Thursday, October 4, 2012

Work Vs Works

Work က ရေတွက်လို့မရသော (uncountable noun) ဖြစ်လို့ s ထဲ့သုံးလို့မရပါဘူး။ ဒါကြောင့် သူ့ကို Many, few အစရှိတဲ့ Plural (အများ)  မှာ တွဲသုံးတဲ့ စာလုံးတွေနဲ့ သုံးရင် မမှန်တော့ဘူး။ 

e.g., I have many works to do.

ဒီစာကြောင်းဟာ သဒ္ဒါ အထားအသို၊ သဒ္ဒါ စည်းကမ်းနဲ့ မညီပါဘူး။ အဲ့ဒီအစား ရေတွက်လို့မရသော  (uncountable noun) နဲ့ တွဲသုံးတဲ့ Much, little တို့နဲ့ သုံးမယ်၊ s ကိုဖြုတ်ထားမှသာ မှန်ပါမယ်။ ဒီလိုလေး သုံးလို့ရတယ်။             e.g., I have much work to do.

နောက်တစ်ခုက a lot of ဆိုတဲ့ စကားစုက ရေတွက်လို့ရသော (countable noun)၊ ရေတွက်လို့ မရသော (uncountable noun) နှစ်မျိုးလုံးနဲ့ တွဲသုံးလို့ ရတယ်။ Countable နဲ့ သုံးရင် s, es တွေ ထဲ့ပေးမယ်၊ Plural ကို ပြောင်းပေးမယ်။ ဒါပေမယ့် Uncountable နဲ့သုံးရင် သူ့ Grammar Rule အရ s,es မထဲ့ပါဘူး။ ဒါကတော့ a lot of ရဲ့ သုံးပုံသုံးနည်းလေးပါ။ 

e.g., I have a lot of things to do today.
        I have a lot of free time during these days.

ခုနက work အကြောင်းကို ပြန်ပြောရအောင်။ တစ်ချို့သော နေရာတွေမှာ works ဆိုပြီး သုံးနိုင်တယ်။ ဘယ်လို အခြေအနေတွေလဲ ဆိုရင်..  စက်ရုံ (factory) နဲ့ သက်ဆိုင်သော ဒါမှမဟုတ် စာရေးဆရာ၊ ပန်းချီဆရာ တွေရဲ့ အနုပညာ လက်ရာတွေ အကြောင်းကို ပြောမယ်ဆိုရင်တော့ သူ့ကို Plural အနေနဲ့ သုံးလို့ရတယ်။ 

e.g., The works of Shakespeare are remarkable. 

ဒါကတော့ စာရေးဆရာရဲ့ လက်ရာတွေကို ပြောတဲ့ အနေနဲ့ သုံးထားတယ်။

e.g., The steel works could be seen from miles.

ဒီဥပမာလေးကတော့ စက်ရုံနဲ့ ဆိုင်တဲ့ အခြေအနေ၊ အရာဝတ္ထုတွေကို ညွှန်းတဲ့ အချိန် သုံးထားတာပါ။



ခုရေးတဲ့ စာတွေထဲက တစ်ခုခု မသိသေးတာကို ဖတ်မိသွားလို့ မှတ်မိသွားမယ်ဆိုရင် ကျေနပ်ပါပီ.

ခေးရော့စ် 



No comments: