Sunday, November 16, 2008

alone / lonely

တစ်လနေမှ တစ်ပုဒ်တင်ပေးနိုင်တယ်။ စိတ်မကောင်းပါဘူး။ အခုဆိုရင် ဒီဘလော့လေးမှာ လေ့လာတဲ့သူတွေလဲ အတော်လေးကို များလာပါပြီ။ စာဖတ်သူရှိနေခြင်းက စာရေးသူရဲ့ အားတစ်ရပ်ပါပဲ။ တတ်နိုင်သလောက်တော့ တင်ပေးနိုင်အောင် ကြိုးစားပေးနေဦးမယ်။ နောင်တစ်ချိန် အကြောင်းအမျိုးမျိုးကြောင့် ပို့စ်အသစ်တွေ မတင်ပေးနိုင်ခဲ့တော့ရင်လဲ အားလုံးကို နားလည်ခွင့်လွှတ်ပေးပါလို့ ကြိုတင် မေတ္တာ ရပ်ခံပါရစေနော်။ ဒီတစ်ခေါက် ပို့စ်လေးကတော့.

Alone ဆိုတဲ့ စာလုံးကို Adj အနေနဲ့ သုံးနိုင်သလို Adv အနေနဲ့လဲ သုံးနိုင်ပါတယ်။ ဘယ်လိုပဲသုံးသုံး သူ့အဓိပ္ပါယ်ကတော့ ဘယ်လူတစ်ဦးတစ်ယောက်မှ မရှိနေပဲ ကိုယ်တစ်ယောက်ထဲ ရှိနေတာကို ဆိုလိုတာပါ။

For example: "He likes living alone."
ဥပမာလေးကို ကြည့်မယ်ဆိုရင် သူသည် တစ်ယောက်တည်း နေရခြင်းကို ကြိုက်နှစ်သက်သည်။

"I think we're alone now."
ဒီ Example လေးမှာကျတော့ တစ်ခြားဘယ်သူမှ မရှိတော့ဘဲ နှစ်ယောက်ထဲပဲ ကျန်ခဲ့ခြင်းကို ဆိုလိုတာပါ။

Lonely ကတော့ Adj ဖြစ်တယ်။ ဒါက ရှည်ရှည်ဝေးဝေး ပြောမယ်ဆိုရင် ကိုယ်နားမှာ တစ်ခြား ဘယ်သူမှမရှိတော့တဲ့ အတွက် စိတ်မချမ်းမြေ့နေဘူး။ တစ်နည်းအားဖြင့် အထီးကျန်နေခြင်းကို ဆိုလိုတာပါ။

For example: "Mother feels lonely now because all the children have left home."
အမေက အထီးကျန်နေတယ်….ကလေးတွေ အကုန်လုံး အိမ်မှာရှိမနေလို့…

တစ်ခုသတိထားရမှာက ကိုယ်က တစ်ယောက်တည်းရှိနေခြင်းကို အထီးကျန်နေခြင်း ဖြစ်တယ်လို့ မဆိုလိုပါဘူး။ တစ်ယောက်တည်း ကျန်ခဲ့ပေမယ့် အထီးကျန်ချင်မှကျန်မယ်။ တစ်ခါတစ်ခါ အများနဲ့ ရှိနေပေမယ့်လည်း ကိုယ်က အထီးကျန်တယ်ဆိုတဲ့ ဝေဒနာရဲ့ နှိပ်စက်ခြင်းကို ခံခြင်းလဲခံနေရမယ်။ ဒါကြောင့် alone လို့ပြောတိုင်း lonely မဖြစ်နိုင်ဘူး။ ဒါကတော့ ဒီစာလုံးနှစ်လုံးရဲ့ ကွာခြားချက်လေးပါပဲ။

စာလာဖတ်သူအားလုံး ရွှင်လန်းချမ်းမြေ့တဲ့ နေ့သစ်များစွာကို ပိုင်ဆိုင်နိုင်ပါစေ။
May all readers have a bright future. As learning is a never ending process, the more we learn the more we realize that we don't have enough knowledge. That's how learning makes people keep alive.Thanks to all readers.
chaos

8 comments:

emphasis said...

ကို/ဦးရန်အောင် ရေ များများလေး တင်ပေးပါအုံး

Unknown said...

များများတင်ပေးပါနော်

ral said...

ကျေးဇူး

Anonymous said...

ကျေးဇူပါနော်....များများလေးတင်ပေးပါအုံးနော်......

Anonymous said...

ကျေးဇူပါနော်..များများလေးတင်ပေးပါနော်...

ye`linn said...

ကျေးဇူးတင်ပါတယ်ခင်ဗျာ..........
ဒီလို့လေးများများတင်ပေးပါနော်..........

ကျေးဇူးတင်လျက်ပါ....

tunlin said...

thanks brother for your post

wakandacabler said...

Schick Quattro Titanium, Stainless Steel, 5 oz. | Titanium Arts
Schick titanium cross necklace Quattro Titanium Stainless Steel, 5 titanium pans oz. | Titanium Arts Our snow peak titanium spork glass-based glass design is inspired by ancient titanium wedding ring cultures and galaxy watch 3 titanium our