Monday, December 3, 2007

7 PROVERBS AND THEIR MEANINGS

A "proverb" is a short, traditional saying in general use. It usually expresses some obvious truth or familiar experience.

Here are some proverbs that are well known in English, though some of them come from other languages. The meanings given are generally accepted meanings, though other interpretations may be possible.

အခုပြောမယ့် စကားပုံတွေမှာ သိပြီးသားတွေလည်းပါမှာပါ။ တခြားအဓိပ္ပာယ်နဲ့လည်း ယူလို့ရပါသေးတယ်တဲ့။

1. "Don't cross your bridges before you come to them."

မုန့်ဆီကြော်က ဘယ်နေမှန်းမသိ၊ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား ဆိုတဲ့အဓိပ္ပာယ်ပါ။ မူရင်းစကာပုံမှာက တံတားဆီတောင်မရောက်သေးဘဲ ကူးဖို့ရာ ပြင်မနေနဲ့လို့ဆိုထားပါတယ်။
Don't worry about problems before they arrive.

2. "Soon learnt, soon forgotten."

ခပ်ပေါ့ပေါ့သဘောထားရင် မတတ်ဘူး။ စာမေးပွဲနီးမှ တစ်ပွဲတိုးကျက်တာ အဓိပ္ပာယ်ကို အကျအနမသိတော့ မေ့တယ်ပေါ့။ စာကျက်ရင် ရလွယ်တယ်၊ မေ့လွယ်တယ်။
Something that is easy to learn is easy to forget.

3. "Even a worm will turn."

မဟုတ်တာလုပ်ရင် ဘယ်သူမှ ခေါင်းငုံ့မခံဘူး။ မူရင်းစကားပုံမှာ တင်စားတာက ခြေလက်မရှိတဲ့ တီကောင်တောင် ပြန်ခံပက်လိမ့်မယ်ဆိုတာပါ။
Everybody will revolt if driven too far.
* worm (noun) = တီကောင်/small thin animal with soft body and no legs
* turn (verb) = ပြန်ပက်၊ ငုံ့မခံ/revolt, fight back

4. "It was the last straw that broke the camel's back."

အရာရာမှာ အတိုင်းအတာရှိတယ်။ အတိုင်းအတာတစ်ခုကို ကျော်လာရင် လက်မခံနိုင်ဘူးလို့ ဆိုလိုတာပါ။ မူရင်းစကားပုံမှာ ကုလားအုတ်ကို ခါးကျိုးစေတာ ယုတ်ဆွအစုံး ကောက်ရိုးရဲ့ ပယောဂတောင်မကင်းဘူး လို့ဆိုထားပါတယ်။ လေးလွန်းလို့ ခါးကျိုးသွားတာ ကောက်ရိုးပေါ့တယ်ဆိုပေမယ့် သူလည်းပဲ တရားခံလို့ ပြောချင်တာ။ ဘူးလေးရာ ဖရုံဆင့် ဆိုတာမျိုးပေါ့။
There is a limit to everything.
* straw (noun) = ကောက်ရိုး/dried stalk of grain (like grass)
* camel (noun) = ကုလားအုတ်/large long-necked animal in the desert

5. "The way to a man's heart is through his stomach."

အချက်အပြုတ်ကောင်းတဲ့ မိန်းမကို စွဲတယ်တဲ့။ ကောင်းကောင်းမွန်မွန်ပြုစု၊ ချက်ပြုတ်ကျွေးမွေးခြင်းအားဖြင့် ယောင်္ကျားဖြစ်သူကို ထိန်းထားနိုင်တယ်လို့ပြောချင်တာ။ နေ့စဉ်ချက်ကျွေးရမယ်လို့ မတောင်းဆိုကြပေမယ့် ကိုယ့်မိန်းမ အချက်အပြုတ်ကောင်းတယ်ဆိုရင် ယောင်္ကျားတိုင်း ဂုဏ်ယူချင်ကြတာပဲလေ။

Many women have won a man's love by cooking good meals.
* way (noun) = နည်းလမ်း၊ ချဉ်းကပ်ရာလမ်း/path; route

6. "Where there's a will there's a way."

ဒါကတော့ သိကြပါတယ်..လိုလျှင်ကြဆ နည်းလမ်းရ လို့ဆိုတာပါ။
If we are determined to do something, we can do it.
* will (noun) = ဆန္ဒ/strong determination, desire.
* way (noun) = နည်းလမ်း/path, method

7. "The best advice is found on the pillow."

နဖူးပေါ်လက်တင်ပြီးစဉ်းစား ဆိုတဲ့ မြန်မာစကားလိုပါပဲ။ အိပ်ယာပေါ်လှဲနေမှ နဖူးပေါ်လက်တင်နိုင်တာလေ။ မတ်တပ်ကြီး တင်လို့မှ မရတာ။ ဦးနှောက်ကို အနားပေးပြီး စဉ်းစားယူလို့ပြောတာ။ မူရင်စကားပုံမှာတော့ အကောင်းဆုံးအကြံဥာဏ်တွေဟာ ခေါင်းအုံးပေါ်မှာ နေရင်းရတာလို့ ဆိုလိုပါတယ်။
We may find the answer to a problem after sleeping.
* advice (noun) = အကြံဥာဏ်/recommendation as to what to do
* pillow (noun) = ခေါင်းအုံး/cushion to rest your head on sleeping
နောက်မှထပ်ဆုံမယ်
MM Thinker

No comments: