Friday, November 30, 2007

အဓိပ္ပာယ် မတူသော စကားလုံးများ-၁

စကားလုံးတစ်လုံးမှာ အဓိပ္ပာယ်တွေ အများကြီး ရှိနိုင်တယ်ဆိုတာ သိကြပါတယ်။ ဒါပေမယ့် သေသေချာချာ မလေ့လာမိကြပါဘူး။ အဲဒါကြောင့် တစ်ခါတလေ သတင်းစာတွေ၊၀တ္ထုတွေ ဖတ်ရင် ကိုယ်သိတဲ့ စကားလုံးတွေနဲ့ ရေးထားပေမယ့်လည်း သဘောမပေါက်တာ၊ နားမလည်တာ ဖြစ်တတ်ပါတယ်။

အဲဒါကြောင့် online Cambridge Advanced Learner's Dictionary ကနေ ရင်းနှီးပြီးသား စကားလုံးတွေ ထဲမှ အဓိပ္ပာယ်တွေ အများကြီးရှိတဲ့ စကားလုံး အချို့ ကို ထုတ်နုတ်တင်ဆက်သွားဖို့ စိတ်ကူးထားပါတယ်။

ဝေဖန်အကြံပေးမှုများကို bamarpyithu@gmail.com သို့ ပေးပို့ နိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

ဗမာပြည်သူ

ဒီတစ်ပတ်မှာတော့ carry အကြောင်းကို တင်ဆက်ထားပါတယ်။ တစ်လုံးထဲရဲ့  အဓိပ္ပာယ် တွေပါ။ အတွဲလိုက်အဓိပ္ပာယ် တွေ ကျန်ပါသေးတယ်။ နောက်တစ်ပတ်မှ ဆက်လက်တင်ပြပါမယ်။

1) carry (TRANSPORT) သယ်ဆောင်သည်

Eg.Would you like me to carry your bag for you?

(ခင်ဗျားရဲ့ အိတ်ကို ကျွန်တော် သယ်ပေးရမလား။)

2) carry (HAVE WITH YOU) ပါရှိသည်

Eg. Police officers in Britain do not usually carry guns.

(အင်္ဂလန်ရဲတွေမှာ သေနတ်ပါလေ့ မရှိပါဘူး။)

3) carry (SPREAD) ပျံ့ နှံ့ သည်

Eg. Malaria is a disease carried by mosquitoes.

(ငှက်ဖျားရောဂါဆိုတာ ခြင်ကြောင့် ပျံ့ နှံ့ သောရောဂါဖြစ်တယ်။)

4) carry (HAVE) (အစိတ်အပိုင်းတစ်ခု အဖြစ်) ပါရှိသည်

Eg. Our cars carry a twelve-month guarantee.

(ကျွန်တော်တို့ ရဲ့ ကားတွေမှာ တစ်နှစ်အာမခံ ပါရှိပါတယ်။)

5) carry (SUPPORT WEIGHT) ထောက်ကန်ပေးသည်

Eg. The weight of the cathedral roof is carried by two rows of pillars.

(ဒီဘုရားရှိခိုးကျောင်းကြီး ခေါင်မိုးရဲ့ အလေးချိန်ကို တိုင်ကြီးနှစ်ခုက ထောက်ကန်ပေးထားတယ်။)

6) carry (KEEP IN OPERATION) ဆက်လက်ပူးပေါင်းဆောင်ရွက်သည်

Eg. We can no longer afford to carry people who don't work as hard as they should.

(ကျွန်တော်တို့ အနေနဲ့  ကိုယ်ကျိုးစားသင့်သလောက် မကျိုးစားတဲ့ သူတွေနဲ့  ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့  မတတ်နိုင်တော့ပါဘူး။)

7) carry (WIN) အားပေးမှု၊ ထောက်ခံမှု၊ နားလည်မှု ရသည်

Eg. The management's plans to reorganize the company won't succeed unless they can carry the workforce with them.

(ဒီ ကန်ပနီ ကို ပြန်လည်ပြီး ဖွဲ့ စည်းဖို့ ဆိုတာကတော့ ၀န်ထမ်းတွေရဲ့ ထောက်ခံမှုမရင် မအောင်မြင်နိုင်ပါဘူး။)

8) carry (APPROVE) (ဆန္ဒမဲပေးမှုတွင်) ထောက်ခံမှုရသည်

Eg. The proposal was carried by 210 votes to 160.

(ဒီအဆိုတင်သွင်းမှုဟာ ၂၁၀မဲမှာ ၁၆၀မဲဖြင့် ထောက်ခံမှုရခဲ့ပါတယ်။)

9) carry (BROADCAST) (သတင်းစာ၊ရေဒီယို၊တီဗွီ တို့ တွင်) သတင်းပါဝင်သည်

Eg. This morning's newspapers all carry the same story on their front page.

(ဒီနေ့ မနက်သတင်းစာတွေမှာ သတင်းတစ်ပုဒ်ထဲကိုပဲ မျက်နှာဖုံးသတင်း အဖြစ် တင်ထားတယ်။)

10)carry (REACH) ရောက်ရှိ၊ သွားသည်

Eg. The sound of the explosion carried for miles

(ပေါက်ကွဲသံဟာ မိုင်ပေါင်းများစွာအထိရောက်ရှိသွားသည်။ )

11)carry (DEVELOP) ဖွံ့ ဖြိုးတိုးတက်၊ ဆက်လက်ဆောင်ရွက်သည်

Eg We must end here, but we can carry today's discussion forward at our next meeting.

(ကျွန်တော်တို့ အခု ဒီမှာရပ်မယ်၊ ဒါပေမယ့် မနက်ဖြန် အစည်းအဝေးကျရင် ဆက်လက်ပြီး ဆွေးနွေးနိုင်တယ်။)

12)carry (MATHEMATICS) (သချာင်္ပေါင်းခြင်းတွင်) ရှေ့ တစ်တိုးသည်

13)carry (BE PREGNANT WITH) ကိုယ်ဝန် လွယ်ထား၊ ရှိသည်

Eg. It was quite a shock to learn that she was carrying twins.

(သူမ အမွှာလေး ကိုယ်ဝန်လွယ်ထားတယ်ဆိုတာ သိလိုက်ရတာ တော်တော်တုန်လှုပ်သွားသည်။ )

14)carry yourself (MOVE BODY) ခန္ဓာကိုယ်ကို လှုပ်ရှားသည်

Eg. You can tell she's a dancer from the way that she carries herself.

(သူမဟာ dancer (ကချေသည်၊ မင်းသမီး) ဆိုတာ သူ့ ခန္ဓာကိုယ်လှုပ်ရှားပုံကို ကြည့်ပြီး ပြောနိုင်တယ်။)

15)cash and carry (ပွဲရုံကဲ့သို့ ) လက်ကားရောင်းသည့်ဆိုင်

ကျေးဇူးတင်ပါတယ်



Thursday, November 29, 2007

ကျွန်မ chaos ဖတ်ဘူးသမျှ၊ သိသမျှ စကားပုံ တစ်ချို့ကို ဘာသာပြန်ထားတာပါ............

"You were born to win, to be a winner you must plan to win, prepare to win and expect to win."
ကျွန်မတို့မွေးဖွားလာတာ မတူညီတဲ့ ပစ်မှတ်တွေကို အနိုင်ရဖို့ပါ။ ဒါပေမဲ့ အနိုင်ရသူ တစ်ယောက်ဖြစ်ဖို့ ကြိုတင်စီမံချက် ရှိရမယ်၊ ပြင်ဆင်မှု လိုအပ်သလို အောင်မြင်ရမယ်လို့ ယုံကြည်မျှော်လင့်တဲ့ စိတ်ဓါတ်ကလဲ အရေးကြီးပါတယ်။

"A great pleasure in life is doing what people say you cannot do."
လူတွေက ကိုယ့်ကိုမလုပ်နိုင်ဘူး ပြောတဲ့အလုပ်ကို ဖြစ်အောင်လုပ်နိုင်တာ ဘ၀ရဲ့ကြီးမားတဲ့ ပျော်ရွှင်မှု တစ်ခုပေါ့။

"Failure is the opportunity to begin again more intelligently."
ရှုံးနိမ့်ခြင်းဟာ ကျွန်မတို့နောက်တစ်ကြိမ် လိမ္မာပါးနပ်စွာ ပြန်စနိုင်တဲ့အခွင့်အရးတစ်ခုပါ။

"Whenever you are confronted with an opponent. Conquer him with love."
ပြိုင်ဘက်တစ်ယောက်ကိုရင်ဆိုင်တွေ့ချိန်တိုင်း ချစ်ခြင်းမေတ္တာလက်နက်နဲ့ သူ့ကိုအနိုင်ယူလိုက်ကြရအောင်။

"You are the creator of your life, the author of you own life story."
ကျွန်မတို့အားလုံးဟာ ကိုယ့်ဘ၀ရဲ့ဖန်တီးရှင်၊ကိုယ့်သမိုင်းကိုယ်ရေးကြမယ့် ကလောင်ရှင်တွေလေ။

"Some men succeed by what they know, some by what they do, and a few by what they are."
လူတစ်ချို့အောင်မြင်တာ သိသင့်သိထိုက်တဲ့အရာတွေကိုသိလို့၊ တစ်ချို့ကတော့ လုပ်သင့်တာလုပ်လို့၊ ဒါပေမယ့်
အနည်းစုကတော့ တကယ့်ကိုပဲ အရည်အချင်းရှိလို့ပါ။

"A rumor goes in one ear and out many mouths."
ကောလဟာလသတင်းဟာ ၀င်တော့နားတစ်ဖက်ထဲပဲ ဒါပေမယ့် ပါးစပ်ပေါက်ပေါင်းများစွာကနေ ပြန်ထွက်လာကြတယ်................

"Beware of a silent dog and still water."
တိတ်ဆိတ်နေတဲ့ ခွေးတစ်ကောင်နဲ့ ငြိမ်သက်နေတဲ့ ရေပြင်ကို သတိထား၊ ရေငုံ
နှုတ်ပိတ်နေတဲ့ လူတစ်ယောက်ရဲ့ အကြံအစည်ကို ဘယ်သူမှမသိနိုင်ဘူးနော်။

"Experience is a comb which nature gives to men they are old."
အတွေ့အကြုံဟာ သဘာဝကပေးတဲ့
ခေါင်းဘီးတစ်လက်နဲ့တူတယ်၊ ဘာလို့လဲဆိုတော့ လူတွေအသက်ကြီးတဲ့အခါ ဖြီးလို့ရအောင်တဲ့...........................

"If you read everything you read, better not read."
ဖတ်သမျှတိုင်းကို ယုံနေမယ်ဆိုရင်မဖတ်တာကမှ ကောင်းဦးမယ်တဲ့။

"To talk without thinking is to shoot without aiming."
မစဉ်းစားမဆင်ခြင်ဘဲပြောတာ ပစ်မှတ်ကိုမချိန်ဘဲပစ်လိုက်တာနဲ့တူတယ်။

Wednesday, November 28, 2007

မှားတတ်တဲ့ အင်္ဂလိပ်စာ အသုံးအနှုန်းလေးများ (၁)


Common Mistakes in English

Adapt vs. Adopt

You can adopt a child or a custom or a law, in all of these cases you are making the object of the adoption your own, accepting it.

If you adapt something, you are changing it.

Adopt ဆိုတာ မွေးစားသည်လို့ အဓိပ္ပါယ်ရပြီးတော့ Adapt ကတော့ အဆင်ပြေအောင် ညှိယူသည်လို့ ဆိုလိုပါတယ်. Adopt လုပ်တဲ့အခါမှာ သင်ဟာ အဲဒီ့အရာကို ကိုယ်ပိုင်ဖြစ်အောင် လုပ်ယူလိုက်တာပါ. Adapt လုပ်ယူတာကျတော့ သင်က အဲဒီ့အရာနဲ့ကိုက်ညီအောင် မိမိကိုယ်ကို ပြောင်းလဲယူတာပါ.

လွယ်လွယ်မှတ်ရရင် မိမိက တစ်ခြားအရာကို ပြောင်းလဲရင် Adopt ဖြစ်ပြီးတော့ မိမိက တစ်ခြားအရာနဲ့တူအောင် လိုက်ပြောင်းလဲရင် Adapt ဖြစ်ပါတယ်.


Advance vs. Advanced

When you hear about something in advance, earlier than other people, you get advance notice or information.

Advanced means ‘complex, sophisticated, state-of-the-art’ and doesn’t necessarily have anything to do with the revealing of secrets.

Advance ဆိုတာက ကြိုတင်၍လို့ အဓိပ္ပါယ်ရပါတယ်. စီးပွားရေးလုပ်ငန်းတွေမှာဆိုရင်တော့ Cash in Advance ဆိုတာ တင်ကြိုပေးငွေလို့ ဆိုလိုပါတယ်. စရန်ငွေသဘောမျိုးဖြစ်ပါတယ်.

Advanced ကျတော့ အဆင့်မြင့်သော၊ ခေတ်မီသောလို့ အဓိပ္ပါယ်ရပါတယ်. Advanced classes ဆိုရင် အဆင့်မြင့်တန်းတွေ ဖြစ်သွားပါတယ်. ဒီ Advanced ဟာ ခေတ်မီသော၊ လျှို့ဝှက်နက်နဲသော လို့ ဆိုလိုပေမယ့် လျှို့ဝှက်ချက်တွေကို ဖော်ထုတ်တာနဲ့တော့ ဘာမှမပတ်သက်ပါဘူး. မရောထွေးမိပါစေနဲ့ခင်ဗျာ.


Advice vs. Advise

“Advice” is the noun, “advise” the verb. When U Kathika advises bloggers, he gives them advice.

Advice က အကြံဥာဏ်၊ Noun ဖြစ်ပါတယ်. Advise က အကြံပေးသည်၊ Verb ဖြစ်ပါတယ်. ဦးဦးကထိက ငယ်ငယ်ကတည်းက လွယ်လွယ်မှတ်ခဲ့တာကတော့ SE က Verb ထဲ ထိုးဆင်းနေတယ်လို့ပါ. မျက်စိထဲမှာ SE ကားလေး ဗွက်ထဲကို ခေါင်းစိုက်နေတဲ့ ပုံစံလေးမြင်လိုက်တာပေါ့. ယုတ္တိတော့ မရှိပါဘူး. ဒါပေမယ့် လုံးဝမမှားတော့ပါဘူး. မှတ်တတ်ဖို့ အကြံပေးတာပါ.


Backward vs. Backwards

As an adverb, either word will do: “put the shirt on backward” or “put the shirt on backwards.”

However, as an adjective, only “backward” will do: “a backward glance.” When in doubt, use “backward.”

Backward ရော Backwards ရော နှစ်ခုလုံးကို Adverb အနေနဲ့ သုံးရင် ကြိုက်သလိုသုံးနိုင်ပါတယ်. Adjective အနေနဲ့ သုံးမယ် ဆိုရင်တော့ Backward က အမှန်ပါ. မိမိကိုယ်ကို သိပ်မသေချာရင် ဘယ်နေရာပဲဖြစ်ဖြစ် Backward ကို သုံးတာက စိတ်အချရဆုံးပါပဲ.


Bazaar vs. Bizarre

A “bazaar” is a market where miscellaneous goods are sold.
“Bizarre” is an adjective meaning “strange”, “weird.”

Bazaar ဆိုတာကတော့ ကုန်ပစ္စည်းအခြောက်အခြမ်းမျိုးစုံ ၀ယ်ယူနိုင်တဲ့ ဈေးကြီးပါ. Bizarre ကတော့ ထူးဆန်းသော၊ ပုံမှန်မဟုတ်သော၊ အူကြောင်ကြောင်နိုင်သောလို့ အဓိပ္ပါယ်ရပါတယ်.
ဦးဦးကထိက နောက်ထပ် ဥပမာတစ်ခုပေးပါမယ်.

It is bizarre to go to the bazaar on my birthday.
ငါ့မွေးနေ့မှာ ဈေးကိုသွားရတာဟာ တကယ့်ကို အူကြောင်ကြောင်နိုင်လွန်းပါတယ်ကွာ..


Belief vs. Believe

“Belief” is a noun. “Believe” is a verb.
Belief က Noun ပါ၊ ယုံကြည်ချက်လို့ အဓိပ္ပါယ်ရပါတယ်. Believe ကတော့ Verb ဖြစ်ပြီးတော့ ယုံကြည်သည်လို့ မှတ်ယူနိုင်ပါတယ်.


Calvary vs. Cavalry

“Calvary,” always capitalized, is the hill on which Jesus was crucified. It means “hill of skulls.”
Soldiers mounted on horseback are cavalry.

Calvary ဆိုတဲ့ စကားလုံးကို အမြဲတမ်း Capital letter နဲ့ ရေးရပါတယ်. Noun မို့လို့ပါ. သခင်ယေရှုကို ကားစင်တင်ခဲ့တဲ့ တောင်ကုန်းရဲ့ အမည်ပါ.

Cavalry ဆိုတာကလည်း Noun ပါပဲ. သူကတော့ မြင်းစီးစစ်သည်တော်တွေလို့ အဓိပ္ပါယ်ရပါတယ်.
(စကားချပ်။ ။ခြေလျင်တပ်သားကိုတော့ infantry လို့ ပြောပါတယ်)


Champaign vs. Champagne

Champaign is the name of a city and county in Illinois.
Champagne is a region of France which produces the sparkling wine of that name.

Champaign က အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ်ထဲက မြို့တစ်မြို့နာမည်ပါ.
Champagne ကတော့ ပြင်သစ်နိုင်ငံက ဒေသတစ်ခုရဲ့ နာမည်ပါ. အဲဒီ့ဒေသကနေ ကမ္ဘာကျော် ရှန်ပိန်အရက်ကို ထုတ်လုပ်ပါတယ်.

ကဲ. ဦးဦးကထိကရဲ့ ဥပမာလေးကို ကြည့်လိုက်ရအောင်လား
Champaign campaign to produce Champagne.
Champaign က လူတွေဟာ ရှန်ပိန်အရက်ထုတ်လုပ်ဖို့ တိုက်တွန်းနှိုးဆော်ကြပါတယ်. (campaign ဆိုတာကတော့ မဲဆွယ်စည်းရုံးတာကို ပြောတာပါ. မရောအောင် တမင်ထည့်ပေးထားတာပါ.)


Copywrite vs. Copyright

You can copyright writing, but you can also copyright a photograph or song. The word has to do with securing ‘rights.’ Thus, there is no such word as ‘copywritten’; it’s ‘copyrighted.’

Copywrite ဆိုတာမရှိပါဘူး. Copyright ဆိုတာပဲ ရှိပါတယ်. မူပိုင်ခွင့်ကို ပြောတာပါ. ဒါကြောင့်မို့ past tense ကို copywritten လို့ ရေးထားတာမျိုး မရှိပါဘူး. Copyrighted လို့ past tense ကို သတ်မှတ်ထားပါတယ်.

ရွှင်လန်းချမ်းမြေ့ကြပါစေ…

ဦးဦးကထိက

Confucius ရဲ့ အဆိုအမိန့်များ


Excerpt from Cofucius’ Famous Quotes

တရုတ်တွေးခေါ်ပညာရှင်ကြီး ကွန်ဖြူးရှပ်၏ ဆိုမိန့်စကားများ တစ်ချို့


It does not matter how slowly you go so long as you do not stop.

မင်းသာ ရပ်မနေခဲ့ဘူးဆိုရင် ဘယ်လောက်ပဲ နှေးနှေးသွားပေမယ့်လည်း အရေးမကြီးပါဘူး.

(ဒီစာကြောင်းလေးက ဘာပြောချင်လဲဆိုတော့ ကိုယ်ယုံကြည်ရာကို လုပ်နေတဲ့အခါမှာ ခရီးရောက်ချင်သလောက် ပေါက်မြောက်ချင်မှ ပေါက်မြောက်လိမ့်မယ်. ဒါပေမယ့် စိတ်ဓာတ်ခွန်အားမကျဘဲ သွားနိုင်သလောက် ဆက်လက်သွားဖို့က ပိုအရေးကြီးတယ်လို့ တိုက်တွန်းအားပေးထားတာပါ.)


Our greatest glory is not in never falling, but in getting up every time we do.

ကျွန်ုပ်တို့ရဲ့ အကြီးကျယ်ဆုံး အောင်မြင်မှုဟာ ဘယ်တော့မှ မကျဆုံးတာ မဟုတ်ပါဘူး. ရှုံးနိမ့်တိုင်း ပြန်လည်ထူထောင်နိုင်ခြင်းပါပဲ.

(တော်တော်များများက ထင်ကြပါတယ်. အောင်မြင်မှုတွေ ဆက်တိုက်ရနေမှ အောင်မြင်တာလို့. အမှန်တကယ် အောင်မြင်မှုက အမြဲတမ်း အောင်နိုင်နေခြင်းထက် ဘယ်လောက်ပဲ ရှုံးနိမ့်ကျဆုံးပါစေ. မိမိဘ၀ကို ပြန်လည်ထူမတ်နိုင်ခြင်းပဲ ဖြစ်ပါတယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်.)


Respect yourself and others will respect you.

သင့်ကိုယ်သင် လေးစားမှ တစ်ခြားသူတွေက သင့်ကို လေးစားလိမ့်မယ်.

(ဒီစာကြောင်းလေးကို ရုတ်တရက်ကြည့်လိုက်ရင် သိပ်မထူးခြားသလို ခံစားရပါလိမ့်မယ်. ဘာလို့လဲဆိုတော့ လူတိုင်းလိုလို ကိုယ့်ကိုယ်ကို လေးစားတယ်၊ ယုံကြည်အားထားတယ်လို့ ထင်မှတ်ယူနေတတ်ကြလို့ပါပဲ. ဒါပေမယ့် အမှန်တကယ်မှာတော့ သူတို့ဟာ ကိုယ့်ကိုယ်ကို အမှန်တကယ် လေးစားနိုင်ကြခြင်း မရှိပါဘူး. ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုအောက်မှာ သူတို့တွေရဲ့ ယုံကြည်မှုတွေ အစမ်းသပ်မခံနိုင်ကြပါဘူး. ဒါကြောင့် ကျွန်တော်တို့ဟာ တံမြက်စည်းလှည်းတဲ့ အလုပ်ပင် လုပ်ရပါစေ. မိမိကိုယ်ကို လေးစားယုံကြည်မှုရှိရင် တစ်ခြားသူတွေကလည်း မိမိကို လေးစားမှု ပြန်ပေးပါလိမ့်မယ်လို့ ဆိုလိုပါတယ်. လက်တွေ့ဘ၀မှာ သူများတွေက ကိုယ့်ကို လေးစားရိုသေမှု မပြုခဲ့ရင်တောင် မိမိကိုယ်ကို လေးစားယုံကြည်မှု ရှိနေသရွေ့ မယိုင်လဲ မပြိုပျက်နိုင်ပါဘူး.)


To see what is right and not to do it is want of courage.

အမှန်ကို သိမြင်ပါလျက်နဲ့ မလိုက်နာ မကျင့်သုံးနိုင်တာဟာ သတ္တိနည်းနေသေးလို့ပါပဲ.

(ဘယ်အရာဟာ အမှန်တရားဆိုတာကို သိပါလျက်နဲ့ လက်တွေ့ဘ၀မှာ ကျွန်တော်တို့ဟာ လွဲမှားတဲ့ အတ္တရဲ့ ခိုင်းစေမှုကြောင့် အမှန်တရားနဲ့ သွေဖည်ရာကို ပြုမူလုပ်ဆောင်နေမိတတ်ကြပါတယ်. မိမိယုံကြည်ရာ အမှန်တရားကို လိုက်နာနိုင်ဖို့ ခိုင်မာပြတ်သားတဲ့ သတ္တိဆိုတဲ့ ကိုယ်ရည်ကိုယ်သွေး လိုအပ်ပါတယ်.)


The superior man is modest in his speech, but exceeds in his actions.

ကိုယ်ရည်ကိုယ်သွေး၊ စိတ်နေသဘောထား ကြီးကျယ်မြင့်မားတဲ့ ပုဂ္ဂိုလ်များဟာ အပြောအဆို သိမ်မွေ့နှိမ့်ချတတ်ကြပေမယ့် လုပ်ဆောင်ချက်မှာတော့ အများတကာထက် သာလွန်ပါတယ်.

(လူပြောမသန်၊ လူသန်မပြောလို့ မြန်မာစကားပုံမှာလည်း ရှိပါတယ်. ဆိုလိုတာက တကယ် အလုပ်လုပ်တဲ့သူဟာ စကားသိပ်မပြောဘူး၊ စကားသိပ်ပြောတဲ့သူဟာ အလုပ်တကယ် မလုပ်ဘူးလို့ နားလည်နိုင်ပါတယ်)


What you do not want done to yourself, do not do to others.

မိမိကို မပြုမူစေလိုတဲ့ လုပ်ဆောင်ချက်၊ အပြောအဆိုများကို တစ်ပါးသူအပေါ်မှာလည်း မကျင့်သုံး မပြောဆိုမိပါစေနှင့်.

(ကိုယ်ချင်းစာတရား လက်ကိုင်ထားခြင်းဟာ လူမှုဆက်ဆံရေး အောင်မြင်မှုအတွက် အခြေခံ အကျဆုံးပဲ ဖြစ်ပါတယ်.)


The superior man acts before he speaks, and afterwards speaks according to his actions.

ကြီးကျယ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်များဟာ အပြောထက် အလုပ်ကို ဦးစားပေးပါတယ်. သူလုပ်ဆောင်ခဲ့ပြီးသမျှကိုသာ ပြန်ပြောလေ့ ရှိပါတယ်.

(တကယ်အလုပ်လုပ်တဲ့သူဟာ ကြွားလုံးတွေ ထုတ်မနေတတ်ကြပါဘူး. ဟန်ပန်တွေလည်း များမနေတတ်ကြပါဘူး. လုပ်စရာရှိတာကိုလုပ်ပြီး လိုသလောက်ပဲ ပြောတတ်ကြပါတယ်. ကိုယ်ဘာလုပ်ပြီးပြီ ဆိုတာကိုပဲ ပြန်ပြောတတ်ကြပါတယ်. မလုပ်ရသေးတာကို ဟိတ်ဟန်ထုတ်ပြီး မစားရ၀ခမန်း လူအထင်ကြီးအောင် မပြောတတ်ကြပါဘူး.)

ဦးဦးကထိက



Monday, November 26, 2007

The Frog in the Well


ဦးဦးကထိက တင်ဆက်သည်...

ဒါကတော့ ကဏ္ဍသစ်လေးပါ. Ancient Chinese Stories လေးတွေပါပဲ. ပညာပေးပုံပြင်လေးတွေကို တင်ဆက်သွားမှာ ဖြစ်ပါတယ်. အရေးအသား၊ Vocabulary သာမက Wisdom ကိုပါ ရရှိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါခင်ဗျာ.

The frog in the well


There was a frog that lived in a shallow well.

" Look how well off I am here ! " he told a big turtle from the Eastern Ocean. " I can hop along the coping of the well when I go out, and rest by a crevice in the bricks on my return. I can wallow to my heart's content with only my head above water, or stroll ankle deep through soft mud. No crabs or tadpoles can compare with me. I am master of the water and lord of this shallow well, What more can a fellow ask ? Why don't you come here more often to have a good time ? "



ရေတွင်းခပ်တိမ်တိမ်လေးထဲမှာ ဖားတစ်ကောင် နေပါတယ်. သူဟာ အရှေ့သမုဒ္ဒရာက လိပ်ကြီးကိုတွေ့တော့ ဒီလိုပြောပါတယ်.

“ကြည့်ပါဦး ငါနေတာ ဘယ်လောက် ဇိမ်ကျလဲ. ဒီရေတွင်းဘောင်တွေထဲမှာ ငါခုန်ပေါက်မြူးတူးနိုင်တယ်. မောလို့ပြန်လာရင်တော့ အုတ်တွေကြားထဲက အက်ကွဲကြောင်းလေးထဲမှာ ငါနားနေနိုင်တယ်. ရေပေါ်မှာ ခေါင်းလေးဖော်ပြီးတော့ ငါ့စိတ်ကြိုက် အေးအေးဆေးဆေးလေး ကူးခတ်နိုင်သလို ခပ်ပျော့ပျော့ ရွှံ့နွံတွေကြားထဲမှာလည်း ခြေထောက်လေးမြုပ်ပြီး လမ်းလျှောက်နိုင်သေးတယ်. ဘယ်လို ဂဏန်းမျိုး၊ ဖားတစ်ပိုင်းငါးတစ်ပိုင်းမျိုးမှ ငါ့စည်းစိမ်နဲ့ မယှဉ်နိုင်ဘူး. ငါဟာ ဒီရေတွင်းငယ်လေးကို ပိုင်စိုးတဲ့သူ၊ ဒီရေရဲ့ အရှင်သခင်ဖြစ်တယ်. တစ်ခြားဘာများ လိုဦးမှာလဲ. အသင်လိပ်ကြီးကရော ဒီနေရာကို ဘာလို့လာပြီး အေးအေးဆေးဆေး နားနားနေနေ မနေရတာလဲ” လို့ မေးလိုက်ပါတယ်.

Before the turtle from the Eastern Ocean could get his left foot into the well, however, he caught his right claw on something. So he halted and stepped back then began to describe the ocean to the frog.

အရှေ့သမုဒ္ဒရာထဲက လိပ်ကြီးဟာ သူ့ရဲ့ ဘယ်ဖက်ခြေထောက်ကို ရေတွင်းလေးထဲ ချလိုက်ပါတယ်. ဒါပေမယ့် သူရဲ့ ညာဖက်ခြေသည်းဟာ တစ်စုံတစ်ရာနဲ့ သွားငြိနေပါတယ်. ဒါကြောင့် သူဟာ ရပ်ပြီး နောက်ကိုပြန်ဆုတ်လိုက်ကာ သူနေထိုင်တဲ့ သမုဒ္ဒရာအကြောင်းကို ဖားငယ်လေးကို ဒီလိုပြောပြပါတယ်.

" It's more than a thousand miles across and more than ten thousand feet deep. In ancient times there were floods nine years out of ten yet the water in the ocean never increased.

ငါနေထိုင်နေတဲ့ သမုဒ္ဒရာဟာ မိုင်ပေါင်းတစ်ထောင်လောက် ကျယ်ဝန်းပြီးတော့ ပေတစ်သောင်းလောက် နက်တယ်. ဟိုးအရင်တုန်းကဆိုရင် ဆယ်နှစ်မှာ ကိုးနှစ်လောက်က ရေကြီးတယ်. ဒါပေမယ့် သမုဒ္ဒရာကြီး ဘယ်လောက်ကျယ်သလဲဆိုရင် အဲလိုရေကြီးတာတောင် ရေတွေ တိုးမလာဘူး.

And later there were droughts seven years out of eight yet the water in the ocean never grew less. It has remained quite constant throughout the ages. That is why I like to live in the Eastern Ocean. "

အဲ. ပြီးတော့ ရှစ်နှစ်မှာ ခုနစ်နှစ်လောက်က မိုးခေါင်ရေရှားဖြစ်ပြန်တယ်. ဒါပေမယ့် သမုဒ္ဒရာကြီးထဲက ရေတွေ လျော့ကျမသွားခဲ့ပြန်ဘူး. နှစ်ပရိစ္ဆေဒ ကြာမြင့်တဲ့တိုင်အောင် သမုဒ္ဒရာကြီးထဲက ရေတွေဟာ လျော့ကျခြင်း၊ တိုးပွားလာခြင်း မရှိခဲ့ဘူး. ဒါကြောင့် ငါဟာ ဒီလိုကျယ်ပြောကြီးမားတဲ့ သမုဒ္ဒရာကြီးထဲမှာ နေထိုင်ခြင်းပဲဖြစ်တယ်.

Then the frog in the shallow well was silent and felt a little abashed.

အဲလိုမျိုး လိပ်ကြီးကပြန်ပြောလိုက်တဲ့အခါမှာ ရေတွင်းငယ်လေးထဲက ဖားလေးဟာ အရှက်ရပြီး ခပ်မဆိတ်နေနေပါတော့တယ်တဲ့…

Glossary: (ခက်ဆစ်)

Shallow (adj) တိမ်သော
Turtle (noun) ပင်လယ်လိပ်ကြီးမျိုး. (Tortoise. ရိုးရိုးလိပ်မျိုး)
Hop (verb) မြူးတူးခုန်ပေါက်သည်.
Crevice (noun) အက်ကွဲကြောင်း, crack
Wallow (verb) အေးအေးဆေးဆေး သက်သက်သာသာ လူးလှိမ့်နေသည်.
Stroll (verb) သက်တောင့်သက်သာ လမ်းလျှောက်သည်.
(Stroller (noun) ကလေးငယ်များကို ထည့်ပြီး တွန်းသွားသော တွန်းလှည်းမျိုး)
Crab (noun) ဂဏန်း
Tadpole (noun) ဖားတစ်ပိုင်း ငါးတစ်ပိုင်း
Claw (noun) ခြေသည်းလက်သည်း
Halt (verb) Stop, ရပ်တန့်သည်
Step back (verb) နောက်ကိုပြန်ဆုတ်သည်.
(Step Forward (verb) ရှေ့တက်သည်.)
Flood (noun) ရေကြီးခြင်း
Drought (noun) မိုးခေါင်ရေရှားခြင်း
Abashed (adj) embarrassed, ashamed, အရှက်ရသော

Idioms သင်ခန်းစာ (၂)


Contributor: Chaos
Translator: ဦးဦးကထိက

1.give a good account of oneself : to do well
ကောင်းစွာ ___ နိုင်သည်.

He gave a good account of himself during the match.
သူဟာ ပြိုင်ပွဲမှာ ကောင်းစွာ ယှဉ်ပြိုင်နိုင်ခဲ့တယ်.

Mya Mya gave a good account of herself in the exam.
မြမြဟာ စာမေးပွဲကို ကောင်းစွာ ဖြေဆိုနိုင်ခဲ့တယ်.


2.on my account : because of me or for my sake
တစ်စုံတစ်ယောက်ကြောင့်

You don't have to leave early on my account.
ငါရှိနေလို့ မင်းစောစောထွက်သွားစရာ မလိုပါဘူးကွာ.

3.take (smt) into account/take account of smt : to consider (smt which
is part of the problem etc):
ထည့်သွင်းစဉ်းစားသည်.

We must take his illness into account when assessing his work.
သူ့ရဲ့လုပ်ဆောင်ချက်ကို အကဲဖြတ်တဲ့အခါမှာ ဒါကိုလုပ်နေတုန်း သူဖျားနေခဲ့တယ် ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားရလိမ့်မယ်.

4.turn (something) to (good) account : to use (a situation etc) to one's advantage:
(အခြေအနေ၊ အကြောင်းအရာ) တစ်ခုခုကို အသုံးချပြီး မိမိအကျိုးရှိစေရန် လုပ်ဆောင်သည်.

I'm sure I'll be able to turn this information to good account.
ဒီသတင်းအချက်အလက်တွေကို ငါတို့အကျိုးအတွက် အသုံးချနိုင်မယ်လို့ ငါယုံကြည်တယ်.

5.within an ace of : very near to
ရောက်လုနီးနီး၊ လက်တစ်ကမ်းအလို

He was within an ace of success.
သူဟာ အောင်မြင်ဖို့ လက်တစ်ကမ်းအလိုမှာပဲ ရှိခဲ့တာပါ.

6.the acid test : a test which will prove or disprove smt beyond doubt :
တစ်စုံတစ်ရာကို တိတိကျကျပီပီပြင်ပြင် ကွဲကွဲပြားပြား သိရှိစေရန် လုပ်ဆောင်ခြင်း
(ဓာတ်ခွဲခန်းထဲတွင် Acid ကို Litmus Paper ဖြင့်တို့ပြီး အရောင်ပြောင်းခြင်းကို ခွဲခြမ်းစိတ်ဖြာသည့် သဘောတရားကို ယူထားပါသည်.)

His leg appears to be completely well again, but the acid test will be
the tennis tournament tomorrow.
သူ့ခြေထောက်ကတော့ တော်တော်လေးသက်သာလာပါပြီ. ဒါပေမယ့် တကယ်ဟုတ်မဟုတ်ကိုတော့ မနက်ဖြန် ကျင်းပမယ့် တင်းနစ်ပြိုင်ပွဲကျမှပဲ သိရလိမ့်မယ်.

7.get (something) across : to be or make something understood.
နားလည်အောင် ရှင်းလင်းပြောဆိုသည်.

The plan seems quite clear to me, but I just can't get it across to anyone else.
ဒီအစီအစဉ်ကို ငါကောင်းကောင်းသဘောပေါက်ပါတယ်. ဒါပေမယ့် တစ်ခြားသူတွေ နားလည်အောင်တော့ ငါမရှင်းပြနိုင်သေးဘူး ဖြစ်နေတယ်.

8.put one across on someone(sl) : to deceive or play trick on someone
လှည့်ဖြားသည်၊ အယုံသွင်းသည်.

He thought he would put one across on his friends by pretending he
was going to get married.
သူမင်္ဂလာဆောင်တော့မယ်လို့ ဟန်ဆောင်ပြီး သူ့သူငယ်ချင်းတွေကို အယုံသွင်းလှည့်စားနိုင်ခဲ့မယ်လို့ သူထင်ခဲ့တယ်.

9.an act of God: a totally unexpected natural happening which could
not have been foreseen or prevented:
ကြိုတင်မသိမြင်နိုင်၊ မတားဆီးနိုင်သော သဘာဝဖြစ်ရပ်များ

His house was not insured against acts of God such as flooding and earthquakes.
သူ့အိမ်ကို ရေကြီးတာတို့၊ ငလျင်လှုပ်တာတို့ စတဲ့ သဘာဝဘေးအန္တရာယ်တွေရဲ့ ရန်ကနေ လွတ်အောင် အာမခံမလုပ်ထားဘူး.

10.act up: to behave or act badly or wrongly:
တလွဲပြုမူသည်၊ ဖောက်လွဲဖောက်ပြန်ဖြစ်သည်.

My car always acts up on a long journey.
ခရီးရှည်သွားရင် ငါ့ကားဟာ အမြဲတစ်ခုမဟုတ်တစ်ခု ထဖောက်တော့တာပဲ.

Eight Parts of Speech အကြောင်းသိကောင်းစရာများ


အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ပထမဦးဆုံး စတင်ဆွေးနွေးလိုတာကတော့ အင်္ဂလိပ်စာရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ Eight Parts of Speech ကို ဆွေးနွေးလိုပါတယ်. မြန်မာသဒ္ဒါမှာတော့ ၀ါစက (၈) မျိုးလို့ ခေါ်ပါတယ်ခင်ဗျာ. အဲဒါတွေကတော့

1. Noun (နာမ်)
2. Pronoun (နာမ်စား)
3. Verb (ကြိယာ)
4. Adverb (ကြိယာဝိသေသန)
5. Adjectives (နာမ၀ိသေသန)
6. Preposition (ရှေ့ဆောင်ပုဒ် (၀ါ) ၀ိဘတ်)
7. Conjunction (စကားဆက် (၀ါ) သမ္ဗန္ဓ)
8. Interjection (အာမေဍိတ်)

စသည်တို့ပဲ ဖြစ်ပါတယ်.

အဲဒီ့ ၀ါစက ရှစ်မျိုးကို အသုံးပြုပြီးတော့ ၀ါကျများကို တည်ဆောက်ထားခြင်းပဲ ဖြစ်ပါတယ်ခင်ဗျာ. ဒီ ၀ါစကရှစ်မျိုးကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ရင်တော့ English Grammar ကို ပိုင်နိုင်သူတစ်ယောက် ဖြစ်ဖို့ ရာခိုင်နှုန်းအများကြီး ရှိသွားပါပြီ.

ဥပမာလေးတွေနဲ့ ကြည့်လိုက်ကြရအောင်လား…


1. Noun

နာမ်လို့ ခေါ်ပါတယ်. အမည်နာမကို ကိုယ်စားပြုပါတယ်. ဒါကတော့ အားလုံး ရင်းနှီးကျွမ်းဝင်ပြီးသားပဲ ဖြစ်ပါတယ်. Noun ကို ထပ်မံခွဲခြမ်းစိတ်ဖြာထားတာတွေ ရှိပါသေးတယ်.

Proper Nouns
Common Nouns
Abstract Nouns
Combined Nouns စတာတွေ ရှိပါသေးတယ်. အဲဒါတွေကိုတော့ နောက်မှပဲ အသေးစိတ် ဆွေးနွေးပါဦးမယ်.

Definition လေးနဲ့ ပြောရရင်တော့

A word which is a person, place, thing or idea.

e.g. Johnny, Rangoon, Giraffe (သစ်ကုလားအုတ်), Ostrich (ငှက်ကုလားအုတ်), Camel (ကုလားအုတ်), Cuckoo (ဥဩ)… စသည်တို့ပဲ ဖြစ်ပါတယ်.

2. Pronoun (နာမ်စား)

နာမ်အစားသုံးတဲ့ ပုဒ်ကို နာမ်စားလို့ခေါ်ပါတယ်.

A word that is used to take the place of a noun.

e.g. I, they, their, ourselves, itself, your, my, nobody, who, which, her, we

(i) Angelina Jolie is an amazing actress. She helps the poor as much as she can.
(ii) A dog never bites its feeding hands.

3. Adjective (နာမ၀ိသေသန)

နာမ်၏ ရှေ့မှဖြစ်စေ၊ နောက်မှဖြစ်စေ နာမ်ကို အထူးပြုနေသော ပုဒ်၊ စကားလုံးကို နာမ၀ိသေသနလို့ ခေါ်ပါတယ်.

A word that is used to describe a noun or pronoun.

e.g. proud, purple, French, few, this, huge, sad, second, none

the white horse

မြင်း… ဘယ်လိုမြင်းလဲ… မြင်းဖြူ… ဒီနေရာမှာ white ဆိုတဲ့ စကားလုံးက Horse ဆိုတဲ့ Noun ကို အထူးပြုနေတယ်. ဘယ်လို Horse ဖြစ်တယ် ဆိုတာကို ဖော်ပြနေပါတယ်.

He won the first place in the competition.

ပြိုင်ပွဲမှာ နိုင်တယ်. ဘယ်လိုနိုင်လဲ. ပထမနေရာကိုရတယ်. ဒီနေရာမှာ place ဆိုတဲ့ noun ကို first ဆိုတဲ့ စကားလုံး က အထူးပြုနေတယ်. ဘယ်လိုနေရာကို ရရှိတယ် ဆိုတာကို ဖော်ပြနေပါတယ်. ဒါကြောင့် first ဟာ adj ဖြစ်တယ်.

4. Verb (ကြိယာ)

ပြုခြင်းကိုဖြစ်စေ၊ ဖြစ်ခြင်းကိုဖြစ်စေ၊ ရှိခြင်းကိုဖြစ်စေ ပြသောပုဒ်ကို ကြိယာဟုခေါ်သည် လို့ မှတ်သားခဲ့ဖူးပါတယ်.

A word that indicates an action, being or state or being.

e.g. play, run, think, study, smell, wait, be, drive, announce, blog

U Mya feels proud of his daughter when she is chosen for the school’s choir.
(choir ဆိုတာက ကျောင်းတွေ၊ Church တွေမှာ အုပ်စုလိုက် သီချင်းဆိုတဲ့ အဖွဲ့မျိုးကို ခေါ်ပါတယ်.)

5. Adverb (ကြိယာဝိသေသန)

ကြိယာ၏နောက်မှဖြစ်စေ ရှေ့မှဖြစ်စေ ကြိယာ၏ အဓိပ္ပါယ်ကို လေးနက်စေရန် အထူးပြုသောပုဒ်ကို ကြိယာဝိသေသနဟု ခေါ်သည် လို့ မြန်မာသဒ္ဒါက ဆိုထားပါတယ်.

A word that is used to describe a verb which tells how, where, or when something is done.

e.g. carefully, often, very, intelligently, quite, too, rarely, never.

Since it is raining, Zaw Zaw drives his care carefully.

ဇော်ဇော်ကားမောင်းတယ်. ဘယ်လိုမောင်းလဲ. သတိထားမောင်းတယ်. ဒီနေရာမှာ carefully ဆိုတဲ့ စကားလုံးက drives ဆိုတဲ့ verb ကို အထူးပြုနေတယ်. ဘယ်လိုမောင်းတယ်ဆိုတာကို ဖော်ပြနေတယ်. ဒါကြောင့် carefully ဟာ adverb ဖြစ်တယ်.

Don’t be superstitious! Ghost never exists.

အယူမသည်းစမ်းပါနဲ့. သရဲဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး.

ဒီနေရာမှာ never ဆိုတဲ့ စကားလုံးက exists ဆိုတဲ့ ကြိယာကို အထူးပြုနေပါတယ်. မရှိခဲ့ဖူးဘူး. ဘယ်လိုမျိုးလဲ. ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူးလို့ အလေးအနက်ထားပြီး ပြောလိုက်တယ်. ဒါကြောင့် never ဟာ adverb ဖြစ်တယ်.

6. Preposition (ရှေ့ဆောင်ပုဒ် (၀ါ) ၀ိဘတ်)

ဝိဘတ်ဆိုတာ နာမ် (သို့မဟုတ်) နာမ်စားတစ်ခုရှေ့မှာ ထားရတဲ့ စကားလုံးဖြစ်ပါတယ်. ဘာကြောင့်ထားရသလဲ ဆိုရင် အဲဒီ့နာမ်၊ နာမ်စားနဲ့ အခြားနာမ်၊ နာမ်စားတို့ရဲ့ ဆက်သွယ်ပုံကို ဖော်ပြပေးဖို့ပဲ ဖြစ်ပါတယ်.

A word used indicating the relationship of a noun or pronoun to another word.

e.g. in, until, of, from, after, under, beyond, across, toward

The baby is in the cradle.

ကလေးငယ် ပုခက်ထဲမှာ ရှိနေတယ်. ဒီနေရာမှာ in ဆိုတဲ့ စကားလုံးဟာ ဘာကိုပြောသလဲဆိုတော့ ကလေးငယ်ဆိုတဲ့ နာမ်နဲ့ ပုခက်ဆိုတဲ့ နာမ်နှစ်ခုကြားက ဆက်သွယ်မှုကို ဖော်ပြနေပါတယ်. ဘယ်လိုဖော်ပြနေလဲ.

ကလေးငယ်ဟာ ပုခက်… ဘာလဲ….

ပုခက်ထဲမှာလား. ပုခက်ပေါ်မှာလား. ပုခက်အောက်မှာလား… in တဲ့ . ပုခက်ထဲမှာပါလို့ ပြောလိုက်တယ်. ဒီလိုမျိုး Noun နှစ်ခုရဲ့ ဆက်သွယ်မှုကို ဖော်ပြပေးလို့ in ဆိုတဲ့ စကားလုံးဟာ preposition ဖြစ်တယ်.

7. Conjunction (စကားဆက် (၀ါ) သမ္ဗန္ဓ)

စကားဆက်ဆိုတာ ဆက်သွယ်ပေးတဲ့ စကားလုံးပါ. စကားလုံးတစ်လုံးကို အခြားစကားလုံးတစ်လုံးနဲ့၊ ၀ါကျတစ်ခုကို အခြားဝါကျတစ်ခုနဲ့ ဆက်သွယ်ပေးပါတယ်.

A word that is used to join words or groups of words.

e.g. and, or, but, neither, because, while, since, although

Physics and Chemistry are science subjects.

Phyiscs နဲ့ Chemistry ဆိုတဲ့ နာမ်နှစ်ခုကို ဆက်ထားတယ်. ဒါကြောင့် and ဟာ conjunction ဖြစ်တယ်.

I can’t do this but I will do this because I love you so much.

ဒီနေရာမှာ စာကြောင်းသုံးကြောင်းရှိပါတယ်.

I can’t do this. I will do this. နဲ့ I love you so much ပါ.

အဲဒီ့သုံးကြောင်းကို ဆက်ထားပါတယ်. ဒါကြောင့် but နဲ့ because တို့ဟာ conjunction တွေဖြစ်ပါတယ်.

8. Interjection (အာမေဋိတ်)

စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ ပြင်းပြတဲ့ ရုတ်တရက် ခံစားချက်တွေကို ဖော်ပြဖို့ သုံးတဲ့ စကားလုံးတွေပါပဲ.

A single word used to express strong emotion.

e.g. Wow! Ah! Oh! No! Oh my God! Bravo! What a pity!

Wow! Look at that! It’s unbelievable. My blog is on google.

ကဲကဲ. ဒီလောက်ဆို အားလုံး သဘောပေါက်လောက်ပြီ ထင်ပါတယ်ခင်ဗျာ. မပေါက်သေးရင်လည်း နောက်တစ်ခေါက် ထပ်ဖတ်စေချင်ပါတယ်. မရှင်းလင်းတာများကို ကော်မန့်မှာ ၀င်ရောက်မေးမြန်းနိုင်ပါတယ်.

ဖတ်ပြီးရင်တော့ ဒီ exercise လေးကို ကြိုးစားဖြေကြည့်ပါခင်ဗျာ. အဖြေမှန်ကို နောက်ရက်မှာ တင်ပေးသွားပါမယ်.

ဒီအောက်က စာကြောင်းတွေမှာ ဘယ်ဟာက noun, pronoun, verb, conjunction စသည်ဖြင့် ခွဲခြမ်းစိတ်ဖြာဖို့ပါပဲ. ကဲ. စပါပြီ.

ဒီစာကြောင်းလေးတွေထဲမှာ အဆင့်မြင့်တဲ့ မြုပ်ကွက်လေးတွေလည်း ထည့်သွင်းထားပါသေးတယ်. ဘာကြောင့်လဲဆိုတော့ ဒီသင်ခန်းစာကိုလေ့လာနေသူများဟာ Level အမျိုးမျိုးဖြစ်နိုင်လို့ပါပဲ. အားလုံးတစ်စုံတစ်ခုကိုတော့ ရသွားစေချင်ပါတယ်. ဒါကြောင့် ကြိုးစားပြီး ဖြေဆိုကြည့်စေလိုပါတယ်ခင်ဗျာ.

1. Naing Ye comes from a rich family. He is well-raised by his father.

2. The poet writes poems while the composer composes the songs.

3. Ouch! Take it easy, man! It really hurts.

4. Among many actors, Arnold is not only the actor but also the politician.

5. Love is stronger than justice.

6. Art is a marriage of the conscious and the unconscious.

7. I saw a saw on a saw.

8. It takes a long time to become young.

9. Man is the only animal that laughs and has a state legislature. (Samuel Butler)

10. We forfeit three-fourths of ourselves in order to be like other people. (Arthur Schopenhauer)

11. Love is composed of a single soul inhabiting two bodies. (Aristotle)

12. As for me, all I know is that I know nothing. (Socrates)

13. A good decision is based on knowledge and not on numbers. (Plato)

14. I am not an Athenian or a Greek, but a citizen of the world. (Diogenes)

15. Character is long-standing habit. (Plutarch)


ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ.
ဦးဦးကထိက

Sunday, November 25, 2007

Idioms သင်ခန်းစာ (၁)


Contributor: Chaos
Translator: ဦးဦးကထိက

Idioms are phrases which we use to decorate our sentences with a combination of words. Words, themselves have their own meanings but when we combine them together, they only stand for one meaning.

Idiomatic phrases beautify English Language. It's not only simple but also easy to learn. The use of idioms is of great help to raise our level of English in everyday use.

Idioms ဆိုတာကတော့ sentences လေးတွေကို အလှဆင်ဖို့ သုံးတဲ့ စကားစုလေးတွေပါပဲ။ စကားလုံးလေးတွေ ကိုယ်တိုင်မှာ အဓိပ္ပါယ်တစ်မျိုးစီ ဆောင်ပေမယ့် ပေါင်းစပ်လိုက်တဲ့အခါကျရင်တော့ အဓိပ္ပါယ်တစ်ခု ထွက်လာပါတယ်. Idiom စကားစုလေးတွေဟာ အင်္ဂလိပ်ဘာသာစကားကို အလှဆင်တဲ့ အလင်္ကာလေးတွေလို့လည်း ပြောလို့ရနိုင်ပါတယ်. Idiom လေးတွေကို သင်ယူရတာ လွယ်လည်းလွယ်ပါတယ်. အင်မတန်မှလည်း ရိုးရှင်းပြီး ပျော်ရွှင်စရာလည်းကောင်းပါတယ်. အင်္ဂလိပ်စာကို အဆင့်မြင့်မြင့် သင်ယူတတ်မြောက်ချင်သူတိုင်းအတွက် Idiom လေးတွေကို နိုင်နိုင်နင်းနင်း အသုံးပြုတတ်ဖို့ သိပ်ကို အရေးကြီးပါတယ်.


A to Z

very thoroughly and completely
အစအဆုံး၊ အကုန်အစင်၊ တစ်လုံးတစ်ပါဒမျှမကျန် လို့ အဓိပ္ပါယ်ရပါတယ်.

He has studied Chinese from A to Z.

A1 (inf)

of the highest quality; very good.
ထိပ်တန်း အရည်အသွေးလို့ ဆိုလိုပါတယ်. A ဆိုတာက Alphabet တွေရဲ့ ပထမဆုံး စကားလုံးဖြစ်သလို 1 ဆိုတာကလည်း နံပါတ်တွေရဲ့ ပထမဆုံးဖြစ်ပါတယ်. ဒါကို တင်စားပြီး ယူထားတာပါ.

The products from this company can be said to be A1.

ABC

the simplest and most basic knowledge:
အခြေခံ လို့ ဆိုလိုပါတယ်.

This book gives you the ABC of C++ Programming.

About

month, week etc about
every alternate month, week:
ရက်ခြား၊ အပတ်ခြား၊ လခြား စသည်..

I go to Yangon and Taunggyi week about(One week i go to Yangon and one
week i go to Taunggyi

Be, get (a bit) above oneself

to have to acquire too high an opinion of oneself;
to be or become very conceited:
စိတ်ကြီးဝင်သည်. သွေးနားထင်ရောက်သည် လို့ ပြန်ဆိုနိုင်ပါတယ်.

She's got a bit above herself since she became the chairperson of the company.

of one's own accord

of one's own free will:
တစ်ပါးသူ၏ တိုက်တွန်းချက်မပါဘဲ မိမိသဘောအရ လို့ အဓိပ္ပါယ်ဆောင်ပါတယ်.

He did it of his own accord, without being forced to.

bring (smo) to account

to make sure that (a criminal etc)
pays for what he has done:
ကိုယ်လုပ်တာ ကိုယ်ခံရမယ် ဆိုတဲ့ သဘောမျိုးပါ.

This murderer must be brought to account.

by all accounts

in the opinion of most people
အများစုရဲ့ သဘောထားလို့ မှတ်ယူနိုင်ပါတယ်.

By all accounts, he's an excellent teacher.

call (someone) to account

to demand that (someone) explains what he has done and why, esp if
this was apparently wrong:
ခေါ်ယူသတိပေးခံရတာမျိုးကို ဆိုလိုပါတယ်.

He was called to account for his ridiculous behavior.

Tuesday, November 20, 2007

အားမာန်ပါတဲ့ ခြေလှမ်းသစ်များ...


အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

အင်္ဂလိပ်စာ အစီအစဉ်အတွက် Domain တစ်ခုဝယ်ပြီး စီစဉ်တင်ဆက်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်.

ဘလော့ဂ်အနေနဲ့ ရေးမယ်ဆိုရင်လည်း ရပါတယ်. ဒါဆိုရင်တော့ Free ရမယ်. ဘာမှ ထိန်းသိမ်းပြုပြင်နေစရာ မလိုပါဘူး. ဒါပေမယ့် Features ပိုင်းတွေကျတော့ Website တစ်ခုလောက် မစုံလင်တော့ပါဘူး.

Website အနေနဲ့ကျတော့ ပိုက်ဆံကုန်တာ တစ်ခုကလွဲရင် ကျွန်တော်တို့ လုပ်ချင်တဲ့ Features တွေ အကုန်ရနိုင်ပါတယ်. ဥပမာ. Forum ဖွင့်ပြီး ဆွေးနွေးတာတို့၊ Member တွေ Sign up လုပ်နိုင်တာတို့၊ Newsletter တွေ ယူနိုင်တာတို့ပေါ့.

အဲလိုမျိုး Features တွေကို ဘလော့ဂ်မှာ လုပ်လည်း ရနိုင်ပါတယ်. ဒါပေမယ့်ဗျာ. ကျွန်တော်ရေရှည်ကို ကြည့်လိုက်ပါတယ်…

ကျွန်တော်တို့ လုပ်မယ့် English Program ဟာ မြန်မာလူငယ်တွေကို အကျိုးပြုရမယ်. ပြည်တွင်းပြည်ပမှာ ရှိနေတဲ့ မြန်မာ လူကြီးလူငယ်မျိုးဆက်သစ် မျိုးဆက်ဟောင်းတွေ အတွက် Resource ကောင်းလေးတစ်ခု အဖြစ် ရှိနေရမယ်. ဒါတွေကြောင့် ဒီ အစီအစဉ်ကို Professionally လုပ်တာ ပိုသင့်တော်မယ်လို့ ယူဆပြီး Domain တစ်ခု ပိုင်ဆိုင်နိုင်ဖို့ ဆုံးဖြတ်လိုက်တာပါပဲ.

ကျွန်တော်တို့ မြန်မာလူငယ်တွေ မညံ့ကြပါဘူး. တကယ်ကို ထက်မြက်ပြီး နိုင်ငံတကာမှာ ရင်ဘောင်တန်း စွန့်စားနိုင်ကြပါတယ်. ဒါပေမယ့် အင်္ဂလိပ်စာမှာ အားနည်းမှုရှိနေကြတဲ့အတွက် တစ်ချို့နေရာတွေမှာ တက်လမ်းမပွင့်တာမျိုးလေးတွေ၊ တစ်ခြားနိုင်ငံသားတွေနဲ့ ပုခုံးချင်း မယှဉ်နိုင်တာလေးတွေကို တွေ့ကြုံကြားသိနေရပါတယ်. အဲဒါတွေကို ကျွန်တော် သိပ်ပြီး မခံချင်ဖြစ်မိပါတယ်ခင်ဗျာ.

အင်္ဂလိပ်စာအခြေခံ ကောင်းမွန်တဲ့ သူများအတွက်တော့ ဒီအစီအစဉ်ဟာ လိုအပ်မှာ မဟုတ်ပါဘူး. ဒါပေမယ့် ခင်ဗျားတို့ တတ်ထားသိထားတဲ့ ဗဟုသုတတွေကို တစ်ယောက်တည်း တစ်ဦးတည်း သိမ်းမထားဘဲ ကိုယ့်မျိုးဆက်၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအတွက် ဝေမျှပေးနိုင်မယ်ဆိုရင်တော့ ခင်ဗျားတို့တတ်ထားတဲ့ ပညာဟာ တကယ့်ကို အများအကျိုးပြု ပညာတစ်ခု ဖြစ်လာမှာပါ။ သူများကို သင်ပေးရင်း ကိုယ်လည်း ပြည့်ဝရင့်ကျက်လာနိုင်တဲ့ အစီအစဉ်ကောင်းတစ်ခုမို့ ပရဟိတအကျိုးစိတ်ဝင်စားတဲ့ မည်သူမဆိုအတွက် ဒီအစီအစဉ်လေးဟာ အခွင့်အရေးတစ်ခုပါပဲ.

ခင်ဗျားတို့အနေနဲ့ ဘာလုပ်ပေးရမလဲဆိုရင်တော့…

ကိုယ်တာဝန်ယူနိုင်တဲ့ ကဏ္ဍလေးတွေကို ပင်တိုင်ယူပြီး ရေးသားနိုင်ပါတယ်.

ကိုယ်ဖတ်ဖူးမှတ်ဖူးတဲ့ အင်္ဂလိပ်စာတို စာရှည်လေးများ၊ ဟာသလေးများကိုလည်း ဝေမျှနိုင်ပါတယ်.

Grammar, Structures စတာတွေကိုလည်း သင်ပေးနိုင်ပါတယ်.

အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ စာအုပ်ကောင်းလေးတွေကိုလည်း Download လုပ်နိုင်အောင် တင်ပေးနိုင်ပါတယ်.

TOEFL, SAT, IELTS, FCE စတဲ့ Standardized Test လေးတွေရဲ့ Winning Tricks လေးတွေကို ကိုယ့်အတွေ့အကြုံလေးတွေနဲ့ ရင်းပြီး ပြတ်ကျနေတဲ့ မျိုးဆက်သစ်လေးတွေကို တွဲခေါ်နိုင်ပါတယ်.

အိုဗျာ…

ကိုယ့်စိတ်ကူးကွန့်မြူးသလို ပါဝင်ကူညီရေးသားနိုင်ပါတယ်.

ဒီ Team မှာ ပါဝင်ဖို့အတွက် ခင်ဗျားမှာ ဒီဂရီတွေမလိုဘူး၊ ဘွဲ့တွေ မလိုဘူး၊ ပိုက်ဆံရှိစရာလည်း မလိုဘူး၊ ရုပ်ဆင်းအင်္ဂါတင့်တယ်လှပဖို့လည်း မလိုဘူး…

ဘာတွေလိုလဲ?

စေတနာလှဖို့လိုတယ်…. Team အနေနဲ့ အလုပ်လုပ်တတ်ဖို့ လိုတယ်…

နာမည်ရဖို့ မရဖို့ထက် တစ်ဖက်သားသိပါစေတော့ တတ်ပါစေတော့ ဆိုတဲ့ စေတနာမျိုး ထားနိုင်ဖို့လိုတယ်…

ဆရာကြီးလုပ်တဲ့ လေသံမျိုးမဟုတ်ဘဲ မောင်နှမလို၊ မိတ်ဆွေ သူငယ်ချင်းလို လက်တွဲခေါ်ယူလိုတဲ့ စိတ်ဓာတ်မျိုး ထားနိုင်ဖို့လိုတယ်.

ကဲ… ဒီလောက်ဆို ကျွန်တော်တို့ရဲ့ Team လေးအတွက် Basic Requirements တွေ ပြည့်စုံပါပြီ..

Website အတွက်ကိုတော့ လောလောဆယ် ကျွန်တော်ပဲ တာဝန်ယူပြီး တင်ပေးသွားပါမယ်. နောက်ပိုင်း ကူညီနိုင်မယ့်သူတွေ တွေ့ရင် သူတို့ကို Admin Board အဖွဲ့ထဲ တွဲခေါ်ပြီး အတူတကွ ထိန်းသိမ်းသွားပါမယ်.

ဒိုမိန်းအတွက် နာမည်ကို လိုက်ပြီးရှာကြည့်တော့ ပထမ ဒီလိုရိုက်ထည့်ပါတယ်.

English4u.com

ဒါပေမယ့် အဲဒီ့နာမည်က ယူပြီးသားဖြစ်နေတယ်. အဲဒါနဲ့ပဲ English4u.net, .org, စသည်ဖြင့် Extension လေးတွေကို ပြောင်းပြီး စမ်းကြည့်ပါတယ် မရပါဘူး English4you.com, Engish4you.net, English4all.com, English4all.net တွေကိုလည်း စမ်းကြည့်ပါသေးတယ်. အဲဒီ့ဒိုမိန်းနာမည်တွေကို ၀ယ်မရပါဘူး. တစ်ယောက်ယောက်က registered လုပ်ပြီးသားဖြစ်နေတယ်တဲ့…

ဒါကတော့ ကျွန်တော်ထပ်စမ်းထားတဲ့ ဒိုမိန်းလေးတွေပါ. မိမိတို့ ဆန္ဒရှိတဲ့ ဒိုမိန်းလေးတွေကို အကြံပြုတင်ပြပေးနိုင်သလို ရွေးချယ်ပေးနိုင်ပါတယ်.

ကျွန်တော်ကတော့ .com နဲ့ .net ကိုပဲ စမ်းပါတယ်. .org ကို မကြိုက်လို့ပါ. ကျွန်တော်ရိုက်မထည့်ထားတဲ့ extensions ဟာ registered လုပ်ပြီးသားဖြစ်နေလို့ပါလို့ မှတ်ယူစေချင်ပါတယ်ခင်ဗျာ…


English4future.com, English4future.net,

English4success.net

English4eureka.com, English4eureka.net
(Eureka ဆိုတာကတော့ ဂရိလို အောင်နိုင်ခြင်း (Success) လို့ အဓိပ္ပါယ်ရပါတယ်.)

လောလောဆယ် အဲဒီ့လောက်ပဲ စိတ်ကူးတွေ့သေးတယ်ဗျ. ကောင်းတဲ့ နာမည်လေးတွေရှိရင်လည်း ပြောပြနိုင်ပါတယ်ခင်ဗျာ.

အခုအချိန်ကစပြီး English စာနဲ့ပတ်သက်တဲ့ ပို့စ်လေးတွေကို ပို့နိုင်ပါတယ်. စတင်ပြီး လက်ခံနေပါပြီ. English Poem လေးတွေကိုလည်း ကြိုဆိုပါတယ်. ကိုယ်တိုင် မရေးနိုင်ရင်တောင် poem ကောင်းလေးတွေကို ကူးယူပေးပို့နိုင်ပါတယ်. Composer နာမည်နဲ့ ရယူခဲ့တဲ့ နေရာကိုတော့ ဖော်ပြပေးဖို့ မမေ့ပါနဲ့ခင်ဗျာ.

လောလောဆယ် Domain ကိစ္စ မပြီးပြတ်သေးခင်မှာ ပို့စ်လေးတွေကို စတင်နိုင်ဖို့ ဒီဘလော့ဂ်လေးကို ဖန်တီးထားပါတယ်. အဆင်ပြေတဲ့တစ်နေ့မှာ ပို့စ်လေးတွေအားလုံးကို Transfer လုပ်သွားပါမယ်ခင်ဗျာ. ဒါကြောင့် ကျွန်တော်တို့ရဲ့ ခြေလှမ်းဟာ ခုမှ စလှမ်းမှာ မဟုတ်ပါဘူး. စတင်နေပြီ ဖြစ်ပါတယ်.

မိမိတို့ရဲ့ ပို့စ်လေးများကိုလည်း တတ်နိုင်သလောက် ပေးပို့နိုင်ပါပြီ ခင်ဗျာ. ကိုယ်တိုင် မပို့နိုင်ရင်တောင် ဖတ်ဖူးမှတ်ဖူးခဲ့တဲ့ Link လေးတွေကို ပြောပြပေးပါ. ဘလော့ဂ်ပိုင်ရှင်ဆီကနေ ခွင့်ပြုချက်တောင်းခံပြီး ပြန်လည်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်.

နောက်ဆုံးပြောချင်တာကတော့…

ကျွန်တော်တို့ဟာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို တကယ်ချစ်တယ်ဆိုရင် ပါးစပ်ကချစ်ပြနေလို့ မရပါဘူး၊ ဝေဖန်လေကန်နေတဲ့ စကားလုံးတွေနဲ့ တိုင်းပြည်တစ်ခုကို မတည်ထောင်နိုင်ပါဘူး၊ ငြင်းခုန်စကားနိုင်လုနေခြင်းနဲ့လည်း ဘယ်အရာမှမပြီးမြောက်နိုင်ပါဘူး. အလုပ်နဲ့ပဲ တိုင်းပြည်တိုးတက်ကြီးပွားအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်. ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် အကျိုးရှိတာ သေချာမှန်ကန်ရင် ခင်ဗျားဟာ တိုင်းပြည်ကိုချစ်တဲ့၊ နိုင်ငံရေးသမားလို့ နာမည်မခံထားတဲ့ နိုင်ငံရေးသမားကောင်းတစ်ယောက်ပဲ ဖြစ်တယ်…

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်
aungyan@gmail.com

The journey of a thousand miles begins with a single step!