Saturday, December 8, 2007

အီဒီယမ်သင်ခန်းစာ(၃)

catch (someone) in the act
to discover (someone) in doing something wrong
တစ်စုံတစ်ယောက် မဟုတ်တရုတ် လုပ်နေတာကို တွေ့ရှိသွားခြင်း။
e.g., The burglars were caught in the act of climbing in through a window.
ပြတင်းပေါက်ကို ကျော်ဝင်နေသော ဖောက်ထွင်းသူများကို ဖမ်းမိသွားခဲ့သည်။

get one's act together
to get oneself organized:
ကိုယ့်ကိုယ်ကို စေ့စပ်စီမံတတ်ခြင်း။
e.g.,If you're ever going to find a job you'll have to start getting your act together.
တကယ်လို့သာ အလုပ်တစ်ခုကို ရှာဖို့ကြိုးစားနေတယ်ဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကို စီမံတတ်ရတော့မယ်။


get in on the act
to join or copy someone in doing something successful or fashionable, esp in order to share in his or her success:
အထူးသဖြင့် တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုရဲ့ အောင်မြင်မှု၊ ခေတ်ရေစီးကြောင်းတွင် ပါဝင်ခြင်း၊ အတုယူခြင်း။
e.g.,Now that it is obvious that the computer industry is very profitable, a lot of companies are anxious to get in on the act.
အခုတော့ သိသာထင်ရှားသွားပီ၊ ကွန်ပျူတာ ကုမ္ပဏီတွေ အကျိုးအမြတ်ရတာနဲ့ မြောက်များစွာသော ကုမ္ပဏီများသည် ခေတ်ရေစီးကြောင်းတစ်ခုကို လိုက်ပါ အတုယူဖို့ စိတ်လှုပ်ရှားစွာ ပါဝင်ဖို့လုပ်နေကြပီ။

put on an act
to pretend:
ဟန်ဆောင်ခြင်း။
e.g.,I thought she had hurt herself, but she was only putting on an act.
သူမ ကိုယ့်ကိုယ်ကို ထိခိုက်တယ်ထင်နေတာ လက်စသတ်တော့ ဟန်ဆောင်နေတာကိုး။

action station
a state of readiness for activity:
လှုပ်ရှားမှု တစ်ခုခုမှာပါဝင်ဖို့ အဆင်သင့်ဖြစ်နေသော။
e.g.,Action station! The concert is about to begin!
အသင်ပြင်ထားကြပါ။ မကြာမီ ဂီတဖျော်ဖြေပွဲ စတင်ပါတော့မယ်။

Adam's ale
water:
ရေကိုဆိုလိုခြင်း။
e.g.,We have no wine__you'll just have to have Adam's ale.
ငါတို့မှာ သောက်စရာ ဘာဝိုင်မှမရှိဘူး......ရေပဲသောက်ရတော့မယ်။

not to know (someone) from Adam
not to recognize (someone); not to have any idea who (someone) is:
တစ်စုံတစ်ယောက်ကို မသိခြင်း၊ သူနဲ့ပါတ်သက်၍ မထင်မြင်မသုံးသပ် တတ်ခြင်း။
e.g., John may have been at the party, but I wouldn't know him from Adam.
ဂျွန် ပါတီပွဲမှာ ရှိရင်ရှိနေမယ်၊ ငါသူနဲ့ပါတ်သက်ပြီး သေချာကို မသိဘူး။

အားလုံးအဆင်ပြေကြမယ်လို့ ထင်ပါတယ်။ နောက်မှ ပြန်တွေ့မယ်လေနော့။

chaos







No comments: