Saturday, December 1, 2007

Everyday Expressions in English 1

ဆရာဦခင်မောင်လတ်ရေးတဲ့ Everyday Expressions in English ဆိုတဲ့စာ ၁၁ ကြိမ်မြောက် ပြန်လည်ထုတ်ဝေရတဲ့ စာအုပ်ဖြစ်ပြီး တော်တော်ကောင်းပါတယ်။ မူရင်းက အင်္ဂလိပ်လိုပဲရေးပြီး အင်္ဂလိပ်လိုပဲ ရှင်းထားတာပါ။ နောက်ပိုင်းထုတ်တွေမှာ မြန်မာပြန်ထည့်ပေးပေမယ့် မကြိုက်တဲ့သူတွေရှိပါတယ်။ ဒီစာအုပ်ကို ဆိပ်ကမ်းသာလမ်းမှာ အင်္ဂလိပ်စာသင်တန်းဖွင့်ထားတဲ့ ဆရာဦးထွန်းစိန်က သင်ရိုးထားကာ နှစ်နဲ့ချီပြီး Class တစ်ခုအဖြစ်သင်ပါတယ်။ ကျနော် သူ့ဆီမှာ ဒီစာအုပ်ကို သင်ယူဖူးပါတယ်။ `ဒီစာအုပ်ဖတ်တာ စာအုပ် ၁၀ အုပ်၊ ၁၅ အုပ်ဖတ်တာနဲ့ ည်ီမျှတယ်´လို့ ဆရာကြီးဦးခင်မောင်လတ်က ပြောခဲ့ကြောင်း ဆရာဦးထွန်းစိန်ထံမှတဆင့် မှတ်သားဖူးပါတယ်။

ဆရာကြီးဦးခင်မောင်လတ်ဆိုတာ စာရေးဆရာမကြီးဒေါ်ခင်မျိုးချစ်ရဲ့ ခင်ပွန်းပါ။ ဒီစာအုပ်ဟာ လေ့လာရမယ် It is a must. လို့ ဆရာကြီးက နိဒါန်းမှာ တိုက်တွန်းထားပါတယ်။ အင်္ဂလိပ်မူရင်းက ဆရာကြီးရဲ့ စာအုပ်အတိုင်းဖြစ်ပြီး မြန်မာလို အနက်ပေး၊ ဆွေးနွေးချက်ရေးမှာကတော့ ကျနော် MM Thinker ဖြစ်ပါတယ်။


Unit အစဉ်လိုက်မဟုတ်ပဲ ရောက်မိရောက်ရာ Unit ကနေ ကျနော်ရေးသွားပါမယ်။ နေ့စဉ်သုံး အပြောကို ရေးမှာမို့လို့ စကားပြောဟန်နဲ့ ရေးသွားပါမယ်။ အရေးဟန်ကိုလည်း အလျဉ်းသင့်သလို ဆွေးနွေးပါမယ်။

ပထမဆုံး စပြောရရင်တော့ ၁၁ ကြိမ်မြောက်ထုတ် စာအုပ်မျက်နှာဖုံးက အလွဲပါ။ Everyday အစား Every Day လို့ မှားရေးထားပါတယ်။

Every day-adv-နေ့တိုင်း
Everyday-adj-နေ့စဉ်အသုံးပြုသော

  1. to be well-read - စာကြေအောင်လုပ်တာ။ စာတကယ်တတ်အောင်လုပ်တာ။

-You must not only pass your examinations but also be well-read.
-စာမေးပွဲအောင်ရုံတင်မဟုတ်ဘူး၊ စာကြေအောင်လုပ်ရမယ်။

-You must have have read much.
-You must have read many book.

  1. to be well-timed - အချိန်ကိုက်။

-The action taken by the government is very well-timed.
-အစိုးရကအရေးယူဆောင်ရွက်တာ အချိန်ကိုက်ပဲ။

-It is opportune.
-It is done at a very suitable moment.

(well-timed, opportune)

3. to be well-tried - ပွဲတွေ့နည်း။ သေချာသောနည်း။

-This is an old well-tried method.
-ဒီနည်းကပွဲတွေ့နည်း။

-This method has often been tried with a good result.

  1. to be well-worn - ဖန်တရာတေနေသော။ ဆီသည်မလက်သုတ်။ ဓာတ်ပြားဟောင်း။

-I never use a well-worn phrase.
-ဖန်တရာတေနေတဲ့စကားလုံးတွေ မသုံးဘူး။

-I don’t like common-place words and phrases.
-They have been used too often by people.

  1. a white lie - မုသားမပါလင်္ကာမချော။ ရွှီးသည်။ အဆင်ပြေသလိုကြည့်ပြောသည်။

-You have to tell a whit lie sometimes in order to be polite.
-ယဉ်ကျေးသမှုဖြစ်အောင် တစ်ခါတလေ ရွှီးတန်တာရွှီးရမယ်။

-It is a small, harmless lie.

(a white lie, small and harmless lie)

  1. on the whole – (စကား)ဒါပေမယ့် ပြောရရင်တော့။ (စာ)သို့သော်လည်း တကယ်တမ်းတွင်။

-He may drink sometimes, but he is a good man on the whole.
-တခါတလေ အသောက်အစားလေးတော့ရှိတယ်။ ဒါပေမယ့်ပြောရရင်တော့ လူကောင်းပါ။

-Taking everything into consideration, he is a good man.

(on the whole, taking everything into consideration)

**`ခြုံပြောရရင်တော့´လို့ အနက်ပေးလည်းရပါတယ်။ ကျနော်က မြန်မာလို တွေးပြောတာပါ။

  1. as a whole - ဖြန်းပြီးကြည့်။ ခြုံကြည့်။ တစ်ခုလုံးအနေနှင့်။

-We must consider these matters as a whole.
-ဒီကိစ္စတွေကို ဖြန်းပြီးကြည့်ရမယ်။

-We must think of these things all together, not separately.

(as a whole, all together)

  1. a wild goose chase - တံလျှပ်ရေထင် ရွှေသမင်အလိုက်မှား။

-A wild goose chase is a fruitless search.
-တံလျှပ်ရေထင်ပြီး လိုက်နေရင်တော့ အချိန်ကုန်၊ အချည်းနှီးပဲ။

-It is a search for something that can be found.

(a wild goose chase, fruitless search)

**သူတို့ အဖြူတွေကတော့ တောဘဲတွေကို အမဲပစ်လိုက်တာနဲ့ တင်စားပြီးပြောတာပါ။


နောက်မှထပ်ဆုံမယ်။

No comments: