Wednesday, March 5, 2008

ဝါကျဖွဲ့စည်းပုံ..(၁)

အရင်ပို့စ်မှာ ၀ါကျဖွဲ့စည်းပုံလေးကို ပဏာမ ပြောသွားပါတယ်။

S+V+O(PTMR) ဆိုပြီး အလွယ်မှတ်ခဲ့ပါတယ်။
အဲဒီမှာမှ subject နဲ့ object တွေမှာ noun, pronoun နဲ့ singular, plural ပုံစံတွေ ထပ်မံသိဖို့ လိုအပ်သလို verb မှာလဲ verb to do, verb to be, helping verb နဲ့ phrasal verb တွေအကြောင်း verb တွေရဲ့ tense တွေအကြောင်း၊ active, passive ပုံစံတွေအကြောင်းလဲ ထပ်မံသိဖို့ လိုအပ်ပါသေးတယ်။ ပြီးတော့ ဒီ noun တွေ verb တွေကို ထူးခြားအောင် လာလုပ်ပေးတဲ့ adjectives, adverbs (နာမ၀ိသေသန၊ ကြိယာဝိသေသန) တွေ အကြောင်းလဲ ဆင့်ပွားသိရှိ အသုံးချရပါမယ်။ အဲဒါတွေကိုတော့ နောက်မှ ထပ်ပြီး ဆွေးနွေးပြောပြချင်ပါတယ်။

ဒီပို့စ်မှာတော့ verb to be နဲ့ ပါတ်သက်ပြီး be, am, is, are, was, were, been, being တွေရဲ့ အဓိပ္ပါယ် သက်ရောက်ပုံ ရှိသည်၊ ဖြစ်သည် ပေါ်မှာ မူတည်ပြီး အနောက်မှာ လိုက်တဲ့ noun သည် object အနေနဲ့ မဟုတ်တော့ပဲ complement(ဖြည့်စွက်ပုဒ်) အဖြစ် ခေါ်ဝေါ်သုံးစွဲပုံလေးကို ပြောပြချင်တာပါ။
ဥပမာ-
Mg Mg is a teacher.
မောင်မောင် သည် ဆရာ တစ်ယောက် ဖြစ်ပါသည်။
Mg Mg = Subject
is = verb to be
a teacher= complement (ကံပုဒ် object မဟုတ်တော့ပါ)။

နောက်ထပ် ဥပမာတခုအနေနဲ့ There was a very pretty girl in this ancient city. ဆိုပါတော့
ဤရှေးဟောင်းမြို့တော်တစ်ခုတွင် အလွန်လှပသော မိန်းကလေးတစ်ယောက် ရှိခဲ့သည်။
a very pretty girl = complement
There = subject
was = verb to be
in this ancient city = place(adverb)

အဲတော့ S+V+complement ဆိုပြီးဖြစ်ပါတယ်။
နားလည်လွယ်ပါတယ်နော်။

တလက်စတည်း adjective လို့မခေါ်ဝေါ်ပဲ Nouns in position (မြန်မာလို ဘယ်လိုခေါ်ပ၊ သိရင်ပြောပေးကြပါဦး)
အနေနဲ့ အသုံးပြုတဲ့ ပုံစံတခုကို ပြောပြချင်ပါတယ်။
အဲဒါကတော့ ကိုယ်ပိုင်နာမ်(private noun) တခုကို ထူးခြားအောင် ဖေါ်ပြချင်တဲ့ အခါမျိုးမှာ နာမ၀ိသေသနနဲ့ တွဲဖက်ဖေါ်ပြလို့ မရပဲ အဲဒီ nouns in position ပုံစံလေးနဲ့ အသုံးပြုရပါတယ်။
ဥပမာ- Mg Mg, a young business man, donate 10,000 $ to MBS for fire rescue fund.
မြန်မာလိုမှာတော့ လူငယ်စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ မောင်မောင်သည် မီးဘေးကယ်ဆယ်ရေး ရံပုံငွေအတွက် ဒေါ်လာ တစ်သောင်းကို MBS သို့ လှူဒါန်းပါသည်။ အဲလို ရေးလို့ဖြစ်ပေမဲ့
အင်္ဂလိပ်လိုမှာကတော့ မောင်မောင်ကို တိုက်ရိုက် adjective နဲ့ အထူးပြုဖေါ်ပြလို့ မရတဲ့ အတွက် ကော်မာခံပြီးမှ အဲလို ဖြည့်စွက်ဖေါ်ပြသွားရပါတယ်။ ဘာသာပြန်တဲ့အခါမှာတော့ မောင်မောင်သည် မီးဘေးကယ်ဆယ်ရေး ရံပုံငွေအတွက် ဒေါ်လာ တစ်သောင်းကို MBS သို့ လှူဒါန်းပါသည်။ မောင်မောင်ဆိုသည်မှာ လူငယ်စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်ပါသည် ဆိုပြီး နှစ်ကြောင်း အဓိပ္ပါယ် ပြန်ရပါမယ်။

နောက်ဥပမာ တခု ထပ်စဉ်းစားကြည့်ရအောင်နော်။
Mandalay, the second largest city, was the last Kingdom of the Myanmar Dynasty before the British took over.
အဲဒီမှာ မန်းလေးကို ဒုတိယအကြီးဆုံးမြို့တော်ဆိုပြီး ဖြည့်စွက် အထူးပြုသုံးနှုံးထားတာပါ။

စကားစပ်တုန်း ဘာသာပြန်တာလေးရဲ့ အစီအစဉ်ကိုလဲ ပြောပါရစေ။
အင်္ဂလိပ်မှာ subject, verb, object တွေနဲ့ ၀ါကျထဲမှာ ပါဝင်မှုတွေကို ABC လို့ အစဉ်လေးလုပ်ကြည့်ရင် မြန်မာလို ဘာသာပြန်တဲ့ အခါ CBA အဖြစ်ဘာသာပြန်ရပါမယ်။ လောလောဆယ်မှတ်ရုံမှတ်ထားပေးပါ။ နောက်များ ကြုံရင် ဥပမာလေးနဲ့ တကွ တင်ပြပါမယ်နော်။

လာဖတ်သွားရင် ကျမပြောသွားတဲ့ ထဲက လိုအပ်ချက်လေးများတွေ့ခဲ့ရင် ညွှန်ပြဝေဖန်အကြံပေးသွားကြပါဦးလို့..
ကျေးဇူးတင်ပါတယ်။

3 comments:

giant_kicker said...

ကျွန်တော် ၈ တန်း အရွယ်လောက်တုန်းက noun in apposition ဆိုတာကို နာမ်တူ ယှဉ်ထပ်ခြင်းဆိုပြီး ကဗျာလေးတစ်ပုဒ်နဲ့  နားလည်လွယ်အောင် ဆရာက သင်ပေးခဲ့ပါတယ်။
အခု နည်းနည်းကြီးလာတော့ အဲဒါကိုပဲ appositive ဆိုပြီး သင်ရပြန်ပါတယ်.. renaming the noun လို့  ပြောတာပါပဲ။ မှတ်မှတ်ရရ appositive အများစုက adj clause ကနေ ဆင်းလာတာမိုလို့  adj phrase ပေါ့ဗျလို့  ဆရာမနဲ့  ငြင်းဖူးပါသေးတယ် ဟား ဟား.. တကယ်တော့ ဘယ်ဟုတ်မလဲ၊ appositive က noun တဲ့ဗျာ။ နားကို မလည်နိုင်ပေါင်။

raincloudco said...

အရမ်းကောင်းပါတယ်။ လေ့လာခွင့်ရလို့ ကျေးဇူးလဲတင်ပါတယ်။ ဆက်ရေးပေးပါနော်.........

Unknown said...

CBA ကိုလက်မခံပါဘူး... ACB ဆိုရင်တော့လက်ခံပါတယ်....ပြီးတော့ ဒါက အကြမ်းဖျင်းလို့ပဲ မှတ်ယူပါတယ်