲ့ စာလုံးလေးနဲ့ အဆုံးသတ် လေ့ရှိပါတယ်။

chaos

Wednesday, September 10, 2008

i.e vs e.g

i.e. and e.g ၏ခြားနားချက်များ

e.g. ဆိုသော စကားလုံးမှာ “ exempli gratia ” ဆိုသော စကားလုံးမှဆင်းသက်လာခြင်းဖြစ်ပါတယ်။ ဗမာလို အဓိပ္ပါယ်ပြန်ရရင်တော့ “ဥပမာအားဖြင့်” လို့ဆိုလိုနိုင်ပါတယ်။

For example: "I like fast cars, e.g. Ferrari and Porche

အမြန်ကားတွေကို ကျွန်ုပ် နှစ်သက်သည်။ ဒီ စာကြောင်းမှာ နှစ်သက်မိတဲ့ ကားနှစ်မျိုးနှစ်စားကို e.g. Ferrari and Porche ဟုရေးထားပါတယ်။ ဒီဥပမာက ရိုရိုးလေးပါ။ ဥပမာအားဖြင့်ဆိုပြီး ကိုယ်နှစ်သက်ရာ အမျိုးအစားကို ဖော်ပြသွားခြင်းပါတယ်။

i.e. ကတော့ “id est” ကို ကိုယ်စားပြုပါတယ်။ အဓိပ္ပါယ်ကတော့ “that is” ပေါ့။ ကိုယ်ရှင်းပြနေတဲ့ စာပိုဒ်ထဲကားနေ ပြန်ညွှန်းပြခြင်းကို ဆိုလိုပါတယ်။

For example: "I like fast cars, i.e. any car that can go over 150mph."

ဒီအပေါ်က ဥပမာလေးကို ကြည့်ရင် သိသာနိုင်ပါတယ်။ အမြန်ကားတွေကို သဘောကျတယ်။ “i.e.” က အဲ့စာကြောင်းလေးမှာ ဘယ်အမြန်ကားမဆို ညွှန်းထားတာ ဖြစ်ပါတယ်။

ရောတတ်တာလေးတွေကို တတ်သလောက် မှတ်သလောက် စုစည်းတင်ပြခြင်းဖြစ်ပါတယ်။ အဆင်ပြေကြပါစေနော်။
ခေးရော့စ်

Friday, August 1, 2008

အင်္ဂလိပ်စာ ဘာကြောင့်မတတ်ကြသလဲ..

အင်္ဂလိပ်စာ ဘာကြောင့်မတတ်ကြသလဲ..တဲ့

အဟိ နာလဲ ချင်ကာပူမှာ ကလယ်ရိုက်နေတယ် singlish နဲ့ စီလုပ်သံတွေကြားမှာ

ပြီးတော့ အထာမသိတာ

ရန်ကုန်မှာတုန်းကတော့ ခရီးသွားလုပ်ငန်းဆိုတော့ နိုင်ငံခြားသားနဲ့စကားပြောတဲ့ကိစ္စကမစိမ်းပဲ ထမင်းစားရေသောက်ပေမဲ့ ဒီရောက်မှ သူတို့ ဘာပြောမှန်းကို logic နဲ့ပြန်ပြန်စဉ်းစားနေရတယ် အဟတ်ဟတ် (ကိုယ်ညံ့ရင်ညံ့တယ်ပေါ့နော်)

ထားပါတော့ အခုဒီပို့စ်ကတော့ ဟိုးရှေးရှေးတုန်းက အရင် ၁၀နှစ်လောက်က ဘ၀သစ် ဦးအောင်ကျော်မှာ အင်္ဂလိပ်စာသင်တန်းတက်တုန်းက စာအုပ်နောက်ကျောဖုံးမှာ ပါတာလေးကို ရိုက်ပီး တင်ပေးလိုက်ပါတယ်နော်

- ကိုယ်တိုင် တကယ်တတ်ပြီး တပည့်တွေကို တကယ်တတ်အောင် သင်ပေးနိုင်တဲ့ ဆရာတွေရှားနေလို့

- ကျောင်းတွေ တက္ကသိုလ်တွေမှာ သင်ရတဲ့ အင်္ဂလိပ်စာနဲ့ မလုံလောက်လို့။

- အင်္ဂလိပ်စာကို အချန်ယူလေ့လာမှ၊ ဖတ်သမျှနားလည်၊ ပြောချင်ရာပြော၊ရေးချင်ရာရေးနိုင်တဲ့ အဆင့်ကိုရောက်မယ်၊ တကယ်တတ်မယ်ဆိုတာကို သဘောမပေါက်ကြပဲ၊ သုံးလေး ငါးလလောက်သင်လိုက်ရင် တတ်သွားလိမ့်မယ်လို့ အထင်အမှားကြီးမှားပြီး ကြာရှည်မသင်ချင်ကြလို့၊ ခဏတဖြုတ်ပဲ သင်ချင်ကြလို့။

- အင်္ဂလိပ်စာအုပ်မျိုးစုံဖတ်မှ တကယ်ပြောတတ်၊ ရေးတတ်ဖြစ်မယ်ဆိုတာ နားမလည်ကြတဲ့အတွက် ၊ အင်္ဂလိပ်စာကို ဖြစ်ဖြစ်မြောက်မြောက် မဖတ်ကြလို့။

- အင်္ဂလိပ်စာ တကယ်တော်အောင် လုပ်ဖို့ လိုအပ်တဲ့သင်တန်း ကြာရှည်တက်ရတာတို့ အရေးလေ့ကျင့်ရတာတို့လို ကယိကထတွေကို မခံနိုင်ကြလို့။ ဇွဲမရှိလို့၊ တချို့ကြတော့ အင်္ဂလိပ်စာတတ်မြောက်ရေးအတွက် ငွေကုန်ကြေးကျ မခံနိုင်ကြလို့၊ ဒါမှမဟုတ်မခံချင်ကြလို့။

- တချို့ကတော့ ဘာအလုပ် ညာအလုပ် ရှုပ်နေကြပြီး အင်္ဂလိပ်စာ တတ်မြောက်ရေးအတွက် အချိန်ကောင်းကောင်းမပေးနိုင်ကြလို့။

- အချုပ်ကတော့ တတ်သာတတ်ချင်ကြပြီး တကယ်တတ်အောင် ဒုက္ခမခံနိုင်ကြလို့ ဖြစ်ပါတယ်။

တတ်အောင် ဒါတွေလုပ်ပါ..တဲ့

- အင်္ဂလိပ်စာအုပ်မျိုးစုံ အသံထွက်ဖတ်ပါ။ လွယ်တာတွေ စဖတ်ပါ။

- အင်္ဂလိပ်စာသင်တန်း ကြာကြာတက်ပါ။ အလုပ်များရင် ခဏနားပြီး အားတော့ဆက်တက်ပါ။ တော်ရုံတန်ရုံ အလုပ်များရုံနဲ့ သင်တန်းမရပ်ပါနဲ့။

- အင်္ဂလိပ်စကားပြော အခွေတွေကြည့်ပါ နားထောင်ပါ။ အင်္ဂလိပ်တီဗီ၊ ရုပ်ရှင်တွေကြည့်ပါ။ အင်္ဂလိပ်ရေဒီယို နားထောင်ပါ။

- စိတ်တူသဘောတူ သူငယ်ချင်းတွေနဲ့ အင်္ဂလိပ်စကားပြောလေ့ကျင့်ပါ။ မရှက်ပါနဲ့။ တစ်ယောက်တည်းလဲ အပြောကျင့်နေပါ။(သူများတော့မကြားစေနဲ့ပေါ့)တဲ့


ကဲ.. အားလုံးပဲ တကယ်လုပ်ရင်တကယ်တတ်တာမို့ ကြိုးစားကြဖို့လို့ တိုက်တွန်းလိုက်ပါတယ်နော်...


Thursday, July 24, 2008

ise and ize

အင်္ဂလိပ်လူမျိုး တစ်ချို့ ယုံကြည်ထားတာက ize နဲ့ဆုံးတဲ့ စကားလုံးတွေ...... ဥပမာပြောရရင် " organize " ။ အဲ့ဒါကို အမေရိကန် စာလုံးဆိုပြီးယူဆထားပြီး တကယ့် စာလုံးပေါင်း အမှန်က " organise" ဖြစ်ရမယ်ပေါ့။

Oxford University က computerize, capitalize, capsize, organize, organization, privatize, publicize, realize အစရှိတဲ့ စာလုံးတွေမှာဆိုရင် ize နဲ့ဆုံးသင့်တယ်ပေါ့။
analyse, advertise, advise, arise, compromise, disguise, despise, enterprise, exercise, merchandise, revise, supervise, surprise အစရှိတဲ့ စာလုံးတွေကိုတော့ ise နဲ့ဆုံးရမယ်ပေါ့။

Concise Oxford Dictionary
မှာ ရှာမယ်ဆိုရင်တော့ နှစ်မျိုးလုံး သုံနှုန်းထားတာ တွေ့နိုင်တယ်။
e.g., 'realise' or 'realize', 'organise' or 'organize' ။ တစ်ချို့ စာလုံးတွေကို ကျပြန်တော့လည်း
'analyse' = British English, 'analyze' = American English ဆိုပြီး ခွဲထားပေးတာရှိတယ်။

ဒါပေမယ့် ise နဲ့ ize စာလုံးပေါင်းနဲ့ ပါတ်သက်လို့ ဒီအောက်က အချက်လေးတွေက ထောက်အကူပြုနိုင်ပါတယ်။
  1. Noun and verb: စာလုံးတစ်လုံးထဲကပဲ Noun ကိုရော၊ Verb ကိုရော ကိုယ်စားပြုပြီး စာလုံးပေါင်းလို့ရမယ်ဆိုရင် ise ကိုသုံးတယ်။ (like “exercise”)
  2. Pronunciation: ဥပမာ စာလုံးတစ်လုံး -eyes (အိုင်း) လိုအသံမထွက်တဲ့ဟာမျိုးဆိုရင ise ကိုသုံးတယ်။ ဥပမာ အားဖြင့် “promise”
  3. Stem: နောက်ပြီး Latin, Greek စာလုံးက ဆင်းသက်လာတဲ့ အင်္ဂလိပ်စာလုံး မှာ is နဲ့ဆုံးတယ်ဆိုရင် ise ကိုသုံးတယ်။ ဥပမာ vis နဲ့ဆုံးတဲ့ စာလုံးတစ်လုံးဆိုပါစို့။ ဒါဆိုရင် သူ့ကို "televise" ဆိုပြီးတော့သုံးပါတယ်။

* အခုအပေါ်မှာ ဖော်ပြထားတဲ့ အချက်နဲ့မကိုက်ညီတဲ့ စာလုံးတွေကိုတော့ ize သုံးတယ်။ *

တော်လွန်းတတ်လွန်း၍ ဆရာလုပ်နေခြင်းမဟုတ်ပါ။ ဆက်လက်သင်ယူရင်း၊ လေ့လာရင်း၊ အသုံးတည့်မည် ထင်သော သင်ခန်းစာများကို မျှဝေပေးခြင်းသာ ဖြစ်ပါတယ်။

ခေးရော့စ်

Friday, March 28, 2008

Learn English Links

ဂျာနယ်ထဲမှာ တွေ့လိုက်လို့ www.engish4myanmar.com တဲ့ ။ သွားလေ့လာချင်စရာ တခုမလို့ ညွှန်လိုက်တယ်နော်။
အောက်က လင့်ခ်တွေကတော့ ကိုချမ်းဆီက မလာတာ။

IELTS

Listening

Writing

Vocabulary

Grammar

Online Dictionary



Master of All Dictionary http://en.wikipedia.org

IDIOM

Dictionary of Computing

P.S: မချိတ်ထားတဲ့ တချို့ လင့်ခ်တွေ နောက်ရက် ထပ်ထည့်ပါမယ်နော်။ ခဏစောင့်ပါ။ သို့မဟုတ် ဒီမှာ သွားယူပါရှင်။ http://cmsmdy.blogspot.com/2006/06/lern-english.html

Wednesday, March 5, 2008

ဝါကျဖွဲ့စည်းပုံ..(၁)

အရင်ပို့စ်မှာ ၀ါကျဖွဲ့စည်းပုံလေးကို ပဏာမ ပြောသွားပါတယ်။

S+V+O(PTMR) ဆိုပြီး အလွယ်မှတ်ခဲ့ပါတယ်။
အဲဒီမှာမှ subject နဲ့ object တွေမှာ noun, pronoun နဲ့ singular, plural ပုံစံတွေ ထပ်မံသိဖို့ လိုအပ်သလို verb မှာလဲ verb to do, verb to be, helping verb နဲ့ phrasal verb တွေအကြောင်း verb တွေရဲ့ tense တွေအကြောင်း၊ active, passive ပုံစံတွေအကြောင်းလဲ ထပ်မံသိဖို့ လိုအပ်ပါသေးတယ်။ ပြီးတော့ ဒီ noun တွေ verb တွေကို ထူးခြားအောင် လာလုပ်ပေးတဲ့ adjectives, adverbs (နာမ၀ိသေသန၊ ကြိယာဝိသေသန) တွေ အကြောင်းလဲ ဆင့်ပွားသိရှိ အသုံးချရပါမယ်။ အဲဒါတွေကိုတော့ နောက်မှ ထပ်ပြီး ဆွေးနွေးပြောပြချင်ပါတယ်။

ဒီပို့စ်မှာတော့ verb to be နဲ့ ပါတ်သက်ပြီး be, am, is, are, was, were, been, being တွေရဲ့ အဓိပ္ပါယ် သက်ရောက်ပုံ ရှိသည်၊ ဖြစ်သည် ပေါ်မှာ မူတည်ပြီး အနောက်မှာ လိုက်တဲ့ noun သည် object အနေနဲ့ မဟုတ်တော့ပဲ complement(ဖြည့်စွက်ပုဒ်) အဖြစ် ခေါ်ဝေါ်သုံးစွဲပုံလေးကို ပြောပြချင်တာပါ။
ဥပမာ-
Mg Mg is a teacher.
မောင်မောင် သည် ဆရာ တစ်ယောက် ဖြစ်ပါသည်။
Mg Mg = Subject
is = verb to be
a teacher= complement (ကံပုဒ် object မဟုတ်တော့ပါ)။

နောက်ထပ် ဥပမာတခုအနေနဲ့ There was a very pretty girl in this ancient city. ဆိုပါတော့
ဤရှေးဟောင်းမြို့တော်တစ်ခုတွင် အလွန်လှပသော မိန်းကလေးတစ်ယောက် ရှိခဲ့သည်။
a very pretty girl = complement
There = subject
was = verb to be
in this ancient city = place(adverb)

အဲတော့ S+V+complement ဆိုပြီးဖြစ်ပါတယ်။
နားလည်လွယ်ပါတယ်နော်။

တလက်စတည်း adjective လို့မခေါ်ဝေါ်ပဲ Nouns in position (မြန်မာလို ဘယ်လိုခေါ်ပ၊ သိရင်ပြောပေးကြပါဦး)
အနေနဲ့ အသုံးပြုတဲ့ ပုံစံတခုကို ပြောပြချင်ပါတယ်။
အဲဒါကတော့ ကိုယ်ပိုင်နာမ်(private noun) တခုကို ထူးခြားအောင် ဖေါ်ပြချင်တဲ့ အခါမျိုးမှာ နာမ၀ိသေသနနဲ့ တွဲဖက်ဖေါ်ပြလို့ မရပဲ အဲဒီ nouns in position ပုံစံလေးနဲ့ အသုံးပြုရပါတယ်။
ဥပမာ- Mg Mg, a young business man, donate 10,000 $ to MBS for fire rescue fund.
မြန်မာလိုမှာတော့ လူငယ်စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ မောင်မောင်သည် မီးဘေးကယ်ဆယ်ရေး ရံပုံငွေအတွက် ဒေါ်လာ တစ်သောင်းကို MBS သို့ လှူဒါန်းပါသည်။ အဲလို ရေးလို့ဖြစ်ပေမဲ့
အင်္ဂလိပ်လိုမှာကတော့ မောင်မောင်ကို တိုက်ရိုက် adjective နဲ့ အထူးပြုဖေါ်ပြလို့ မရတဲ့ အတွက် ကော်မာခံပြီးမှ အဲလို ဖြည့်စွက်ဖေါ်ပြသွားရပါတယ်။ ဘာသာပြန်တဲ့အခါမှာတော့ မောင်မောင်သည် မီးဘေးကယ်ဆယ်ရေး ရံပုံငွေအတွက် ဒေါ်လာ တစ်သောင်းကို MBS သို့ လှူဒါန်းပါသည်။ မောင်မောင်ဆိုသည်မှာ လူငယ်စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်ပါသည် ဆိုပြီး နှစ်ကြောင်း အဓိပ္ပါယ် ပြန်ရပါမယ်။

နောက်ဥပမာ တခု ထပ်စဉ်းစားကြည့်ရအောင်နော်။
Mandalay, the second largest city, was the last Kingdom of the Myanmar Dynasty before the British took over.
အဲဒီမှာ မန်းလေးကို ဒုတိယအကြီးဆုံးမြို့တော်ဆိုပြီး ဖြည့်စွက် အထူးပြုသုံးနှုံးထားတာပါ။

စကားစပ်တုန်း ဘာသာပြန်တာလေးရဲ့ အစီအစဉ်ကိုလဲ ပြောပါရစေ။
အင်္ဂလိပ်မှာ subject, verb, object တွေနဲ့ ၀ါကျထဲမှာ ပါဝင်မှုတွေကို ABC လို့ အစဉ်လေးလုပ်ကြည့်ရင် မြန်မာလို ဘာသာပြန်တဲ့ အခါ CBA အဖြစ်ဘာသာပြန်ရပါမယ်။ လောလောဆယ်မှတ်ရုံမှတ်ထားပေးပါ။ နောက်များ ကြုံရင် ဥပမာလေးနဲ့ တကွ တင်ပြပါမယ်နော်။

လာဖတ်သွားရင် ကျမပြောသွားတဲ့ ထဲက လိုအပ်ချက်လေးများတွေ့ခဲ့ရင် ညွှန်ပြဝေဖန်အကြံပေးသွားကြပါဦးလို့..
ကျေးဇူးတင်ပါတယ်။

Tuesday, February 26, 2008

ဝါကျ ဖွဲ့စည်းပုံ

ပထမဦးဆုံး စတင်ဆွေးနွေးလိုတာကတော့ အင်္ဂလိပ်စာရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ Eight Parts of Speech ကို ဆွေးနွေးလိုပါတယ်. မြန်မာသဒ္ဒါမှာတော့ ၀ါစက (၈) မျိုးလို့ ခေါ်ပါတယ်ခင်ဗျာ. အဲဒါတွေကတော့

1. Noun (နာမ်)
2. Pronoun (နာမ်စား)
3. Verb (ကြိယာ)
4. Adverb (ကြိယာဝိသေသန)
5. Adjectives (နာမ၀ိသေသန)
6. Preposition (ရှေ့ဆောင်ပုဒ် (၀ါ) ၀ိဘတ်) (နေရာရှေ့ဆက်များ)
7. Conjunction (စကားဆက် (၀ါ) သမ္ဗန္ဓ)
8. Interjection (အာမေဍိတ်)

စသည်တို့ပဲ ဖြစ်ပါတယ်.

အဲဒီ့ ၀ါစက ရှစ်မျိုးကို အသုံးပြုပြီးတော့ ၀ါကျများကို တည်ဆောက်ထားခြင်းပဲ ဖြစ်ပါတယ်ခင်ဗျာ. ဒီ ၀ါစကရှစ်မျိုးကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ရင်တော့ English Grammar ကို ပိုင်နိုင်သူတစ်ယောက် ဖြစ်ဖို့ ရာခိုင်နှုန်းအများကြီး ရှိသွားပါပြီလို့ ဦးဦးကထိက က ပြောပါတယ်။

အခု ဆရာမ မယ်လိုဒီမောင်ကနေပြီးတော့ ဒီဝါစင်္ဂ ၈မျိုးကို အခြေခံ ဘယ်လို ထားသိုရေးသားရမလဲဆိုတာ ဆက်လက် ပြောပြချင်တာပါ။
English မှာ sentence construction (၀ါကျ ဖွဲ့စည်းပုံ) မှာ နှစ်မျိုး အရင် ခွဲခြားလိုပါတယ်။ အဲဒါကတော့
Simple sentence (ရိုးရှင်းလွယ်ကူသော ၀ါကျ) နှင့် Complex sentence (ထွေပြားသောရှုပ်ထွေးသော ၀ါကျ) လို့ပဲ မြင်ကြည့်ချင်ပါတယ်။

Simple sentence Construction အနေနဲ့ဆိုရင် S+V+O(PTMR) ဆိုပြီး အလွယ်မှတ်ကြပါစို့။
ဒီနေရာမှာ S ဆိုတာ Subject (ပြုလုပ်သူ) ကိုပြောတာပါ။
V ကတော့ Verb(ပြုခြင်း၊လုပ်ခြင်း သို့မဟုတ် ကြိယာ) ကိုဆိုလိုပြီးတော့ O ကတော့ Object(အပြုခံရသူ) ဖြစ်ပါတယ်။ PTMR ကတော့ ကြိယာဝိသေသန (Adverbs များဖြစ်ကြတဲ့ place, time, manner, reason) နေရာ၊ အချိန်၊ အပြုအမူနဲ့ အကြောင်းပြချက်တို့ဖြစ်ပါတယ်။

အဲဒီတော့ ကျမဆိုလိုချင်တာက ရိုးရှင်းသောဝါကျတစ်ကြောင်းဖွဲ့စည်းဖို့ ဒီအစီအစဉ်ကို အလွတ်မှတ်သားစေချင်ပါတယ်။ မြန်မာသဒ္ဒါလိုဆိုရင် ကတ္တား+ကြိယာ+ကံပုဒ် နှင့် ကြိယာဝိသေသန တို့ ဆိုတဲ့ အတိုင်းဖြစ်ပါတယ်။
နမူနာလေးတွေ ရေးကြည့်မယ်ဆိုရင်..

I drink coffee daily. Where as I = S; drink= V; coffee= O and daily = T

Mg Mg held Birthday Party at Park Royal Hotel Last Night. Where as Mg Mg= S; held= V; Birthday Party=O; at Park Royal Hotel=P and Last Night=T

တကယ်လို့ ဥာဏ်ကွန့်မြူးမယ်ဆိုရင် Happily ဆိုပြီး အပြုအမူ Manner ကို သူ့နေရာ အလိုက် နောက်ဆုံးမှာ ထည့်သုံးလို့ ရပါတယ်။ (မှတ်ချက်၊။ အကယ်၍ Last Night ဆိုတဲ့ အချိန်ကို ရှေ့ဆုံးမှာ ကော်မာခံပြီးရေးမယ်ဆိုလဲ ဦးစားပေးရေးတဲ့အနေနဲ့ ရေးလို့ရပါတယ်။ ဒီလိုခြွင်းချက်တွေကိုတော့ နောက်မှ ဆက်ပြောပါရစေ)

ဒါဆိုရင် ခုလို simple sentence လေးတွေကို ၁၀ကြောင်းလောက် စိတ်ကူးထဲမှာဖြစ်ဖြစ် စာရွက်ပေါ်မှာဖြစ်ဖြစ် စမ်းတွေးရေးကြပါဦးလို့ အရင် တိုက်တွန်းလိုက်ပါတယ်။

နောက်ရက်များမှ ဆက်လက်ပြီး Simple sentence ရဲ့ တခြားမတူညီမှုလေးကို ဆက်ရေးပါမယ်နော်။

Sunday, February 24, 2008

Names of Seafood

ကမာ - oyster
ကနုကမာ - scallops
ကကတစ် -
ကကူရံ(ငါးလက်ခွာ) - giant sea perch; Bectic
ကဘီလူး - king fish; tasselfish
ကသပိုး - bluespot grey mullet
ကင်းမွန် - bar-eyed goby
ကဏန်း - squid
ကဏန်းလက်မ - crab
ကျောက်ပုဇွန် -crab claw
ကျော်စံကေး - lobster
ခုံးကောင် - small frog
ခုံးတစ်ခြမ်း - clam
ခရု - abalone
ငါးကျည်း - winkle
ငါးကျည်းခြောက် - sccobranch catfish; scorpion cat fish
ငါးကြင်း - smoked sccobranch catfish
ငါးကွမ်းရှပ် - mrigal
ငါးခူ - thunnus tonggol
ငါးခွေးလျှာ - catfish
ငါးခုံးမ - tongue sole
ငါးစင်ရိုင်း - barb
ငါးဇင်းပြား - striped dwarf cat fish
ငါးတန် - bigeye ilisha
ငါးတီး - striped catfish
ငါးတံခွန် - false trevally
ငါးထွေ - largehead hairtail
ငါးနုသန်း - whisker sheatfish; silvery catfish
ငါးနှပ် - bummalo
ငါးနီတူ - commerson's anchovy
ငါးပနော် - Great snake-head fish
ငါးပါးနီ - humpback red snapper
ငါးပုဏ္ဏား - mango fish
ငါးပုတ်သင် - soldier croaker
ငါးပြေမ - climbing perch
ငါးဖောင်ရိုး - Garfish
ငါးဖောင်ရိုးခြောက် - dried garfish
ငါးဖန်းမ - carplet
ငါးဖယ် - featherback
ငါးဖယ်အောင်း - smelt; siamese river abramine
ငါးဘဲဖြူ - longfin mogarra
ငါးဘတ် - great white sheatfish
ငါးမွေထိုး - spotted spingeel
ငါးမုတ်ဖြူ - silver pomfret
ငါးမုတ်မည်း - black pomfret
ငါးမန်း - shark
ငါးမန်းတောင် - shark's fin
ငါးမျက်ဆန်နီ - red-eyed hudgeon
ငါးမြင်း - mekong giant catfish
ငါးမြင်းရင်း - large barbuleless catfish
ငါးမြစ်ချင်း - rohu
ငါးရံ့ - striped snakehead
ငါးရှဉ့် - eel
ငါးရွှေ - yellow pike-conger
ငါးလင်ပန်း - long-finned eel; level finned eel
ငါးသလဲထိုး - loach
ငါးသလောက် - hilsa
ငါးသလောက်ယောက်ဖ - toli shad
ငါးသလောက်ဥ - hilsa roe
ငါးသံချိတ် - dwarf catfish
ငါးသိုင်း - rohita carp
ငါးသိုင်းခေါင်းပွ - catla
ငါးအုပ်ဖား(ငါးမြင်းအုပ်ဖား) - fat-headed catfish
ပုဇွန်ကျား - tiger prawn
ပုဇွန်ကျော့ - medium-sized prawn
ပုဇွန်ချဉ် - pickled shrimps
ပုဇွန်ဆိတ် - shrimp

လုလုမီးဖိုချောင်က မလာတာ လို့ ထင်မိတာပဲ။ (မေ့နေပီ ဘယ်ကလဲဆိုတာ)

Saturday, February 16, 2008

သိုးကလေ (Poem of Bagan Period) မြန်မာ+အင်္ဂလိပ်ဘာသာပြန်

၁။ သိုးကလေ၊ ပုပ္ပားနတ်တောင်၊

အခေါင်မြင့်ဖျား၊ စုံတောပြား၌၊

နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည်၊

ရွှေနှင့်ယိုးမှား ပန်းစကား။

  1. Oh Nat-spirit with the headdress of Tho-saung

In the thicket of dense forest on the summit of lofty Mt.Popa

Are the fragrant Champac flowers which bloom seasonally.

And their colour can be mistaken for gold.

၂။ သိုးကလေ၊ စကားပွင့်နှင့်၊

နှိုင်းတင့်နိုးသည်၊ ရဲမျိုးသမီး၊

မောင်ကြီးနှမ၊ ညက်လှပြာစင်၊

မယ့်သည်ပင်သည် ခရီးသား။

  1. Oh Nat-spirit with the headdress of Tho-saung

She was the daughter of the brave man

Her beauty could be compared to the Champac flower.

She was brought up under the care of the good brother.

She had a lover kept in the heart of her heart.

He was not with her. He was a serviceman away on a journey.

၃။ သိုးကလေ၊ မြိတ်လွတ်စုလည်း၊

အငယ်တည်းက၊ ကျွမ်းဝင်ကြသည်၊

မွေးဖတူရင်း၊ မျိုးသည်မင်းနှင့်၊

ချစ်ခြင်းစုရုံး၊ သက်ထက်ဆုံးသည်၊ နှလုံးမခြား စောင့်တရား။

  1. Oh Nat-spirit with the headdressof Tho-saung

Since childhood while she still wore

Myeiklutsu hair knot on her head

The twain were fond of each other

He was a nephew of her father

He was thus related to her

The twain were united by attachment

till the end of their lives

They kept their mutual faith.

၎။ ဆွေမိမင်း၊ မျက်သုတ်နီစင်၊

ရထည်းဖျင်နှင့်၊ ကျိုင်းစဉ်မြ၀ါ၊

မတ်ကြီးလျာကို၊ မယ်သာကြိုက်မိ တုမရှိ။

  1. Her relative lover wore a red towel

And a fine Lenin jacket

He was strong, handsome and manly,

He was a knight-designate

She loved him so much

Her love for him was beyond measure.

(Anonymous, Bagan Period)

Notes

This Linka (လင်္ကာ), the simplest form of Myanmar verse which has exact meter, rhyme and rhythm, was a sort of ode to the Nat-spirit of Mt.Popa composed by an unknown poet.

The content of this Linka suggests the tragic story of a mighty Blacksmith Tint De (ပန်းပဲမောင်တင့်တယ်) and his cousin sister both of whome met violent death and were believed to have become Nat-spirits dwelling on Mt.Popa till today.

(from An Outline History of Myanmar Literature by Dr. Khin Maung Nyunt, p 11-12)

(ကိုဘကောင်း ကမကထပြုတဲ့ Burmafication မှာလည်း တင်ထားပါတယ်။ အဲဒီမှာ ရှေးခေတ်ဟောင်းကဗျာ၊ လင်္ကာ အင်္ဂလိပ်ဘာသာပြန်တွေကို ကျနော်ဆက်တင်ပေးမှာဖြစ်ပါတယ်။)

Posted by mm thinker

Thursday, January 24, 2008

အီဒီယမ်သင်ခန်းစာ(၄)

To take advantage
To make use of (someone or something) in such a way as to benefit oneself

တစ်စုံတစ်ခု (သို့) တစ်စုံတစ်ရာ ကိုအသုံးပြု၍ မိမိအတွက် အကျိုးအမြတ်ရှိအောင် ပြုလုပ်ခြင်း
e.g., She was so kind and generous that people tended to take advantage of her.
လူတွေက သူမ၏ ကြင်နာတတ်မှု၊ သဘောကောင်းမှု အပေါ်တွင် အမြဲ အမြတ်ထုတ်ဖို့ အားထုတ်ကြံစည်နေသည်။

To advantage
So that the good points are easily seen:
ကောင်းကွက်များကို အလွယ်တကူ မြင်သာခြင်း။
e.g., The evening suit showed off his tall elegant figure to advantage.
ညနေခင်း ၀တ်စုံက သူရဲ့ မြင့်မားတဲ့ အရပ်နဲ့ ရည်မွန်တဲ့ ပုံစံကို အလွယ်တကူ ပေါ်လွင်စေခဲ့တယ်။

The aftermath
The situation etc resulting from an important, especially unpleasant, event:
အရေးကြီးသော အဖြစ်အပျက်၊ အထူးသဖြင့် စိတ်မချမ်းမြေ့ဖွယ် ကိစ္စများ၊ ဖြစ်ရပ်များမှ ရရှိလာသော အခြေအနေတစ်ခု
e.g., The country is still recovering from the aftermath of the war.
နိုင်ငံ၏ အခြေအနေသည် စစ်ပြီးကာလမှ နလံပြန်ထူနိုင်ရန် အားထုတ်နေရဆဲဖြစ်သည်။

Be after
To be looking for or hoping to be given something:
တစ်စုံတစ်ခုကို ရှာဖွေခြင်း၊ တစ်ခုခုရရှိရန် မျှော်လင့်ချက်ထားရှိခြင်း။
e.g., The police are after him; What are you after?
ရဲသားများက သူ့ကိုလိုက်ရှာနေကြတယ်။ မင်းက ဘာကိုလိုက်ရှာနေတာလဲ?

Be up against
To be in a position where one has to deal with very severe, often apparently impossible difficulties:
အခက်အခဲ၊ ဒုက္ခများကို ရင်ဆိုင်ကြုံတွေ့ရခြင်း။
e.g., We have only just enough money to live on now, and if my husband loses his job we’ll be up against it.
အခုလက်ရှိငါတို့မှာ ငွေလက်ကျန်နဲနဲလေးနဲ့ နေနေရတယ်. တကယ်လို့များ ငါ့ခင်ပွန်းသာ သူ့အလုပ်ကို လက်လွှတ်လိုက်ရရင် ငါတို့တော့ ကျဉ်းထဲကျပ်ထဲမှာ ဒုက္ခပင်လယ်ဝေပြီ။

Come of age
To become old enough to be considered legally an adult
အရွယ်ရောက်လာပြီ ဖြစ်ကြောင်းကို တရားဝင်သတ်မှတ်ခံရခြင်း။
e.g., My uncle will look after my inheritance until I come of age.
ကျွန်တော့ ရပိုင်ခွင့်အမွေများကို ကျွန်တော်အရွယ်မရောက်ခင် အထိ ဦးလေးက တာဝန်ယူထိန်းသိမ်းထားမည်။

Aid and abet
To provide help and encouragement in some
တရားမ၀င်သော၊ ဆိုးဝါးသော လုပ်ငန်းဆောင်တာများအတွက် အကူအညီပေးခြင်း၊ အားပေးအားမြှောက်ပြုခြင်း။
e.g., His wife aids and abets him in his dishonest deeds.
သူ့ရဲ့ မရိုးသားတဲ့ အပြုအမူများ၊ လုပ်ငန်းများကို သူ၏ ဇနီးက အကူအညီပေးလျက်ရှိသည်။

Thursday, January 10, 2008

Vocabulary Chapter-2

Dictionary ကိုအသုံးမပြုပဲနဲ့Vocabulary များ၏အဓိပ္ပာယ်တွေကို စာကြောင်းတွေကနေခန့်မှန်းပြီးတော့ အောက်တွင်ဖော်ပြထားသောသုံးလုံးထဲမှအနီးစပ်ဆုံးစာလုံးကိုရွေးပါ။

1) dialog - n
  • The movie was shown with English subtitles because all its dialog was in French.
  • At the PCA meeting last night, a dialog between parents and the faculty helped to clear up some differences between them.

Dialog means- a. a title b. a conversation c. an action

2) erratic - n

  • Children's eating habits are erratic. One day they'll barely eat, and the next they'll eat enough for three.
  • The driver ahead of me was erratic - he kept changing his speed and his lame.

Erratic means- a. noisy b. healthy c. irregular

3) extensive - adj

  • Selina did extensive research for her paper - it took her several weeks.
  • To save the wounded police officer, doctors performed extensive surgery that lasted for hours.

Extensive means- a. done quickly b. risky c. large in amount

4) forfeit - v

  • The basketball players were upset when the team bus broke down and they had to forfeit an important game.
  • If Phil damages his parents' car againg, he will forfeit the right to drive more.

Forfeit means- a. to give up b. to win c. to ignore

5) fortify - v

  • The night before running a marathon, Elsa fortifies herself by eating a large plate of pasta.
  • The builders plan to fortify the old tower with steel beams.

Fortify means- a. to relax b. to strengthen c. to prove

6) illuminate - v

  • Before electricity, streets were illuminated by gaslight.
  • On Halloween, we made our trick-or-treat rounds with a flashlight to illuminate the way.

Illuminate means- a. to lose b. to clean c. to light up

7) isolate - v

  • I thought I would enjoy isolating myself at the vacation cabin, but I soon felt lonely.
  • Freddy was such a troublemaker that the teacher put his desk in a far corner to isolate him from the other students.

Isolate means- a. to protect b. to separate c. to recognize

8) refuge - n

  • A motorcycle offers no refuge in bad weather.
  • My boyfriend and I first met when we took refuge in the same doorway during a sudden rain.

Refuge means- a. a shelter b. transportation c. a reason

9) reminisce- v

  • On their wedding anniversary, Lenny and Jean reminisced about their first date.
  • My father showed me his trophy and reminisced about his years as a star basketball player.

Reminisce means- a. to remember b. to forget c. to ask

10) urban- adj

  • Skyscrapers make for tightly packed urban populations. For example, some 16,000 people work in the Sears Tower in Chicago.
  • Gladys likes urban living because she grew up in the city, but Emilio, who grew up on a farm, prefers country life.

Urban means- a. country b. city c. national

--------------------------------------------
အဖြေများ

1) dialog- B [ အပြန်အလှန်စကားပြော ]

2) erratic- C [ တစ်သမတ်တည်းမဟုတ်သော၊ အပြောင်းအလဲမြန်သော ]

3) extensive- C [ ကျယ်ပြန့်သော ]

4) forfeit- A [ လက်လွှတ်အဆုံးရှုံးခံသည် ]

5) fortify- A [ ခုခံနိုင်ရန် အခိုင်အခံ့ ပြုလုပ်သည် ]

6) illuminate- C [ မီးထွန်းသည် ]

7) isolate- B [ သီးသန့်ထားသည်၊ သီးခြားရှိစေသည် ]

8) refuge- A [ ခိုလှုံရာ ]

9) reminisce- A [ ပြန်စဉ်းစားသည်၊ စားမြုံ့ပြန်သည် ]

10) urban- B [ မြို့ပြနှင့်သက်ဆိုင်သော ]

Matching Words with Definitions

1) To light up

2) To lose through some fault; to be forced to give up by way of penalty

3) Shelter; protection

4) Of or in a city

5) A conversation; the conversation between characters in a story, novel, or play

6) To separate from others

7) Large in space or amount

8) To strengthen

9) To remember and talk about the past

10) Not consistent

အဖြေများ

1) illuminate

2) forfeit

3) refuge

4) urban

5) dialog

6) isolate

7) extensive

8) fortify

9) reminisce

10) erratic

----------------------------------------------------

မှတ်ချက်.. Building Vocabulary Skills စာအုပ်မှကူးယူဖော်ပြပါသည်။

ဝင်္ကပါ