Tuesday, December 4, 2007

အဓိပ္ပာယ် မတူသော စကားလုံးများ-၂

ဒီတစ်ပတ်မှာတော့ carry ရဲ့ အတွဲလိုက် အဓိပ္ပာယ် တွေကို တင်ဆက်ပေးထားပါတယ်။ နောက်တစ်ပတ်မှ နောက်အသစ် တစ်ခု တက်တာပေါ့။



1) (be/get) carry (somebody) away - စိတ်လှုပ်ရှား၍ စိတ်မထိန်းနိုင်ဖြစ်သည်

Eg.The crowd were carried away by his passionate speech.

သူ့ ရဲ့အားပါလှတဲ့ မိန့် ခွန်းက လူထုကြီးကို စိတ်လှုပ်ရှားစေတယ်။

2) carry (something) off ခက်ခဲတဲ့ ကိစ္စကို လုပ်ဆောင်ရာတွင် အောင်မြင်သည်

Eg. She was nervous about giving a talk to her colleagues, but she carried it off very well.

သူမက သူ့ ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို မိန့် ခွန်းပြောဖို့ စိတ်ပူခဲ့ပေမယ့် ကောင်းကောင်း အောင်မြင်အောင်လုပ်နိုင်ခဲ့တယ်။

3) carry (something) on (CONTINUE) ဆက်လက် လုပ်ဆောင်၊ ဆက်လက် လုပ်ဆောင်စေသည်

Eg. Let's carry on this discussion at some other time.

ဒီဆွေးနွေးချက် ကို နောက်တစ်ချိန်ချိန်မှာ ဆက်ကြတာပေါ့။

Eg. Sorry to interrupt, do carry on (with what you were saying).

ဖြတ်ပြောရတာ အားနာပါတယ်။ (မင်းတို့ ပြောနေတာ) ဆက်ပြောပါ။

4) carry on (BEHAVE) စိတ်လှုပ်ရှား၊ စိတ်အားတက်ကြွ နေသည်

Eg. The children have been carrying on all day.

ကလေးတွေက တနေ့ လုံး စိတ်လှုပ်ရှား တက်ကြွနေတယ်။

5) carry on (HAVE SEX) ညားနေသည်

Eg. Is it true that Rachel and Marcus have been carrying on (with each other) ?

Rachel နဲ့  Marcus ညားနေကြတယ်ဆိုတာ ဟုတ်လား။

6) carry (something) out (တာဝန်ခံထားသည့် အရာ၊ တာဝန်ပေးထားသည့် အရာ) လုပ်၊ ပြီး သည်

Eg. Don't blame me, I'm only carrying out my orders/instructions.

ငါ့ကို အပြစ်မတင်ပါနဲ့ ။ ငါကတော့ ငါ့တာဝန်ရှိတဲ့အတိုင်း လုပ်ရတာ။

7) carry (something) over (DO LATER) အချိန်ရွှေ့ သည်

Eg. The performance has had to be carried over to/till next week because the repairs to the theatre aren't finished yet.

ဇာတ်ရုံကြီး ပြင်ဆင်နေတာ မပြီးသေးလို့ ကပွဲကို နောင်အပတ်ထိ အချိန်ရွှေ့ ထားတယ်။

8) carry (something) over (EXIST/AFFECT) အခြေအနေတစ်ခုမှ အဖြစ်အပျက်ကို နောက်အခြေအနေ တစ်ခုတွင် ပါဝင်ပတ်သက်ခွင့်မပြု

Eg. I try not to let my problems at work carry over into my private life.

ငါ ရုံးကပြဿနာတွေကို ငါ့ ကိုယ်ရေးကိုယ်တာဘ၀ထဲ သယ်မလာဖို့ ကြိုးစားတယ်။

9) carry (somebody) through (sth) (HELP) ခက်ခဲသော အခြေအနေကို ရင်ဆိုင်နိုင်အောင် အားပေးသည်။

Eg.The soldiers' courage carried them through.

စစ်သားတွေရဲ့သတ္တိက သူတို့ ကို ရင်ဆိုင်နိုင်စေတယ်။

10)carry(something) through (COMPLETE) ကိစ္စတစ်ခု အောင်မြင်စွာ ပြီးဆုံးသည်

Eg. It is doubtful whether it will be possible to carry through the education reforms as quickly as the government hopes.

ပညာရေးကို ပြုပြင်ပြောင်းလဲဖို့ ကိစ္စအောင်မြင်ဖို့  အစိုးရ မျှော်လင့်ထားသလို မြန်မြန်ပြီး နိုင်မလား ဆိုတာကတော့ သံသယဖြစ်ဖွယ်ပါပဲ။

11)carry the can မအောင်မြင်၊ မှားယွင်းသော ကိစ္စကို ခေါင်းခံသည်။

Eg. As usual, I was left to carry the can.

ထုံးစံအတိုင်း ငါပဲ ခေါင်းခံလိုက်ပါမယ်။

12)carry a torch for (somebody) ချစ်ကြိုက်သည်

Eg. Terry has been carrying a torch for Liz for years, but she seems not to notice.

Terry က Liz ကို ကြိုက်နေတာ ကြာလှပေမယ့်  Liz ကတော့ သိတောင်သိပုံမရဘူး။

13)carry/take coals to Newcastle -ပေါများသောဒေသသို့ သွား၍ပစ္စည်းထောက်ပံ့ခြင်း

Eg. Exporting pine to Scandinavia seems a bit like carrying coals to Newcastle.

စကင်ဒီနေးဗီးယားကို ထင်းရှူးပင်ပို့ မယ်ဆိုတာကတော့ နယူးကာဆယ်ကို မီးသွေးပို့  (တရုပ်ပြည်ကို အပ်ရောင်းသွား) သလို ဖြစ်နေမှာပေါ့။

14)as fast as your legs would carry you မြန်နိုင်သမျှမြန်မြန်

15)fetch and carry for (somebody) တောက်တိုမယ်ရလုပ်ပေးရသည်

ကျေးဇူးတင်ပါတယ်


No comments: