၁) ရည်မှန်းချက်ရှိရမယ်။
ကိုယ့်မိခင်ဘာသာစကားကလွဲပြီးတော့တခြားဘာသာစကားသင်တယ်ဆိုမှတော့တစ်ခုခုလုပ်ချင်လို့ပေါ့။ ဒါကတော့ရှင်းပါတယ်။ တစ်ချို့က နိုင်ငံခြားသွားဖို့၊ တစ်ချို့က နိုင်ငံခြားသားတွေနဲ့စီးပွားရေးလုပ်ဖို့၊ တစ်ချို့ကျပြန်တော့လည်း ဒီလိုပဲဘာသာစကားတစ်မျိုးထက်ပိုပြီးတော့သိချင် တတ်ချင်တာနဲ့သင်တာပါ။ ဘယ်လိုပဲဖြစ်ဖြစ်ရည်မှန်းချက်ရှိဖို့တော့လိုပါတယ်။ ဘာလို့လဲဆိုတော့ တော်တော်များများက သင်တာသင်တယ်။ ကိုယ်ဘာလို့သင်မှန်းမသဲကွဲဘူး။ သူများသင်လို့၊ မိဘက အသိုင်းအ၀ိုင်းကတိုက်တွန်းလို့ဆိုပြီး သင်နေကြတာများပါတယ်။ အဲလိုမျိုးဆိုရင် အထိန်းအကွပ်မရှိပဲ စာလုပ်ချင်မှလုပ်မယ် ကျောင်းတက်ချင်မှတက်မယ် တက်ရင်လည်းစိတ်မပါ တာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါကြောင့်ဘာပဲဖြစ်ဖြစ် ဘာသာစကားတစ်မျိုးကိုသင်မယ်ဆိုရင်ရည်မှန်းချက်တစ်ခုထားပါ။ ငါကတော့ဘာလုပ်မယ် ဘာဖြစ်ရမယ်ဆိုပြီးတော့ပေါ့။
၂) မကြောက်ပါနဲ့
မကြောက်ပါနဲ့ဆိုတာထက် မတွန့်ဆုတ်ပါနဲ့ဆိုပိုမှန်ပါတယ်။ စာသင်နေချိန်အတွင်း ပြောမှားဆိုမှား
ရေးမှား မှာမကြောက်ပါနဲ့။ မစိုးရိမ်ပါနဲ့။ အားလုံးကကိုယ့်လိုပဲမတတ်လို့လာတက်နေကြတာပါ။ အားလုံးတန်းတူပါပဲ။ ပြောဆိုဖို့မကြောက် မတွန့်ဆုတ် မှသာ တတ်မြောက်မှာပါ။ ကလေးလေးတွေ ဘာသာစကားသင်ရင် တတ်မြန်တယ် သင်ရတာလွယ်တယ်ဆိုတာ သူတို့က အမှားလုပ်မိမှာဝန်မလေးကြလို့ပါ။
မှားတာ မှန်တာတွေကိုလည်းသူတို့ကမသိကြတော့ ပြောလိုက်ဆိုလိုက်၊ သူတို့မှားရင်လူကြီးတွေကပြင်ပေးလိုက်နဲ့ အတတ်မြန်သွားတာပါ။ အကယ်၍များအမှားလုပ်ဖို့တွန့်ဆုတ်နေရင် အမှန်ကိုမသိနိုင်တော့ပါဘူး။ ဒါဆိုရင် သေသေချာချာမတတ်နိုင်တော့ပါဘူး။ ပြောပါ လုပ်ပါ ရေးပါ။ မှားမှာ မကြောက်ပါနဲ့။ မတွန့်ဆုတ်ပါနဲ့။ မှားရင်းနဲ့ အမှန်တွေအများကြီးတတ်လာမှာပါ။
၃) အချိန်ပေးပါ
ဘာသာစကားအသစ်တစ်မျိုးသင်တာမပြောနဲ့ဦး ရိုးရိုးကျောင်းစာတွေကိုတောင်အချိန်ပေးပြီးတော့
လုပ်ရသေးတာပါပဲ။ အသစ်ဆိုရင်ပိုဆိုးပါတယ်။ အချိန်သက်သက်တစ်ခုပေးပြီးတော့ လေ့ကျင့်ပါ။ နွှေးပါ။ ကြိုဖတ်ပါ။ လေ့ကျင်ရင် စာတွေကိုမှတ်မိပြီး နွှေးလိုက်ရင် ပိုပြီးတော့စွဲသွားပါတယ်။ ကြိုဖတ်ပါဆိုတာက ကိုယ်ကနောက်နေ့သင်မယ့်စာကိုကြိုသိနေရင် အတန်းမတက်ခင်စာကိုကြိုဖတ်ပါ (ဥပမာ။ Chapter-1 သင်လို့ပြီးလို့ နောက်နေ့ Chapter-2 သင်မယ်ဆိုတာကိုကြိုသိနေရင်)။ အတန်းထဲမှာစာသင်တဲ့အခါ အရမ်းအထောက်အကူပြုပါတယ်။ အချိန်ပေးရဖို့အခက်အခဲရှိနေရင် နေ့တိုင်း မနက် နာရီဝက်၊ ည နာရီဝက်
၎) နောက်မကျသေးပါ
ငယ်ငယ်တုန်းကသင်ဖို့အခွင့်အရေးမပေးခဲ့ပဲ ကြီးလာမှသင်ဖို့ အကြောင်းဖန်လာရင် စိတ်ဓာတ်မကျပါနဲ့။ ဟာ ငါကကြီးပြီ သင်ဖို့မလွယ်တော့ဘူး ငယ်ငယ်တုန်းကဆိုရင်သိပ်ကောင်းမှာပဲဆိုပြီး
မတွေးပါနဲ့။ ကိုယ့်မှာရည်မှန်းချက်ရှိပြီး တကယ်တတ်ချင်ရင် တတ်မှာပါ။ အသက် (၃၀) (၄၀) အရွယ် အင်္ဂလိပ်နိုင်ငံသားစစ်စစ်တွေတောင် သူတို့ဘာသာစကားနဲ့ဆန့်ကျင်ဘက်လိုဖြစ်နေတဲ့ တရုတ်စာကိုသင်တာ အသံထွက်တွေတောင်အရမ်းပီတဲ့အထိပြောတတ်ကြပါတယ်။ အရမ်းကိုထူးချွန်ကြပါတယ်။ သူတို့လိုဆန့်ကျင်ဘက်
ဘာသာကိုတောင် ဒီလိုအသက်အရွယ်တွေက ကောင်းကောင်းမွန်မွန်တတ်မြောက်ကြတယ်ဆိုရင် ကိုယ်လည်းအားငယ်စရာမလိုပါဘူး။
၅) ကြိုးစားပါ။
ရည်မှန်းချက်ရယ် အချိန်ရယ် ကြိုးစားအားထုတ်မှုရယ် အားလုံးပေါင်းလိုက်ရင်တော့တစ်နေ့ကျရင် ဧကန်မုချအောင်မြင်မှာပါ။ အားလုံးပဲတစ်နေ့ကိုယ်ရည်မှန်းထားသလို အောင်မြင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
ဝင်္ကပါ
6 comments:
ကိုရန်ရေ
တော်တော်ကောင်းတဲ့အားပေးစကားလေးနော်
ဟုတ်တယ်
တစ်ချို့ သူငယ်ချင်းတွေ
အမြဲပြောတယ် အသက်ကြီးပီ စာမလုပ်ချင်တော့ဘူးဆိုတာလေ
ကျွန်မ အမြဲတမ်း စိတ်မကောင်းဘူး အဲ့လိုကြားတဲ့အချိန်တိုင်း တစ်ခုခုပြန်ပြောချင်တဲ့စိတ်ကို
မနည်းချိုးနှိမ်ထားရတယ်
ဟုတ်တယ်ဗျာ.
ကျွန်တော်လည်း ဒီစကားလေးကို သဘောကျတယ်.
အဲ. ပြောရဦးမယ်ဗျ.
ဒီပို့စ်လေးကို ကျွန်တော်ရေးတာမဟုတ်ဘူး. ရေးတဲ့ ကာယကံရှင်ကိုယ်တိုင် Label မှာ နာမည်လေး တပ်ပေးထားစေချင်ပါတယ် ခင်ဗှာ.
ခင်မင်လေးစားလျက်
ရန်အောင်
ကိုရန်အောင်ရေ ဆောရီးနော်။ သမီးသတိမထားမိလိုက်လို့။ အခုပဲ တပ်လိုက်မယ်။ ကျေးဇူးတင်တယ်နော်။
chaos>> မမရေ comment အတွက်ကျေးဇူးနော်။
ဝင်္ကပါရေ
အနှစ်သာရရှိပြီး ထိရောက်တဲ့ အကြံဥာဏ်လေးတွေ အားပေးစကားတွေ အတွက် အားလုံးကိုယ်စားကျေးဇူးတင်ပါတယ်။
နောက်လည်း အခုလို စာမျိုးလေးတွေ တင်ပေးပါဦး
လူငယ်ရော လူကြီးတွေပါ အသိပညာ တိုးပွားစေမဲ့နည်း လေးပဲဖြစ်ပါတယ်။
အခုလိုမျိုးရေးတတ်အောင် ဘယ်လိုလေ့လာသင်ယူမှု တွေလုပ်ပါသလဲလို့လည်း အင်တာဗျူးချင်ပါတယ်
ကျေးဇူးတင်လျက်
thet> ကျေးဇူးတင်တယ်နော်ကော့မန့်လေးအတွက်။
စာပြန်တာတောင်နောက်ကျသွားတဲ့အတွက်တောင်းပန်
ပါတယ်နော်။အသုံးဝင်တယ်ဆိုတော့ဝမ်းသာပါတယ်။
အင်တာဗျူးမယ်ဆိုတော့ မြှောက်သွားပြီ။ :D
အင်း ဘယ်လိုလဲဆိုတော့ ကျောင်းကဆရာမတွေပြောတာရယ်၊ ကျောင်းသားတွေဘယ်လိုလုပ်လဲဆိုတာရယ်၊ ကိုယ့်အတွေ့အကြုံတွေရယ်အားလုံးပေါင်းရေးထားတာပါ။ အဓိကကတော့ အောင်မြင်တဲ့လူတွေကိုသူတို့ဘယ်လိုကြိုးစားကြလဲဆိုတာကိုကြည့်ပြီးတော့ မှတ်ထားလိုက်ပြီး အားလုံးစု ရေးထားတာပါ။ နောက်ရေးပါဆိုတော့ ဟုတ်ကဲ့ပါ နောက်အခွင့်ကြုံရင်ရေးပါ့မယ်။ ကျေးဇူးအများကြီးတင်ပါတယ်နော်။
Post a Comment